Friday, August 10, 2007

ရွှေဘုန်းပွင့်ဘုရား [Foggy Version]



တစ်မနက်လုံး မိုးတွေဆွေပြီးရွှာနေတဲ့ အချိန် ရွှေဘုန်းပွင့် ဘုရားဘက်ကို ရောက်ဖြစ်ခဲ့ပါတယ်.. အရင်က အမြဲတမ်း ရောက်ခဲ့ဖူးပေမဲ့လဲ.. ဒီတစ်ခါတော့ ထူးထူးခြားခြားလေး ဖြစ်လို့နေပါတယ်.. တလမ်းလုံး.. ဆောင်းတွင်း ရောက်နေသလားတောင် အော့က်မေ့ရတယ်.. မြူတွေ အုံ့ဆိုင်းလို့.. ပိန်းပိတ်လို့.. ဖြူဖွေးလို့..

သွားဖူးနေကြ ခံစားချက်တွေထက်.. ဒီတစ်ခါ ပိုသစ်နေပါတယ်.. မိုးစက်နဲ့ နှင်းတွေကို အရမ်းသဘောကြတဲ့ ကျွန်တော်.. နှစ်ခုလုံးကို တပြိုင်နက်တွေ့လိုက်ရတာ.. မြင်လိုက်ရတာ.. ကြည်နူးမဆုံးပါပဲ..

မိုးရွာတော့ ဘုရားပေါ်မှာ ဘယ်သူမှမရှိဘူးလေ.. အဲ့ဒါနဲ့ပဲ စိတ်ရှိလက်ရှိ ဓာတ်ပုံတွေလိုက်ရိုက် ပစ်လိုက် ပါတယ်..

ရွှေဘုန်းပွင့်မှာ တစ်ခုထူးတာ ရှိသေးတယ်.. ညဘက်ဆို ဘယ်ကမှန်းမသိတဲ့ အမျိုးစုံတဲ့ လိပ်ပြာတွေ၊ ပိုးဖလံတွေ အများကြီး လာကြတယ်.. တညလုံးလာကြတာ.. မနက်ဆို ရင်ပြင်တော် တစ်ခုလုံး လိပ်ပြာတွေ၊ ပိုးဖလံတွေနဲ့ အပြည့်.. လိပ်ပြာလေ့လာလိုသူတွေတောင် အဲ့ဒီမှာ လာလာ ကောက်ရတယ်လို့ ဘုန်းဘုန်းပြောတာ ကြားဖူး ပါတယ်.. ဘုန်းဘုန်းကလဲ လိပ်ပြာကောင် ဆန်းဆန်းလေးတွေ အသေလေးတွေ စုထားပေးတတ်တယ်.. ကျွန်တော်တောင် တစ်ခါ ဘူးလေးတစ်ခုနဲ့ ထည့်ထားတာ ဘုန်းဘုန်းပြလို့ တွေ့ဖူးသေးတယ်..

ဒီတစ်ခေါက်တော့ ရင်ပြင်ပေါ်မှာ တွေ့တဲ့ လိပ်ပြာလေးတွေလဲ ဓာတ်ပုံလိုက်ရိုက်ခဲ့ပါသေးတယ်.. အများကြီး တော့ မတွေ့ခဲ့ရပေမဲ့.. အားလုံးက ပုံစံမတူ.. အရောင်အသွေးမတူ.. အမျိုးအစားမတူ.. အရွယ်အစား မတူတာ.. တွေ့ခဲ့ရပါတယ်.. ဘုန်းဘုန်းဆီက လိပ်ပြာဘူးလေးကိုတော့ တောင်းမကြည့်ဖြစ်ခဲ့ပါဘူး.. အခွင့်သင့်ရင်တော့ တောင်းဖြစ်အောင်တောင်းပြီး.. ဓာတ်ပုံရိုက်ယူခဲ့ပါဦးမယ်..

ဒီတစ်ခေါက်တော့ Foggy Version ရွှေဘုန်းပွင့်ဘုရား ဓာတ်ပုံတွေ၊ လိပ်ပြာကောင်လေးတွေရဲ့ ပုံလေးတွေ တင်ပေးလိုက်ပါတယ်.. အားလုံးပဲ သဘောကြ နှစ်ခြိုက်မယ်လို့ ထင်ပါတယ်..

No comments: