Monday, October 15, 2007

အောင်ပန်းဈေးတန်း

အောင်ပန်းဈေးတန်း

လွန်ခဲ့တဲ့ တစ်ပါတ်က ကျွန်တော် ကလောမြို့အထိ ခရီးသွားဖြစ်ခဲ့သေးတယ်.. ထွေထွေထူးထူး အကြောင်း ပြချက် မရှိဘဲ ရောက်ဖြစ်သွားတာပါ.. တောင်ကြီးမှာ မိုးမရွာပေမဲ့ ထင်းရှူးမြို့တော် ကလောလဲ ရောက်ရော မိုးသည်းနဲ့ တိုးပါလေရော.. သစ်တောတွေ များများစားစား ရှိလို့နဲ့တူတယ်.. အောင်ပန်း၊ ကလော အဲ့ဒီမြို့တွေမှာ မိုးကတော့ အမြဲကောင်းတယ်.. ကြွက်တွင်းတွေလိုမျိုး ရှုပ်ထွေးပွေလီတဲ့ လမ်းတွေရှိတယ်လို့ နာမည်ကြီးတဲ့ ကလောမြို့မှာ ကျွန်တော်တို့တွေ လိပ်စာ တစ်ခုကို လိုက်ရှာရင်း တော်တော်လေး လည်နေခဲ့ သေးတယ်..

အပြန်မှာ ကလောကို ရောက်တုန်းရောက်ခိုက် နာမည်ကြီးတဲ့နေရာတွေ သွားကြည့်ဦးမယ်လို့ စဉ်းစားမိသေးတယ်.. ကလော နှီးဘုရားကြီးက နာမည်ကြီးတယ်လို့ ကြားမိပေမဲ့ သွားရမှာ ဝေးတယ်.. မိုးတွင်းမှာ လမ်းတွေကသွားလို့ သိပ်မကောင်းဘူးလို့ ကားဆရာကြီးက ပြောလို့ ဘယ်မှ မသွားဖြစ်ခဲ့ဘဲ ပြန်လာခဲ့ရတယ်.. အပြန်လမ်း အောင်ပန်းရောက်တော့ ကော်ဖီလေးဘာလေး သောက်ရအောင်ဆိုပြီး အဝေးပြေး ကားတွေ တစ်ထောက်နားတဲ့ ဈေးတန်းနားမှာပဲ ၀င်နားဖြစ်ခဲ့တယ်လေ..

အဲ့ဒါပြီးတော့ အသီးအနှံဖြစ် အစားအစာတွေ အများကြီးရတဲ့ အဲ့ဒီဈေးတန်းလေးမှာ အိမ်အတွက် နဲနဲပါးပါး ၀ယ်ဖြစ်ခဲ့သေးတယ်.. ဈေးသည်တွေ ၀ိုင်းရောင်းလို့ အားပေးခဲ့ရသေးတယ်.. တောင်ကြီးချယ်ရီမြေမှာ အောင်ပန်းဈေးတန်းက မက်မန်းသီးပုံတွေ တောင်းဆိုထားတာလေး သတိရလို့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ခဲ့ လိုက်ပါတယ်..

အဲ့ဒီဈေးတန်းလေးကိုတော့ တောင်ကြီးလာတဲ့ ဧည့်သည်တွေတိုင်း ရောက်ဖူးခဲ့ကြမှာပါ.. အမှတ်တရ အိမ်ပြန် လက်ဆောင်တွေ အားပါးတရ ၀ယ်ယူနိုင်တဲ့ နေရာလေး ဖြစ်ပါတယ်.. ရှမ်းဒေသထွက် အသီးအနှံတွေ၊ စားသောက်ဖွယ်ရာတွေ တစ်နေရာထဲ အစုံရနိုင်တဲ့ နေရာလေးဖြစ်တယ်ဆိုပြီးတော့လဲ လူသိများတဲ့ နေရာလေးပါပဲ..


အခုလဲ စိတ်ပါတယ်ဆိုရင် ဓာတ်ပုံထဲကနေ လှမ်းပြီးတော့ ၀ယ်လိုက်ပါဦးနော်.. :)


ကျွန်တော် အဲ့ဒီတုန်းက ၀ယ်ဖြစ်ခဲ့တဲ့ ပျားရည်နဲ့ ပေါင်းထားတဲ့ မက်မန်းသီး လက်ကျန်လေး ကုန်အောင် အခုပဲ စားလိုက်သေးတယ်.. ပြောင်သွားလို့ စားပါဦးလို့ မပြောလိုက်နိုင်တော့ဘူး.. :)

7 comments:

နိုင်းနိုင်းစနေ said...

လျှာရည်ယိုအောင် လုပ်နေလားဝေ့..
ရှလွတ်.. ပလပ်.. ပလပ်.. ဂျင်းစိမ်းများ
ငရုတ်သီး စပ်စပ်နဲ့ လုပ်ထားတဲ့ မက်မန်းပေါင်းကို
စားချင်တယ်။။။

Thinzar said...

စိတ်ပါလက်ပါနဲ့ကို ပုံထဲကနေ ၀ယ်လိုက်တယ်။ မက်မန်းပေါင်း ၅ ထုပ်၊ မက်မွန်သီး ၁၀ ထုပ်၊ အာလူးကြော် ၁၀ ထုပ်။ ဈေးသည်ကတောင် ပြောသေးတယ်။ ကိုရဲမြန်မာ ကို ပေးထားလိုက်မယ်တဲ့။ ပြန်ရောက်ရင် လာယူလိုက်မယ် :)

yma said...

:) မနိုင်းနိုင်းရေ မည်သံစွဲလင်္ကာတွေ နဲ့ကို ရေးတော့တာပဲ.. ကျွန်တော်လဲ အားလုံးကိုယ်စား များများ စားပေးလိုက် မယ်နော်.. မက်မန်းသီးသေးသေးလေးတွေနဲ့ ဂျင်းမျှင်လေးတွေ ပေါင်းထားတာတွေရယ်.. မက်မွန်သီးတွေကို ငရုပ်သီးဆားနဲ့ တို့စားတာတွေရယ် လေ.. :)

yma said...

မသဉ္ဇာရေ ဒကယ်ဝယ်လိုက်တာလားဗျ.. :) တွေ့တာတွေ အကုန်ဝယ်မသွားလို့ တော်သေးတယ်..
အဲ ဈေးသည်ကတော့ ပြောတယ်.. အဲ့ဒီ အမကြီးဝယ်တာတွေ ပိုက်ဆံမရှင်းရသေးဘူးတဲ့.. သဉ္ဇာ တောင်ကြီးပြန်တက်လာရင် ၀င်ပေးခဲ့လိုက်ဦးနော်.. ကျွန်တော်လဲ ဆိုက်ထားလိုက်ချင်ပေမဲ့ အိပ်ကပြားနေလို့ အကြွေးပဲ ထားခဲ့လိုက်တယ်.. :)

one said...

မြင်သာမြင်မကြင်ရတဲ့ဘ၀ပါလားနော်....
သူများကိုသရေကျအောင်လုပ်ရင်ငရဲကြီးတတ်တယ်နော်..

Ma Yangon Thu said...

ကိုရဲမြန်မာရေ.. အောင်ပန်းဈေးတန်းထဲကို ပြန်ရောက်သွားသလိုပါပဲ.. တကယ်သာ ၀ယ်လို့ရမယ်ဆိုရင် ၀ယ်လိုက်ချင်ပါ့.. အခုတော့ မျက်လုံးက ဓာတ်ပုံထဲက မက်မန်းပေါင်းထုပ်တွေ ကြည့်ပြီး သွားရည်ကျပြီးပဲနေရတော့တယ်... :D

Unknown said...

mlb jerseys
ray ban sunglasses
adidas trainers
air max 90
longchamp pas cher
michael kors canada
ralph lauren outlet
cheap oakley sunglasses
giuseppe zanotti outlet
tory burch outlet
jordan pas cher
coach outlet
tiffany and co jewelry
tiffany and co
michael kors outlet clearance
ferragamo shoes
swarovski outlet
michael kors outlet clearance
cheap nike shoes
polo pas cher
ugg boots uk
ray-ban sunglasses
ralph lauren outlet
ugg boots
coach outlet online
rolex watches,rolex replica watches,replica rolex watches,replica watches
air max 90
michael kors outlet online
cheap canada goose jackets
michael kors uk outlet
louis vuitton bags
chicago blackhawks
tiffany jewellery
ray ban sunglasses
0802jianxiang