Wednesday, August 29, 2007

အမျိုးသားစာကြည့်တိုက်

တောင်ကြီးချယ်ရီမြေ website မှာ ရှမ်းပြည်နဲ့ သက်ဆိုင်တာတွေ ရေးဖို့ အကြောင်းအရာတွေ ရှာဖွေတဲ့ အနေနဲ့ website admin ကြီးက Reference လုပ်ဖို့ ရှမ်းပြည်နယ် စာကြည့်တိုက်ကို သွားမယ်ဆိုပြီး. အကြံပြုလို့ ကျွန်တော်တို့ တတွေ အမျိုးသားစာကြည့်တိုက်ကို ခြေဆန့်ခဲ့ပါတယ်.. အရင်က မရောက်ဖူးသေးတဲ့ နေရာတစ်ခုပါ..

စာကြည့်တိုက်ကိုရောက်တော့ စာကြည့်တိုက်မှူးလို့ ထင်ရတဲ့ အန်တီက ဘာများ ကူညီရမလဲလို့ မေးလာပါတယ်.. ကျွန်တော်တို့ကလဲ စာအုပ်တွေ ဘယ်လို ဖတ်နိုင်မလဲ၊ ငှားနိုင်မလဲလို့ လာစုံစမ်းတာပါလို့ နိဒါန်းပျိုးရင်း သိချင်တာတွေ မေးခဲ့ပါတယ်.. သူကလဲ ရနိုင်၏ မရနိုင်၏ အစရှိတဲ့ Library Process တွေ ပြောပါတယ်.. နောက်တော့ Library ထဲခေါ်သွားပြီး.. စာအုပ်စင်တွေ လိုက်ပြပါတယ်.. English စာအုပ်တွေကတော့ အများအပြားရှိပါတယ်.. ဘယ်မှာမ မရနိုင်တဲ့ စာအုပ်တွေ ရှိပါတယ်..

စာကြည့်တိုက်ဆိုတော့ စာအုပ်တွေမှ ပုံပွနေတာပါပဲ.. အများကြီးရှိပါတယ်.. ကျွန်တော်တို့ကလဲ အသုံးပြုလို့ ရမရ သိချင်လို့ လာစုံစမ်းယုံ၊ လေ့လာယုံဆိုတော့ အသေးစိတ် လိုက်မကြည့်ဖြစ်ခဲ့ လိုက်ပါဘူး.. စာအုပ်တွေကလဲ သောင်း၊ သိန်း ကျော်ရှိမယ်လို့ ထင်ပါတယ်.. နောက်တစ်ခါမှ စာကြည့်တိုက်ကို မွေနောက်ပြီး၊ ရှာဖွေလိုက်ပါဦးမယ်..

Library က catalog စနစ်နဲ့ စီရီထားပြီး ကိုယ်ရှာချင်တာကို Catalog နဲ့ ရှာပြီးဖတ်နိုင်ပါတယ်.. မည်သူမဆို Library ကို အသုံးပြုနိုင်ပြီး၊ ငှားရမ်းဖို့ အတွက်တော့ ထောက်ခံချက်နဲ့ Library Card လုပ်ရမယ်လို့ သိပါတယ်.. အခမဲ့ ဖြစ်မယ်လို့ ထင်ပါတယ်..

ရှမ်းပြည်မှာ အခုလိုမျိုး အထွေထွေ စာကြည့်တိုက်တွေ ရှိသလို၊ သီးသန့် Specific စာကြည့်တိုက်တွေလဲ အများအပြားရှိပါတယ်.. ဒါပေမဲ့ လူအများ အသုံးမပြုကြသေးတာကိုတော့ တွေ့ရှိရပါတယ်.. တချို့ကလဲ စာကြည့်တိုက်ရှိမှန်း မသိကြ၊ တချို့ကြတော့လဲ စာကြည့်တိုက်ကို တန်ဖိုးရှိတဲ့ နေရာတစ်ခုလို့ မသိကြနဲ့.. စာအုပ်တွေက စာအုပ်စင်မှာပဲ ဖုံတွေတက်နေတာတော့ နှမြောဖို့ ကောင်းပါတယ်..

အားလုံးအတွက် ကျွန်တော်တို့လဲ တောင်ကြီးမြို့မှာ ရှိတဲ့ စာကြည့်တိုက်တွေ အကုန်နီးပါး ဖော်ပြနိုင်အောင် လေ့လာကြိုးစားပေးပါ့မယ်..