Friday, August 3, 2007

ICT Resource Center MCPA (Shan State)


ကွန်ပျူတာ ပညာရှင်များ အသင်း (ရှမ်းပြည်နယ်)က ရှမ်းပြည်နယ်အတွင်း ကွန်ပျူတာ ပညာရပ်ပျံ့ပွား ဖို့နဲ့ ICTနဲ့ ပါတ်သက်တဲ့ နည်းပညာရပ်များကို တစ်နေရာထဲမှာ လေ့လာနိုင်ဖို့ ICT Resource Center တစ်ခု အင်တိုက်အားတိုက် တည်ဆောက်နေကြောင်း သိရပါတယ်။

ICT Related စာအုပ်တွေကို တက်နိုင်သမျှ စုံစုံလင်လင်ဖြစ်အောင် စုဆောင်းနေကြောင်း၊ ၀ယ်ယူဖို့ ခက်ခဲတဲ့ Latest စာအုပ်များကိုလဲ eBook များမှတဆင့် Print ထုတ်ယူပြီး ရှာဖွေနေကြောင်း၊ အဲ့ဒီ Resource Center မှာ MCPA (Shan State) Member များ အတွက် Library နဲ့ e-Library နှစ်ခု ပါဝင်မှာ ဖြစ်ကြောင်း၊ Library မှာတော့ စာအုပ်၊ စာစောင်၊ Journal တွေ ငှားရမ်း ဖတ်ရှုနိုင်မှာ ဖြစ်ပြီး၊ e-Library မှာတော့ eBook များ၊ CD-Rom များ ကို ငှားရမ်း ဖတ်ရှုနိုင်မှာ ဖြစ်ကြောင်း၊ နောက်ပြီး Internet Facility ကို လဲ ဈေးနှုန်း အသက်သာဆုံးနဲ့ အသုံးပြုနိုင်အောင် စီစဉ်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။ အခုလောလောဆယ်တော့ Computer များ, e-Book များ, CD များ စုဆောင်းနေတယ်လို့ သိရပါတယ်။ Member များ အတွက် Printing, Scanning, Copying Service များလဲ ပေးသွားဖို့ အစီအစဉ်ရှိတယ်လို့ ကြားရပါတယ်။

လောလောဆယ်တော့ ICT Resource Center MCPA (Shan State) က Properly Lunch မလုပ်သေးပါဘူး။ ပါဝင်မဲ့ အစိတ်အပိုင်းတွေ အားလုံး အဆင်သင့် ဖြစ်တဲ့ အချိန်မှာ စပြီး ဖွင့်လှစ်မှာဖြစ်ပြီး၊ အခု Library ကတော့ စာအုပ်များ စတင် ငှားနေပြီလို့ သိရပါတယ်။ MCPA Member ဖြစ်သူများ အနေနဲ့ ၁၀၀၀ ကျပ်တန် စာငှားကဒ် ၀ယ်ယူပြီး အုပ် ၂၀အထိ ငှားယူနိုင်ပါမယ်။ စာတစ်အုပ်အတွက် သတ်မှတ်ရက်ကတော့ ၁ပတ်ဖြစ်တယ်လို့ သိရပါတယ်။

No comments: