Wednesday, August 29, 2007

Kanbawza Youth Library (2)

စာကြည့်တိုက်တွေ ရှာဖွေရင်းနဲ့ ကျွန်တော်တို့ အဖွဲ့သားတွေ လူငယ်တွေထဲ နာမည်ရနေတဲ့ Millennium English Library ကို ရောက်ဖြစ်ခဲ့ပါတယ်.. နေရာကတော့ Disney ကြက်ကြော်ဆိုင်နားမှာရှိပါတယ်.. အရှေ့မြို့ပါတ်လမ်းနဲ့ တစ်ခုတည်းသော အ၀ိုင်းရှိတဲ့ နေရာနားမှာပါ..

English စာအုပ်တွေ သီးသန့် စုဆောင်းထားတဲ့ NGO စာကြည့်တိုက်ဖြစ်ပါတယ်.. စာကြည့်တိုက်အပြင် Training တွေလဲ ရှိပါတယ်.. စကားဝိုင်းတွေလဲ အပါတ်စဉ်လုပ်ပေးတယ်လို့ သိရပါတယ်..

စာကြည့်တိုက်က Kanbawza Youth Library (2) လို့လဲ ခေါ်ပါတယ်.. Kanbawza Youth Library (1) မှာတော့ မြန်မာစာအုပ်တွေ စုဆောင်းထားပြီး၊ အခု Library ကတော့ English စာအုပ်တွေ စုဆောင်းထားတဲ့ နေရာလို့ အဲ့ဒီက အသင်းသားတွေက ရှင်းပြပါတယ်.. English စာအုပ်ပေါင်း သောင်းဂဏန်းနဲ့ ချီပြီး ရှိတယ်လို့လဲ သိခဲ့ရပါတယ်..

စာကြည့်တိုက်မှာ စာလာဖတ်ရင်တော့ Free ပါ.. အပြင်ကို ငှားယူမယ်ဆိုရင်တော့ စာငှားကဒ်လုပ်ရပါတယ်.. တစ်ကဒ်ကို ၅၀၀၀ကျပ် ပေးရပြီး.. စာအုပ် (၃၀) ငှားလို့ရပါတယ်.. တောင်းယူလာတဲ့ စာရွက်လေး အထားမှားနေလို့ တိတိကျကျ၊ အသေးစိတ် မရေးပေးနိုင်ဘူး ဖြစ်သွားပါတယ်.. ဒါပေမဲ့ ပြန်တွေ့ရင်တော့ ထပ်ဖြည့်ပေးပါ့မယ်..
ကျွန်တော်တို့ အဖွဲ့က Senior ကြီးလဲ စာအုပ်တွေတွေ့လို့ ငှားချင်၊ ဖတ်ချင်စိတ်ပေါက်ပြီး.. Library Card တစ်ခု ချက်ချင်းလုပ်လို့ စာအုပ် (၂)အုပ် ငှားလိုက်ပါသေးတယ်.. တစ်ခါငှားရင် (၂)အုပ်ငှားလို့ ရပါတယ်.. English Language လေ့လာနေသူတွေအတွက် အလွန်တစ်ရာ အထောက်အကူပေးနိုင်မဲ့ နေရာနဲ့ စာကြည့်တိုက်တစ်ခု ဖြစ်ပါတယ်.. လူငယ်တွေပဲ ပူးပေါင်း တည်ထောင်ထားကြတာပါ.. လွတ်လပ်စွာနဲ့ သွားရောက် လေ့လာ၊ ဖတ်ရှု၊ ဆွေးနွေး၊ ရှာမှီးနိုင်တဲ့ နေရာလေးတစ်ခုပါပဲ..

2 comments:

Eduardo Waghorn said...

Very original pics, thank you:)

Thinzar said...

တောင်ကြီးမှာလည်း library များသားဘဲ။ ကိုယ် သွားမဖတ်တာဘဲ ခက်နေတာ.. :)