Sunday, October 14, 2007

၂၀၀၇ ခုနှစ် အင်းလေးဖောင်တော်ဦး ဘုရားပွဲ

အင်းလေးဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ်

အင်းလေးဖောင်တော်ဦး ဘုရားပွဲတော်ကို ညောင်ရွှေမြို့မှာ အောက်တိုဘာ ၁၂ရက်နေ့မှ စတင်ကျင်းပနေပြီ ဖြစ်ပါတယ်။


အင်းလေး ဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ်များ ဒေသစာရီကြွချီ အပူဇော်ခံရာတွင် အင်းလေးကန် အတွင်းရှိ ကျောင်းဆောင်များမှ တဆင့် ၁၈ရက်နေ့ မနက် ၉နာရီ၌ ညောင်ရွှေမြို့ ဖောင်တော်ဆိုက် ပြသာဒ်သို့ ဆိုက်ရောက်မှာ ဖြစ်ပါတယ်။ အဲ့ဒီနောက် ကရ၀ိတ်ဖောင်တော်ပေါ်မှ ဘော်ယဉ်တော်ပေါ်သို့ ပင့်ဆောင်ပြီး အဌဒိသာဓမ္မ၀ိဟာရ ကျောင်းတော်ကြီးသို့ ကြွချီကာ ၂၀ရက်နေ့အထိ ကိန်းဝပ် ပူဇော်ခံမှာ ဖြစ်ပါတယ်။

၎င်းနောက် ၂၀ရက်နေ့ မနက် ၇နာရီမှ စ၍ ညောင်ရွှေမြို့ပါတ်ဝန်းကျင်ရှိ ကျောင်းတော်များသို့ လှည့်လည် ကြွချီပူဇော်ခံပြီး ၂၉ရက်နေ့ မနက် ၉နာရီတွင် အင်းလေး ဖောင်တော်ဦးဘုရား ရာတနာ စံကျောင်းတော်ကြီး ပေါ်သို့ ပြန်လည် ကိန်းဝပ်မှာ ဖြစ်ပါတယ်။

ဖောင်တော်ဦးဘုရား ရုပ်ပွားတော်မြတ်အား ကရ၀ိတ်ဖောင်တော်ဖြင့် ပင့်ဆောင်ခြင်း၊ ပန်း၊ ရေချမ်း၊ ရွှေသင်္ကန်းတော်များ ဆပ်ကပ်ပူဇော်ခြင်းများနှင့် ကြည်ညို သဒ္ဓာပွားများ ဖူးမျှော်နိုင်ပါရန် ဖော်ပြပေးလိုက် ပါတယ်။

ဘုရားပွဲတော်အတွင်း အလက် ၅၀၊ ၁၀၀ ခြေထောက်နဲ့ လှော်ခတ်ရမည့် ဖောင်တော်ဦးဘုရား လှေပြိုင်ပွဲကြီး ကိုလဲ ကျင်းပမှာ ဖြစ်ပါတယ်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ဒေသစာရီကြွချီ အပူဇော်ခံမည့် အစီအစဉ်ကိုလည်း ပူးတွဲဖော်ပြလိုက် ပါတယ်။

4 comments: