Friday, August 3, 2007

ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော်

တောင်ကြီးမြို့ရဲ့ တစ်ခုတည်းသော အားကစားရုံရှိရာ ကျောက်တိုင်ကွင်းမှာ ကုန်စည်ပြပွဲနှင့် ဈေးရောင်းပွဲတော် ကျင်းပနေကြောင်း သိရတဲ့ အတွက် ကျွန်တော်တို့ တတွေ မနေ့က ရောက်ဖြစ်ခဲ့ပါတယ်။

အနယ်နယ်အရပ်ရပ်က ဈေးဆိုင်တန်းတွေနဲ့ ပြည့်နှက် နေပါတယ်။ ၀ယ်ယူ ကြည့်ရှုသူများကလဲ မိုးထဲ လေထဲ မှာပဲ အားတက်သရော လာရောက်ကြလို့ ကျောက်တိုင် ကွင်းတစ်ခုလုံး စည်ကားနေပါတယ်။

မိုးကလဲ အခုရက်ပိုင်းအရမ်းကောင်းနေတာနဲ့ ကျောက်တိုင်ကွင်းက တော့ ရေတဖွေးဖွေးပေါ့။ အားကစားရုံ အတွင်းမှာလဲ ဈေးဆိုင်ခန်းတွေနဲ့ ပြည့်နေပါတယ်။ Fashion Show လဲ ညနေ ၆း၃၀နာရီ ကနေ ၈နာရီလောက် အထိ ရှိတယ်လို့ သိရပါတယ်။

ပွဲရှိပြီဆိုရင် မလွတ်တမ်းသွားတက်ကြတဲ့ တောင်ကြီးသူ တောင်ကြီးသားတွေကတော့ သစ်သီးဝလံ ပြပွဲနဲ့ တပြိုင်နက်တည်း ကုန်စည်ပြပွဲ ကျင်းပနေတော့ အိမ်မှာတောင် ကပ်ပါဦးတော့မလား နော်။ သစ်သီးဝလံ ပြပွဲ ကလဲ ပထမ ၂ရက်ကနေ နောက်ထပ် ၅ရက်ထက်တိုးတယ်လို့ သိရပါတယ်။