Sunday, August 5, 2007

ချယ်ရီပန်းပုံ ဘူးလေးလုပ်နည်း

ပထမ Post မှာ ပြလိုက်တဲ့ ချယ်ရီပန်းပုံ ခေါက်နည်းလေး မသိသေးပေမဲ့၊ အခု လက်ဆောင်ပေးမဲ့ နည်းလေး ကတော့ ချယ်ရီပန်းပုံ ဘူးလေးခေါက်တဲ့ နည်းဖြစ်ပါတယ်။ ကျွန်တော်လဲ ပုံကိုသာ ရထားတာ ဖြစ်ပြီး ကိုယ်တိုင် မစမ်းကြည့်ရသေးပါဘူး။ အားလုံးပဲ ချယ်ရီမြေရဲ့ ၂လပြည့်တဲ့ နေ့မှာ အတူတူခေါက်ရင်း ငယ်ငယ်က ကလေးဘ၀ကို တစ်ခေါက်လောက် ပြန်သွားကြည့်ရအောင်ဗျာ။

အဖုံးခေါက်တဲ့ နည်းအဆင့်တွေပါ။ သေသေချာချာကြည့်ပြီး လုပ်ရင် ချယ်ရီပန်း ဘူးဖုံးလေးရမှာ ဖြစ်ပါတယ်။

ကိုယ်ထည်ခေါက်တဲ့ နည်းအဆင့်တွေပါ။

တောင်ကြီးချယ်ရီမြေကို အလည်လာရင်း ပျော်ပျော်ပါးပါး အပျင်းပြေ ခေါက်ကြည့်ကြပါစို့ဗျာ။ အားလုံး မှန်မှန် ကန်ကန်နဲ့ ခေါက်နိုင်လိုက်တယ်ဆိုရင်လဲ ပြောကြပါဦးနော်။ နောက်ထပ် ချယ်ရီပန်းနဲ့ ဆက်နွယ်တဲ့ ခေါက်ပုံ၊ ခေါက်နည်းလေးတွေ ရှာပြီး တင်ပေးသွားပါဦးမယ်။ ချယ်ရီမြေရဲ့ ၂လပြည့်မှာ ကျွန်တော်တို့လဲ ပူတူးတူးတွေ ပြန်လုပ်ကြည့်တာပေါ့ဗျာ။ :)