Tuesday, August 21, 2007

မီးပုံပျံကွင်းသစ် ပထမအကြိမ် စမ်းသပ်လွှတ်တင်

မနေ့က ည ၇နာရီလောက်မှာ တောင်ကြီးမြို့ရဲ့ တန်ဆောင်တိုင် မီးပုံးပျံကွင်းသစ် လေကြောင်းစမ်းသပ်မှု ပထမအကြိမ် ပြုလုပ်ခဲ့ပါတယ်။ မီးပုံးပျံကွင်းသစ်ရဲ့ အခြေအနေကို စိတ်ဝင်စားသူ တော်တော်များများ လာရောက် ကြည့်ရှုခဲ့ကြပါတယ်။ ပထမဆုံး အကြိမ် စမ်းသပ်ပြီး မီးပုံးပျံလွတ်တင်တာမို့ လူအများရဲ့ စိတ်ဝင်စားခြင်းကို ခံခဲ့ရပါတယ်။ တကယ့် တန်ဆောင်တိုင်ပွဲလိုမျိုးတော့ မစည်ပေမဲ့ ဆိုက်ကယ်နဲ့ လာကြည့်ကြသူတွေရော၊ အနီးအနားက လာကြည့်ကြသူတွေနဲ့ တော်တော်လေး စည်ကားနေပါတယ်။

လွတ်တင်ဖို့ ရည်ရွယ်ထားတဲ့ မီးပုံးပျံက မီးကျီး အမျိုးအစား ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်အဆင့် မီးပုံးပျံ အရွယ်အစား ဖြစ်ပြီး၊ ယမ်းအလေးချိန် ၁၇ပိသာ ကျော်တယ်လို့ သိရပါတယ်။ ကွင်းကျယ်ကြီးထဲမှာ ယာယီ ဆလိုက်မီးတွေ ထိုးပြီးတော့ ဆိုင်းသံတညံညံနဲ့ မီးပုံးပျံ အစမ်းလွတ်တင်ပွဲကြီး ကျင်းပခဲ့ပါတယ်။

မိုးတွင်းဆိုတော့ လေကလဲ တဝေ့ဝေ့တိုက်နေပါတယ်။ အေးစိမ့်မှုကတော့ ဆောင်းတွင်း သာသာပါပဲ။ လာရောက် ကြည့်ရှုကြတဲ့ လူအုပ်ကြီးကလဲ ဘာတွေဖြစ်မလဲဆိုတဲ့ အတွေးတွေနဲ့ မင်သက်တိတ်ဆိတ် နေပါတယ်။ ရှမ်းဒိုးသံကတော့ နောင်..ပိန်...နောင်နဲ့ ပျံလွင့်မြူးကြွ နေပါတယ်။

လေအနဲငယ်ငြိမ်တဲ့ အချိန်ကစပြီး မီးပုံးပျံကို မှိုင်းတိုက်ပါတယ်။ အဲ့ဒီလို မှိုင်းခံနေတဲ့ အချိန်မှာပဲ လေက ဝေ့၀ိုက် တိုးတိုက် လာပါတယ်။ မီးပုံးပျံကြီးလဲ ဟိုယိမ်းလိုက်၊ ဒီထိုးလိုက်နဲ့ လှုပ်ရှားရှုန်းကန်နေပါတယ်။ အဲ့ဒီလို မီးပုံးကြီး ရိန်းထိုးနေတာနဲ့ အမျှ ကြည့်ရှုနေသူ ပရိတ်သတ်တွေရဲ့ ဟင်၊ ဟာ ဆိုတဲ့ အားမလိုအားမရ အသံတွေက လိုက်လို့ ညံနေပါတယ်။ ရင်တလှပ်လှပ်နဲ့ အသဲတယားယား စောင့်ကြည့်နေကြပါတယ်။ မီးပုံးပျံ အဖွဲ့ဝင်တွေကလဲ မီးပုံးပျံအသား မီးမဟပ်အောင် ဟိုထိန်းဒီတည့် ဘေးကနေ လုပ်ပေးနေကြရပါတယ်။

မှိုင်းတွေ များလာတာနဲ့ အမျှ လေတိုးတာခံရပြီး၊ မီးပုံးပျံကြီး ဝေ့ရိန်းနေပါတယ်။ တာဝန်ရှိသူတွေကလဲ လေငြိမ်မှ ဆက်လွှတ်ဖို့ ပြောနေရင်းနဲ့ မီးပုံးပျံက မှိုင်းဝသွားပါတယ်။ မီးပုံးပျံ အဖွဲ့ဝင်တွေကလဲ မီးပုံးကြီးကို အလူးအလဲ လိုက်လံ ထိန်းသိမ်း နေရပါတယ်။ နောက် မီးဆရာက အောက်ကနေ မီးရှူးမီးပန်းတွေ ချိတ်မယ်လို့ ပြောပြီး၊ မီးပုံးပျံကြီးကို နေရာ ရွှေ့ဖို့ ကြိုးစားတဲ့ အချိန်မှာတော့ လေနီကြမ်းကြမ်းတစ်ခု ဝေ့၀ိုက်တိုက်ခတ်ပါတော့တယ်။ မီးအဖွဲ့သားတွေလဲ မီးပုံးပျံ လေဆွဲရာနောက် ကြိုးစားထိန်းလိုက်သွားသော်လဲ မီးပုံးပျံကြီးက အနီရောင် မီးတောက်တွေရဲ့ ၀ါးမျိုခြင်းကို ခံလိုက်ရပါတယ်။ ကြည့်နေကြသူအားလုံးလဲ "ဟာ ဟာ" ဆိုတဲ့ အသံတစ်ခုကိုသာ အော်မိရင်း အသက်ရှုရပ် မတက်ဖြစ်ကုန်ကြပါတယ်။

မီးပုံးပျံကြီးတစ်ခုလုံးကို မီးတောက်တွေက ထက်ပိုင်းဖြတ်ပြီး၊ လောင်မြိုက်ပစ်လိုက် ကြပါတယ်။ အနားမှာ အဆင်သင့် စောင့်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ကားနဲ့ ရေထိုးဖျန်းလိုက်တော့မှပဲ မီးတောက် ရောင်တွေ ပျောက်ကွယ်သွားပါ တော့တယ်။ လာကြည့်ကြတဲ့ ပရိတ်သတ်လဲ မီးရှုးမီးပန်း အလှ မတွေ့လိုက်ရဘဲ အားမလို အားမရဖြစ်ကာ၊ နှမြောတသခြင်း ကြီးစွာနဲ့ အလာလမ်းကို လှည့်ပြန်ခဲ့ကြပါတယ်။ အလှတရားတွေ မပြလိုက်ရတဲ့ မီးပန်းခွေကြီးကတော့ ပြန်လည်ထုတ်ပိုးခြင်း ခံလိုက်ရပါတယ်။ နောက် ဒုတိယ အကြိမ်အထိ သူငြိမ်သက်စွာနဲ့ စောင့်နေရ ပေလိမ့်ဦးမယ်။

တကယ်တော့ လေကြောင်းက မမှန်းဆထားတဲ့ နေရာကနေ တိုက်ခတ်နေပြီး၊ ပြင်ဆင်မှုတွေ မရှိခဲ့ဘဲ အလောကြီးသွားတဲ့ အတွက် ဆုံးရှုံးသွားခြင်း ဖြစ်ပါတယ်။ တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသလိုမျိုး ခံစားလိုက်ရရင်း အပြန်လမ်းမှာ ရှမ်းအိုးစည်သံတွေ ကြားရောင် နေမိပါတော့တယ်။

သေချာပါတယ်။ နောက်တစ်ကြိမ်မှာ တောင်ကြီးသားတွေ လေရူးကို အံတုလို့ အနိုင်ယူကြပါလိမ့်မယ်။

4 comments:

KZLM said...

text lot dar ko a ku ma bel thi' ya dot tel..........:P :P :P :D


nout ta khar text lot yin kyoe pyi: mail nae. a thi' pay: kya par nor

see chin lo. ........:D :D :D:D


KZLM

နေလင်း said...

နမြောစရာကြီးဗျာ.. မိုးတွင်းဆိုတော့ နောက်ထပ်လုပ်ရင်လည်း အခြေအနေမကောင်းလောက်ဘူးထင်တယ်နော်...

Anonymous said...

Couldnt agree more with that, very attractive article

raybanoutlet001 said...

air max 90
cheap basketball shoes
oakley sunglasses wholesale
browns jerseys
san antonio spurs
christian louboutin shoes
ecco shoes
cheap oakley sunglasses
san diego chargers jerseys
kate spade outlet