Monday, October 22, 2007

မွေတော်ကက္ကူ ပုံများ



မွေတော်ကက္ကူ နဲ့ ပါတ်သတ်ပြီး ဓာတ်ပုံတွေ တော်တော်များများ တင်ပေးခဲ့ပြီးဖြစ်ပါတယ်.. ဒါပေမဲ့လဲ အခုတစ်ခါကတော့ သမားရိုးကျ မြင်တွေ့နေကြမဟုတ်တဲ့ ပုံတွေကို ဂျောင်ဂျိုဂျောင်ဂျားတွေ သွားပြီး လိုက်ရိုက်ထားပါတယ်.. လက်မှုပညာနဲ့ ပြုလုပ်ထားတဲ့ ရုပ်ပုံတွေကို အဓိကထားပြီး ရိုက်ဖြစ်ခဲ့တဲ့ပုံတွေ ဖြစ်ပါတယ်.. ခါတိုင်း ရိုက်ဖြစ်ခဲ့တာကလဲ ဘုရားတွေ အနှံ့ မပါပါဘူး.. အခုတစ်ခေါက်မှာတော့ ရှိတဲ့နေရာတွေ အဆုံရောက်အောင် သွားပြီး ရိုက်ယူခဲ့တာပါ..

နောက်ပြီး ဘုရားစေတီတွေ ကြားထဲမှာ ရင်ပြင်တော်ခင်းနေတာလဲ တွေ့ခဲ့ရပါတယ်.. အရင်ကဆိုရင် စေတီတော်တွေ တစ်ဆူနဲ့ တစ်ဆူကြားထဲမှာ လမ်းမရှိလို့ သွားရတာ ခက်ပါတယ်.. အခုတော့ တစ်ချို့နေရာတွေ Block တွေမှာ အုတ်နဲ့ ကြမ်းခင်းနေတာကြောင့် တော်တော်လေးလဲ အဆင်ပြေပါတယ်.. လှူဒါန်းလိုသူတွေကလဲ 1 Block ကို ၈၀၀၀၀ကျပ်နဲ့ လှူဒါန်းနိုင်ပါတယ်.. ဘုရားဝန်းထဲမှာရှိတဲ့ နေရာကွက်လပ်တွေတိုင်းကို ကြမ်းခင်းမယ်လို့ သိရပါတယ်.. နောက်ပြီး ပြင်ဆင်ဖို့ ကျန်ရှိနေသေတဲ့ စေတီတော် အရေအတွက်ကလဲ (၃၀၀) ကျော်တောင် ကျန်နေသေးတယ်လို့ သိရပါတယ်.. စေတနာ သဒ္ဒါပေါက်သူများ လှူဒါန်းနိုင်ဖို့ သတင်းကောင်းပါးလိုက်ပါတယ်..

ကျွန်တော်လဲ Camera တစ်ခုကိုင်ပြီး ရူးများရူးသွားပြီလား မသိတော့ပါဘူး.. မြင်သမျှအရာတွေကို လိုက်ရိုက် ချင်စိတ်ဖြစ်တာ ထိန်းလို့ကိုမရဘူး.. တွေ့တာတွေ အကုန်လုံး လိုက်ရိုက်နေတော့ အခြားမြင်တဲ့သူတွေကတော့ ဘယ်လို ထင်မလဲ မသိတော့ဘူး.. :)

7 comments:

နေလင်း said...

ကိုရဲရေ..ဘယ်သူမှ ဘယ်လိုမှ မထင်ပါဘူး...ရိုက်သာရိုက်..အားပေးတယ်...ကျွန်တော်တို့ လို အဝေးရောက်နေတဲ့ သူတွေအတွက်တော့ ကိုရဲရဲ့လက်ရာတွေက အရမ်းတန်ဖိုးရှိပါတယ်...နောက်ထပ်များစွာကို အားပေးနေပါတယ်...

ကိုချမ်း said...

ကိုရဲ ရေ

ရိုက်သာရိုက်ဗျို့ ။ တန်ဆောင်တိုင် ကျရင်လဲ
ရိုက်ရဦးမှာနော် :)

Ma Yangon Thu said...

ကိုရဲမြန်မာရေ.. အဲဒီလိုမှန်းသိရင် ဘုရားအမှတ်စဉ် ၆၆၄ ကို ဓာတ်ပုံ ရိုက်ခိုင်းလိုက်ပါတယ်.. ဘုရားပြင်ဖို့ လှူထားပြီးပေမယ့် အခုထိ ပြင်ပြီးသား ဘုရားကို မမြင်ဖူးသေးဘူး။ ကိုယ်လှူဒါန်းထားတဲ့ ဘုရားကို ကြည့်ချင်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ကိုရဲမြန်မာကိုတော့ ဘုရားဓာတ်ပုံတွေအတွက် ကျေးဇူးတင်ပါတယ်။

Khin said...

ရှေးဟောင်းဘုရာတွေပြုပြင်ရင် ကိုင်တွယ်မှုအလွန်အရေးကြီးပါတယ်။ ရှေးကအုတ်ကျိုးအုတ်ပျက်ဟာအလွန်တန်ဘိုးရှိပါတယ်။

ပုဂံမှာ အုတ်အသစ်တွေ ကိုထိပ်ဖူးတွေတင်လို့ နိုင်ငံခြားသားများရင်ကျိုးကြပါတယ်။
အရမ်းမပြုပြင်ကြရန်ပန်ကြားလိုပါတယ်။ ရှေူးကအပျက်တိုင်းထားပြီး

ပေါင်းမျက်ဘဲရှင်းပေးပါ။

Anonymous said...

Thanks for this Photo
Me

Anonymous said...

Well done Ko Thura. Thanks a lot for the pictures. You did right things - for sharing the historical architecture skill in Pagoda.

raybanoutlet001 said...

nfl jerseys wholesale
ray ban sunglasses
oakley sunglasses
louboutin shoes
nike air max 90
snapbacks wholesale
raiders jerseys
christian louboutin uk
cheap jordans
bottega veneta