Sunday, August 5, 2007

(၂)လပြည့်မွေးနေ့လက်ဆောင်

ချယ်ရီမြေသို့

(၂)လပြည့်မွေးနေ့လေးမှာ ပျော်ရွှင်မှုအပေါင်းနဲ့ ပြည့်စုံပါစေနော်…
ချယ်ရီမြေလေးကို ချစ်ကြသော တောင်ကြီးသူ တောင်ကြီးသားများရော။ တောင်ကြီးချယ်ရီကို သံယောဇဉ်တွယ်မိသော သူများအားလုံးကိုရော ဒီနေ့ လေးမှာ တောင်ကြီးချယ်ရီအတွက် ဆန္ဒဆုမွန်များ ပေးကြလိမ့်မယ်ဆိုတာကို ကျွန်တော်ယုံကြည်ပါတယ်။

ကျွန်တော့်ဘ၀ရဲ့ အမှတ်တရများစွာထဲက မေ့မရတော့မယ့် နေ့ရက်များပါပဲ။ခံစားချက် ကိုယ်စီရှိသော လူသားများအဖို့ ကိုယ်စီခံစားချက်များရော၊ အမှတ်တရများစွာရော လူတိုင်းရဲ့ဘ၀မှာရှိကြမှာပါ။ ကျွန်တော့် အနေနဲ့ တစ်ခါမှ ဒီလိုရေးခွင့်ရမယ်လို့ စိတ်ကူးအိမ်မက်တစ်ခါမှ မမက်ဖူးခဲ့တာအမှန်ပါ။ အခုတော့ ငုပ်လျှိုးနေတဲ့ ကျွန်တော့်ရဲ့ မွေးရပ်မြေနဲ့ ပါတ်သတ်တဲ့ ခံစားချက်များဟာ တောင်ကြီးချယ်ရီကြောင့်ရှင်သန်လာရတယ်ဆိုရင်မမှားပါဘူး။ လူတစ်ယောက်ရဲ့မျှော်လင့်ချက်တွေ ပြည့်စုံတဲ့ အခါ ခံစားရတဲ့ ကြည်နူးမှုမျိုးကို အားလုံးလဲ ခံစားဖူးကြမှာပါ။ ကျွန်တော်လည်းအဲလိုခံစားနေရပါတယ်။ အဲဒီအတွက် တောင်ကြီးချယ်ရီကို ပုံဖော်ပေးခဲ့တဲ့ adminနဲ့တကွအဖက်ဖက်ကူညီပံ့ပိုးပေးကြသောသူများအားလုံးကို
ကျေးဇူးတင်ကြောင်းပြောပါရစေ။

အသက်တွေ ကြီးလာသလို ရင့်ကျက်မှုတွေရှိလာဖို့လိုသလိုပဲ တောင်ကြီးချယ်ရီဟာလည်း အခုထက်ပိုပြီးပြည့်စုံတဲ့ နေရာလေးဖြစ်ဖို့လိုအပ်ပါတယ်။ဒီစာလေးဟာ ကျွန်တော့်ရဲ့ တောင်ကြီးချယ်ရီကို ပေးချင်တဲ့ မွေးနေ့လက်ဆောင်ပါပဲ။ တန်ဖိုးတော့ မရှိပါဘူး။ လက်ခံပါနော် …

(၂)လပြည့်မွေးနေ့လေးမှ သည် ရွှေရတု၊ ငွေရတုများဆီသို့….ချယ်ရီမြေကို ချစ်သော သူများရဲ့ မေတ္တာစွမ်းပကားနဲ့လေ…