Tuesday, August 7, 2007

မိကျောင်း . . . . . . မိကျောင်း

တစ်ခါ..
အင်းသားတစ်ယောက်နဲ့ သူ့သူငယ်ချင်း ဧည့်သည်တစ်ယောက်.. ငါးဖမ်းထွက်ကြသတဲ့...
ငါးပိုက်များချပြီး စောင့်စားနေကြတုန်း...
ဧည့်သည်က အင်းသားအား ငါးမိ မမိ အကျိုးအကြောင်းမေးလေ၏..
ထိုအခါ အင်းသားက `မိကျောင်း.. မိကျောင်း...´ဟု ထအော်လေသည်..
ထိုစကားကိုကြားသော ဧည့်သည်က ကြောက်လန့်တကြား ရေထဲသို့ခုန်ဆင်းပြီး
ကမ်းပေါ်သို့ရောက်အောင် အလျှင်အမြန် ရေကူးပြေးလေသည်...
အင်းသားကလည်း ဘုမသိ ဘမသိပဲ.. ဧည့်သည်နောက်သို့ လိုက်၍ပြေးလေသည်..
နှစ်ယောက်သား ကမ်းပေါ်တွင် အမောဖြေကြပြီးမှ..
အင်းသားက သူငယ်ချင်းဖြစ်သူအား `မင်းက ဘာလို့ ကူးပြေးရတာလဲ...
အထိတ်တလန့်ကွာ´ ဟုမေးသော်..
ဧည့်သည်သူငယ်ချင်းက `မင်းပဲ.. မိကျောင်း...မိကျောင်းလို့ ထအော်တာလေကွာ...
ငါလည်းကြောက်လို့ ကူးပြေးတာပေါ့´ ဟု ဖြေလေ၏..
ဒီတော့မှ အင်းသားခမျာ ငိုရမလို ရီရမလိုနှင့် ဧည့်သည်သူငယ်ချင်းအား
မောမောနှင့် ရှင်းပြလိုက်သည်မှာ...
`မင်းကို ငါပြောတာက ငါးမိကြောင်း မမိကြောင်းကို
ငါသေချာမသိသေးဘူးလို့ပြောလိုက်တ
ာပါကွာ..´ဟူ၍ ဖြစ်လေသည်..