Thursday, September 27, 2007

တိုက်ရိုက် အမြန် မော်တော်ယာဉ် လိုင်းသစ်

တောင်ကြီးမြို့မှာရှိတဲ့ Transportation System မှာ ပါတဲ့ Bus ကား လိုင်းတွေ အများစုက မြို့မဈေးမှာ စုံရပ်အဖြစ်ထားကြ ပါတယ်။ တောင်ကြီးမြို့ ရဲ့ မြောက်ဘက်ကနေ တောင်ဘက်အခြမ်းကို သွားချင်တဲ့သူတွေက မြို့မဈေးမှာ ကားပြောင်းစီးကြရ ပါတယ်။ လိုင်းကားနှစ်ဆင့်စီးမှ လိုရာခရီးကို ရောက်ပါမယ်။ ဒါမှမဟုတ်လဲ လမ်းလျောက်သွား ကြရပါမယ်။ နောက်တစ်ခုက လိုင်းကားတွေဟာ များသောအားဖြင့် လူစုံမှ ထွက်ကြတယ်လို့ သိရပါတယ်။ အခုတော့ ကားလိုင်း အသစ် တိုင်ရိုက် ယာဉ်လိုင်း (၃)ခု စီစဉ်ပေးလိုက်တယ်လို့ သိရပါတယ်။

အလှည့်ကြ Time Stamp နဲ့ ထွက်မယ်လို့ သိရပါတယ်။ အဲ့ဒီ လိုင်းအသစ်တွေကြောင့် အရင်ကထက် လမ်းလျှောက်ရတာ၊ ကား စောင့်ရတာ၊ ဆိုင်ကယ် လိုအပ်တာတွေ လျော့ကျကောင်း လျော့ကျသွားမယ်လို့ ယူဆထားကြ ပါတယ်။ နောက်ဆိုရင် Hilux Bus ကားတွေ နေရာမှာ Mini Bus တို့ Bus ကားကြီးတွေ ဖြစ်လာပြီး ခရီးသွားတွေ အားလုံးအတွက် သက်တောင့်သက်သာနဲ့ ပိုအဆင်ပြေလာမယ်လို့ ထင်ပါတယ်။