Saturday, October 13, 2007

အိမ်တွင်းဖြစ် လက်မှုပညာ



ကျွန်တော် ရှမ်းပြည်ထဲ ခရီးသွားတုန်းက မြို့တစ်ခုရောက်ရင်း အိမ်တွင်းဖြစ် လက်မှု ယွန်းဘူးလုပ်တာကို တွေ့ဖြစ်ခဲ့ ပါတယ်.. ဘိုးစဉ်ဘောင်ဆက် သင်ယူတတ်မြောက်လာကြတဲ့ ပညာလို့ ဆိုရမှာပေါ့.. အဲ့ဒီ အိမ်မှာ အသက်တော်တော်လေး ကြီးပြီဖြစ်တဲ့ ရှမ်းအဖွားတစ်ယောက်က အားတဲ့ အချိန်လေးမှာ ယွန်းဘူးတွေ ယက်လုပ်ရင်း ၀င်ငွေရနေတယ်လေ.. အဲ့ဒီ အဖွားက မြန်မာလိုလဲ မတက်ဘူး.. သူလုပ်ထားတဲ့ ယွန်းဘူးတွေ၊ ကွမ်းအစ်တွေ၊ လင်ဘန်းတွေကလဲ အများကြီးပဲ ကျွန်တော်တွေ့လိုက်တော့ အံ့သြမိသေးတယ်.. ကျွန်တော်သာဆိုရင် အဲ့ဒီလောက် လုပ်နိုင်လိမ့်မှာ၊ လုပ်ဖြစ်လိမ့်မှာ မဟုတ်ဘူး.. လက်မှုပညာဆိုတာကလဲ စိတ်ရှည် ၀င်စားပြီးလုပ်ရမှာ မဟုတ်လား..

ယွန်းအစ်တစ်ခု ဖြစ်ဖို့ ဆိုတာကလဲ လွယ်မှာ မဟုတ်ဘူး.. အဆင့်တွေ တစ်ခုပြီးတစ်ခု ဖြတ်ကျော်ရဦးမှာလေ.. တစ်ခုတစ်ခု ပေါင်းစပ်ရင်းနဲ့ပဲ တဖြည်းဖြည်း ရုပ်လုံးဖော်ယူရမှာ ဆိုတော့.. အင်း ကျွန်တော်သာဆို ဘူးသေးသေး လေးတစ်ခု ကိုယ့်လက်နဲ့ကို ဖန်တီးဖို့ အဖြစ်ရှိမှာ မဟုတ်ဘူး.. ထားပါတော့..

အဲ့ဒီ အဖွားကတော့ သူ့ရဲ့ ကျန်သေးတဲ့ အချိန်တွေကို မဖြုန်းဘဲ အကျိုးရှိရှိ သုံးနေတယ်ဆိုတော့ အပျင်းလဲ ပြေ၊ တန်ဖိုးလဲ ရနဲ့ အဆင်ကိုပြေနေတာပဲ.. သူလုပ်ထားတဲ့ ပစ(စ)ည်းတွေက သပ်သပ်ရပ်ရပ်လေးတွေနဲ့ လက်ရာ ကောင်းပါတယ်.. အဲ့ဒါနဲ့ပဲ ကျွန်တော်တို့ တစ်ဖွဲ့လုံး သူလုပ်ထားသမျှတွေ အားလုံးဝယ်လိုက်ပါတယ်.. ဒါပေမဲ့ အဲ့ဒီမှာ ပြသနာက တက်ခဲ့သေးတယ်..

ရှမ်းချင် ဆိုတာနဲ့ တိုးခဲ့ရတယ်လေ.. ကျွန်တော်တို့က တစ်ခုကို ဘယ်လောက်ဘယ်မျှနဲ့ စာရင်းပေါင်းပြီး အဖွားကို ပိုက်ဆံရှင်းတော့ သူကလုံးဝလက်မခံဘူးလေ.. ကျွန်တော်တို့ကလဲ အဖွားကို ပိုပိုသာသာလေး ပေးထားပါတယ်.. ဒါပေမဲ့ သူက ကျွန်တော်တို့ ပေါင်းတာကို မရှင်းဘူး.. အဲ့ဒါနဲ့ပဲ သူ့စိတ်ကြိုက် ပြန်တွက်ခိုင်းတော့ သူက ဘယ်လို လုပ်တယ် အောက်မေ့သလဲ.. ပေးထားတဲ့ ပိုက်ဆံကို ဘူးတစ်ခုဆီအတွက် ခွဲပြီး ကြမ်းမှာ ချတယ်.. ၃၀၀၀တန်ဘူးအတွက် ၃၀၀၀ကျပ်နဲ့ ဘူးနဲ့ တွဲတယ်.. ၅၀၀၀ တန်ဆိုရင် အဲ့ဒီဘူးအတွက် ၅၀၀၀ ဖယ်တယ်.. နောက် တစ်မျိုးဆိုရင်လဲ အဲ့ဒီလို ပိုက်ဆံကို ခွဲခွဲပြီး ပုံလိုက်တာ ဘူးတွေလဲ ကုန်တော့ သူ့လက်ထဲ ကျွန်တော်တို့ ပိုပေးထားတဲ့ ၃၊ ၄ ရွက် ကျန်တော့တယ်.. အဲ့ဒီလို ရှင်းလိုက်မှ သူကလဲ စိတ်ချမ်းသာ သွားတော့တယ်လေ..

ကျွန်တော်တို့ဆိုရင် ပေါင်းနေရသေးတယ်.. သူ့နည်းက မပေါင်းပဲ ခွဲလိုက်တော့လဲ ဟုတ်သွားတာပဲ.. အဲ့ဒီမှာ ကျွန်တော်တို့ တတွေ စိတ်ရှည်ရှည်နဲ့ သူ့စိတ်ကြိုက် တွက်ခိုင်းလိုက်တော့မှပဲ အားလုံး အဆင်ပြေ သွားတော့တယ်.. အဲ့ဒီနေ့က အဖြစ်အပျက်ကတော့.. မှတ်မှတ်ရရပါပဲ.. အဲ့ဒီတုန်းက တွေ့ခဲ့ရတဲ့ ဘူးလုပ်တဲ့ အဆင့်လေးတွေကို ဓာတ်ပုံရိုက်ပြီး ယူခဲ့လိုက်တာမို့ ပြန်ဖော်ပြလိုက်ပါတယ်..