မြင့်အောင်နိုင် (ပန်းလောင်မြေ) ရေးသားသော ``သာယာလှပ တောင်ကြီးဂေါက်ကလပ် ´´ဆောင်းပါးမှ ကူးယူဖော်ပြပါသည်။

ဂေါက်ကွင်းသည် (၉)ကျင်းသာရှိပြီး အမှတ် (၁)မှ (၉)အထိ အနီရောင် Marker များဖြင့်လည်းကောင်း၊ (၁၀)မှ (၁၈) အထိ အ၀ါရောင် Marker များဖြင့်လည်းကောင်း သတ်မှတ်ထားပါသည်။တောင်ကြီးဂေါက်ကွင်း ကျင်းများတည်ရှိပုံများမှာ
ကျင်းအမှတ် (၁/၁၀) Par 4, 412/418 Yards

ကျင်းဘယ်ဘက် တီခုံမှစ၍ ဂရင်း နောက်ထိ OB ရှိပြီး ဖဲဝေးသည် ညာမှ ဘယ်သို့ တံတောင်ဆစ်ချိုး ဖြစ်သည်။ တီခုံမှ ကိုက် ၂၀၀ အကွာ၌ ဖဲဝေး ဘန်ကာတစ်ခုနှင့် ဂရင်း ညာဘက်နှင့် ဂရင်း ရှေ့ ဘယ်ဘက်တွင် ဘန်ကာတစ်ခုစီ ရှိပါသည်။ ဖဲဝေးဘယ်ညာ၌ ယခင်က ယူကလစ်တောများ ရှိနေခဲ့ရာ ယခုအခါ ထင်းရှူးပင်များဖြင့် အစားထိုး စိုက်ပျိုးထားပါသည်။
ကျင်းအမှတ် (၂/၁၁) Par 5, 570/540 Yards

ကျင်းညာဘက်တွင် အမှတ် (၁/၁၀)ဂရင်း ညာဘက် အနီး ဖဲဝေးလိုင်းမှ ကိုက် ၂၅၀ခန့်အထိ OB ရှိပြီး တီခုံ ရှေ့တည့်တည့်၏ ဘယ်ဘက်တွင် ညောင်ပင်ကြီးတစ်ပင် ရှိပါသည်။ ထိုညောင်ပင်ရှေ့ဖဲဝေး ဘယ်ဘက်တွင် ရေကန်တစ်ခုရှိပြီး နေနှတ်မြောင်းတစ်လျှောက် ဂရင်းနောက်ဘက်ထိနှင့် ဂရင်းဘယ်ဘက်တွင် ရေကန်တစ်ခုရှိပါသည်။ Lateral Water Hazard အဖြစ် သတ်မှတ်ထားပါသည်။ ဖဲဝေး ညာဘက်တွင် ထင်းရှူးပင်ငယ်များ စိုက်ပျိုးထားပါသည်။ ဖဲဝေးအတွင်း တီခုံမှ ကိုက် ၃၂၀ခန့် အလည်တည့်တည့်တွင် ပနားမားငုစပ် အပင်တစ်ပင်နှင့် ဂရင်းမရောက်မှ ကိုက် ၁၀၀ခန့်၌ အလျားလိုက် ဘန်ကာတစ်ခု၊ ဂရင်းညာဘက်နှင့် ဘယ်ဘက်တွင် ဘန်ကာတစ်ခုစီရှိပါသည်။
No comments:
Post a Comment