Sunday, August 5, 2007

တောင်ကြီး ချယ်ရီ နဲ့ ကျွန်တော်

Admin ရဲ့ကြေငြာချက်ကိုတွေ့တော့ ကျွန်တော်အတော်စဉ်းစားသွားရပါတယ် ..
ဘာကြောင့်လည်းဆိုတော့ အခုထိ post တစ်ခုမှမတင်နိုင်သေးလို့ပါ ..
ကျွန်တော့်မှာ ကိုယ်ပိုင် blog မရှိပါဘူး .. တခြား blog မှာလည်းဝင်မရေးဖူးပါဘူး ..
ဖတ်တော့ဖတ်ဖြစ်ပါတယ် အထူးသဖြင့် တောင်ကြီးချယ်ရီမြေကို နေ့စဉ်ဖတ် ဖြစ်ပါတယ် ..
အဝေးရောက်တောင်ကြီးသား ကျွန်တော်တို့တတွေ အတွက်တော့ တောင်ကြီးချယ်ရီမြေပာာ အလွမ်းဖြေစရာ နေရာကောင်းလေးတစ်ခုပါ .. အဲ့ဒီအတွက် တောင်ကြီးချယ်ရီမြေ ၀ိုင်းတော်သားများ နဲ့ Invite လုပ်တဲ့ Admin ကြီး ကိုလည်း အထူးကျေးဇူး တင်ရပါတယ်။
အဲ .. စဉ်းစားပြီးတော့ ဆုံးဖြတ်ပါတယ် တောင်ကြီးချယ်ရီမြေမှာ တက်နိုင်သလောက် ၀င်ရေးမကွ လို့ ..
တောင်ကြီးချယ်ရီမြေမှာ ရေးတဲ့ပထမဆုံး post ဆိုတော့ တောင်ကြီးရယ် ချယ်ရီရယ် ကျွန်တော်ရယ် အကြောင်းရေမယ် လို့စိတ်ကူးပါတယ် .. တောင်ကြီးနဲ့ပတ်သက်တာကတော့ ကျွန်တော်တောင်ကြီးသားပါ တောင်ကြီးမှာ မမွေးတာကလွဲလို့ တောင်ကြီးသားပါ။ ကျွန်တော့်ကိုမွေးပြီး ၄ လသားမှာ ကျွန်တော့်မိဘတွေ နိုင်ငံ့တာဝန်ထမ်းရင်း တောင်ကြီးကို ရောက်ခဲ့တာ အဲ့ဒီကစပြီး နေဖြစ်တာအခုထိပါပဲ ..
ချယ်ရီ ..... တစ်တောင်လုံး ကိုပန်းရောင်ပြောင်းသွားအောင် ချယ်ရီတွေပွင့်တဲ့အချိန်ကို မှီခဲ့ပါတယ် ... သိပ်ကိုလှပ မေ့မရတဲ့အချိန်များပါ .. ဒါပေမယ့် ချယ်ရီနဲ့ကျွန်တော့် ရဲ့ပထမဆုံး အမှတ်တရပာာ ချယ်ရီပန်းမပာုတ်ခဲ့ပါဘူး .. ချယ်ရီပိုး ပါ .. ချယ်ရီသီးတွေထွက်ချိန်မှာ တွေ့ရလေ့ရှိတဲ့ ချယ်ရီးပိုးပါ .. သူကတခြားပိုးယားတွေလို ကိုင်မိရင် မယားတတ်ပါဘူး .. အရောင်ကတော့ အစိမ်းတရစ် အ၀ါတရစ် နဲ့ပါ .. ဘရာဇီးလ် အလံအရောင်နဲ့တူပါ တယ် .. ဒီချယ်ရီပိုးကောင်လေးတွေကို စပြီးသတိထားမိချိန်က ကျွန်တော် ၄ တန်းတုန်း က ပါ .. အဲ့ဒီ့အချိန်တုန်းကနေတဲ့ အိမ်ရဲ့ခြံဝင်းထဲမှာ ချယ်ရီပင်ရှိပါတယ် ချယ်ရီပိုးလေးတွေပာာ အပင်ပေါ်ကနေ အမျှင်လေးတွေနဲ့ဆင်းလာတာကိုတွေ့ပြီး စူးစမ်းစပ်စု မိပါတယ် .. အဲ့ဒီမှာ ကိုင်ရင်မယားတဲ့ စိမ်းဝါရောင်ပြောင်ပြောင်နဲ့ လှုပ်အိလှုပ်အိသွား တတ်တဲ့ ချယ်ရီပိုးလေးတွေကို ကျွန်တော်အကြီး အကျယ်သဘောကျသွားပါတော့တယ် .. အိမ်မှာတွေ့ရ ဆော့ရတာကိုအားမရတော့ ကျောင်းကိုပါယူသွားမိပါတယ် .. ကျွန်တော်ရဲ့ အတန်းပိုင်ဆရာမကတော့ ပိုးယား ဆိုအားလုံးကိုသိမ်းကြုံးမုန်းတဲ့ ပုံပါပဲ .. ကျွန်တော့် အင်္ကျီဖြူပေါ်မှာကပ်နေတဲ့ ချယ်ရီပိုးလေးကိုတွေ့ရော ချက်ချင်းအပြင်ကိုပစ်ဖို့နဲ့ နောက်ထပ် ထပ်တွေ့ရင်ရိုက်မယ် လို့အပြင်းအထန် ၀မ်နင် ထုတ်ပါတယ် .. ကျွန်တော်လည်း ဆရာမအလစ်မှာ အင်္ကျီပေါ်ပြန်ပြန်ကပ်ထားပါတယ် .. ဆရာမကတွေ့တော့ သူ့စကားအတိုင်း ရိုက်ပါတယ် .. ဒီလိုနဲ့ .. ခြောက်ခါ ခုနှစ်ခါလောက် အရိုက်ခံရအပြီးမှာ ကျွန်တော်သဘောကျတဲ့ ချယ်ရီပိုးလေး တွေကို အဝေးကပဲ ငေးကြည့်ဖြစ်ခဲ့ပါတော့တယ် ...