Friday, August 3, 2007

အပတ်စဉ်ဟောပြောပွဲများ ဆက်လက်ကျင်းပ

ကွန်ပျူတာပညာရှင်များအသင်း (ရှမ်းပြည်နယ်) ကနေ ကွန်ပျူတာ ပညာရပ်များ လူငယ်များ အတွင်း ပျံ့ပွားစေဖို့ အတွက် အပတ်စဉ် ဟောပြောပွဲတွေ ကျင်းပနေပါတယ်။ အရင် အပတ်ကတော့ ၀ါတွင်း အဖိတ်နေ့နဲ့ လပြည့်နေတွေ ဖြစ်နေတာကြောင့် ဟောပြောပွဲ တစ်ပတ် ရပ်နားခဲ့ပါတယ်။ အခု တပတ် မနက်ဖြန် ၄ရက် စနေနေ့ ၁၀နာရီမှာ ဟောပြောပွဲ ပြန်လည်ကျင်းပမှာ ဖြစ်ပါတယ်။ ကွန်ပျူတာပညာရှင်များ အသင်း (ရှမ်းပြည်နယ်)ရဲ့ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ဆွေဆွေရှိန်မှ "Fundamental Network" ခေါင်းစဉ်နဲ့ ဟောပြောမယ်လို့ သိရပါတယ်။ စိတ်ဝင်စားသူ မည်သူမဆို လာရောက်နားထောင်၊ မေးမြန်း၊ ဆွေးနွေးနိုင်တယ် လို့လဲ သိရပါတယ်။