Thursday, August 2, 2007

အိမ်လွမ်းသူသို့ ဖြေရှင်းချက်

အိမ်လွမ်းသူ 2 Aug 07, 09:15 Cbox မှာ ပြောသွားတဲ့ တောင်ကြီး ချယ်ရီမြေက author တို့ ခင်ဗျား . . . အဝေးရောက် တောင်ကြီးသူ/သား များ အနေနဲ့ တောင်ကြီး ကိုလွမ်းလို့လာ လည်ကြတာပါ ။ author တွေ ရဲ့ personal အကြောင်းအရာတွေကို စိတ်မဝင်စားပါ ဆိုတဲ့ အကြောင်းအရာနဲ့ ပါတ်သတ်ပြီး ဒီ Blog Administrator တစ်ယောက် အနေနဲ့ ၀င်ရောက် ဖြေရှင်းချင်ပါတယ်။ တောင်ကြီချယ်ရီမြေဆိုတဲ့ Blog ဟာ တစ်ဦးတစ်ယောက်ရဲ့ ကျိုးပမ်းမှုနဲ့ ဖြစ်တည်လာတာ မဟုတ်ပါဘူး။ Authors ၂၀ ကျော် အင်တိုက်အားတိုက် ပါဝင်ပူးပေါင်း ခဲ့လို့ ဒီနေ့လို ၂လ မပြည့်သေးတဲ့ အချိန်မှာ Post ပေါင်း ၁၁၇ ခုထိ တင်နိုင်ခဲ့တာဖြစ်ပါတယ်။

Author, Contributor တွေဆိုတာကလဲ တောင်ကြီးမြို့နဲ့ ဆက်စပ် ပါတ်သက်နေတဲ့ သူတွေဖြစ်ပြီး။ သူတို့ ရေးမဲ့၊ တင်မဲ့ အကြောင်းအရာတွေဟာ တောင်ကြီးနဲ့ ဆက်စပ် ပါတ်သက်နေတာတွေပဲဖြစ်ပါတယ်။ များသောအားဖြင့် ကိုယ်ပိုင် အတွေ့အကြုံတွေ၊ ကိုယ်ပိုင်ခံစားချက်တွေ၊ တောင်ကြီးမြို့နဲ့ ပါတ်သက်ပြီး ဖြစ်ပေါ်လာတဲ့ စကားလုံးတွေ၊ စာကြောင်းတွေပဲ ဖြစ်ပါတယ်။ ဒီအကြောင်းအရာတွေရဲ့ ၉၀% လောက်ဟာလဲ Personal အကြောင်းအရာတွေပဲ ဖြစ်ပါတယ်။ ဒါတွေ ပါမှလဲ Blog က စိတ်ဝင်စားစရာ ဖြစ်နေပါလိမ့်မယ်။ အကယ်လို့သာ သတင်းတွေ၊ အကြောင်းအချပ်တွေကို ပဲ ဖော်ပြရမယ်ဆိုရင် ဒီ Blog မျိုး ကျွန်တော်တို့ မလုပ်ဘဲ၊ သတင်းပြန်ကြားရေး ဆန်ဆန် Blog တစ်ခုသာ လုပ်ဖြစ်ခဲ့ပါလိမ့်မယ်။ အဲ့ဒါဆိုရင် ပျင်းပြီး၊ ဘယ်သူမှ လာလည်ချင်မှာ မဟုတ်ပဲ ချောက်ကပ်နေပါလိမ့်မယ်။

ကျွန်တော်တို့ အနေနဲ့ သတင်းအချက်အလက်တွေ ထည့်ဖြစ်ရင် မအီအောင်၊ မရိုးရအောင် စကားလုံးတွေ ရွေးပြီး၊ ဖတ်ချင်လာအောင် ရေးရပါတယ်။ Authors တွေ ဟာ များသောအားဖြင့် သတင်းအချက်အလက် ဘယ်လိုမှ ပေးနိုင်မှာ မဟုတ်ပါ။ Admin ဖြစ်သူများသာ၊ တောင်ကြီးမြို့မှာ ရှိနေသူများသာ သတင်းတွေ ရယူနိုင်မှာ ဖြစ်ပြီး၊ အဓိက သတင်းတွေကို လဲ Admin ဖြစ်တဲ့ ကျွန်တော်နဲ့ Contributors ဖြစ်သူများ ကသာ တင်နိုင်မှာဖြစ်ပါတယ်။ အခြား Author တွေ အနေနဲ့ ကိုယ့်စိတ်ကြိုက်၊ ခံစားရသမျှတွေ တင်သွားနိုင်ပါတယ်။

ဒီ Blog အစ ကတည်းကလဲ အဲ့ဒီလိုမျိုး Author များစိတ်ကြိုက် တောင်ကြီးနဲ့ သက်ဆိုင်သော အကြောင်းအရာတွေ တင်နိုင်ပါတယ်လို့ ဖော်ပြထားပြီးသားပါ။ ကျွန်တော်တို့ အနေနဲ့လဲ ဘယ်သူဘာတင်ပါ၊ ဘာမတင်ပါနဲ့လို့ ကန့်သတ်ချက်မရှိပါ။ Author တွေကလဲ ကိုယ်ပိုင် Blog တွေ ရှိနေရဲ့သားနဲ့ တောင်ကြီးချယ်ရီမြေ Blog မှာ မရအရ၊ မအား အားအောင်လုပ်ပြီး ၀င်ရောက်ပါဝင်ရေးပေးနေတာကိုပဲ ကျွန်တော်တို့ အဖွဲ့သားတွေ အနေနဲ့ လေးနက်စွာပဲ ကျေးဇူးတင်၊ အသိအမှတ်ပြုနေပါတယ်။

အိမ်လွမ်းသူ အနေနဲ့ Author တွေရဲ့ Personal တွေ စိတ်မ၀င်စားရင် ကျွန်တော်တို့ Blog Link ကို Click မလုပ်ပဲ၊ သတင်းတွေသာ ဖတ်ချင်ရင် taunggyitime.blogspot.com လိုမျိုး Blog တွေကိုသာ ရွေးပြီး Click လုပ်ပါလို့ စေတနာထား ပြောပြလိုက်ပါတယ်။

Administrator
Taunggyi -The Cherryland

4 comments:

နေလင်း said...

admin ပြောတာ သဘာဝကျပါတယ်.. ကျွန်တော်တို့
ဟာ များသောအားဖြင့်အဝေးရောက်နေတဲ့သူတွေ ဖြစ်လို့
တောင်ကြီးနဲ့ ပတ်သတ်တဲ့ အလွမ်းစရာတွေ၊ အမှတ်တရတွေ
ုကိုပဲ ရေးနိုင်တာပါ..ကိုယ်ကြုံခဲ့ရတာလေးတွေ၊ အမှတ်တရလေး
တွေကို စာရေးဆရာမဟုတ်ပေမယ့် တတ်နိုင်သလောက် အကောင်း
ဆုံးဖြစ်အောင် မွေးရပ်မြေကိုပြောချင်တဲ့ အကြောင်းအရာလေး
တွေကို ဒီလလော့လေးကတဆင့် ပြောရတယ်ဆိုရင်လည်းမမှားပါ
ဘူး...

နိုင်းနိုင်းစနေ said...

ဖတ်တတ်မယ်ဆိုရင် ပါစင်နယ်ပို့စ်တွေ ထဲကနေ တောင်ကြီးမြို့ရဲ့
ဘယ်နေရာမှာ ဘာရှိတယ်။ ဘယ်တုန်းက ဘယ်လို ဖြစ်ခဲ့ပြီး ခုချိန်မှာ
ဘာဖြစ်နေတယ်.. ဘယ်လို ပြောင်းလဲသွားတယ် ဆိုတဲ့ သတင်းအချက်
အလက်ကို ရနိုင်မယ်လို့ ထင်ပါတယ်။

တောင်ကြီးမှာ နှစ်အကြာကြီး မနေဖူးသူတွေအတွက် ဒီဘလော့ဂ်ဟာ
ပျင်းကောင်း ပျင်းနိုင်ပေမယ့် အဝေးရောက်နေသူတွေ၊ တောင်ကြီးမြို့ခံတွေ
အတွက်တော့ အဖိုးမဖြတ်နိုင်တဲ့ ဘလော့ဂ်လေးပါ။ တကယ်တော့ တောင်ကြီးမြို့က
ကျဉ်းကျဉ်းလေးပါ။ တစ်ယောက်ယောက်က ဘယ်အချိန်မှာ ဘယ်နေရာမှာ
ဘာလုပ်ခဲ့တယ်လို့ ရေးလိုက်ရင် ဒီလူငါနဲ့ သိသလိုပဲ.. ငါမြင်ဖူးမယ်ထင်တယ်။
သူ့အစ်မနဲ့ ငါက သူငယ်ချင်းများလား မသိဘူး.. ငါ့အိမ်နဲ့ နီးနီးလေးပဲ..ဆိုတဲ့
အတွေးတွေ ၀င်ပါတယ်။

ဘယ်သူဘာရေးရေး.. တောင်ကြီးနဲ့ ပတ်သက်နေသမျှ ကျွန်မ ဖတ်နေအုန်းမှာပဲ..

Anonymous said...

မနိုင်းနိုင်ပြောတာကို လုံးဝလက်ခံပါတယ်........အဝေးရောက်နေသူတိုင်းအတွက်အလွမ်းဖြေစရာနေရာလေးပါ.....

Unknown said...

ကျွန်တော့နာမည်ကတော့ စိုင်းမျိုးခိုင်ပါ။ကျွန်တော်က တောင်ကြီးသားပါ။ ဒီ blog ဟာ ကျွန်တော့အတွက် တောင်ကြီးမှာ တုန်းက ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို ပြန်လည်တမ်းတလွမ်းဆွတ်စေပါတယ်။ပျော်လည်းပျော်စေပါတယ်။ ကျွန်တော်က့ အသက်ငယ်သေးတော့ ခံစားချက်နည်းသေးတယ်ဗျ။ဲ့ဒီထဲမှာရေးထားတဲ့ အကြောင်းအရာတွေက ကျွန်တော် မသိ သေးတာတွေအများကြီးပါတယ်ဗျ။ ဒါပေမဲ့ အားလုံးဟာ ကျွန်တော့ကို အသက်ဝင် စေတယ်။ တစ်ပါးသော နိုင်ငံမှာ ပညာသင်ကြားပြီ တောင်ကြီးမြို့ကိုလွမ်းနေတဲ့ကျွန်တော့ အဖို့ အလွမ်းပြေနားခိုစရာနေရာလေးဖြစ်လာပါတယ်။ ကျွန်တော်က တောင်ကြီးသူ၊သား တွေအတွက် ဂုဏ်ယူစကားပြောချင်ခဲ့တာလည်းကြာ ပြီ။ ဒီ blog ကို ဒီနေ့မှ ၀င်ကြည့်မိခဲ့တာပါ။ ဒါကြောင့် ကျွန်တော့ခံစားချက်ကိုလည်းပြောပြလိုက်ပါတယ်။ပြီးတော့လည်း ဘယ်သူတွေဘာဘဲရေးရေး ကျွန်တော်ကတော့ဖတ်ဖို့အဆင်သင့်ပါပဲ။ ပြီးတော့လည်း များများရေးနိုင်ပါစေလို့ဆုတောင်းလိုက် ပါရစေ။