Saturday, August 11, 2007

မက်မန်းပင်



ဒီတပတ်အတွက် တောင်ကြီးချယ်ရီမှာ ဘာများတင်ရင်ကောင်းမလဲဆိုပြီး ထုံးစံအတိုင်း ဓာတ်ပုံ CD ထဲကို ရေငုတ်ရှာဖွေရေးဆင်းရပါတယ်။ မက်မန်းပင်ကို ရိုက်ထားတဲ့ ဓာတ်ပုံတွေ့တာနဲ့ စာရေးဖို့ အကြောင်းအရာ ရပြီဆိုပြီး ပျော်သွားတယ်။ (တော်ပါသေးရဲ့.. Admin မဆူတော့ဘူး။:P ) အမှန်က ကျွန်မ မက်မန်းသီးခူးတဲ့ပုံကို ရိုက်ထားတာပါ။ အဲဒီ့ပုံဆိုရင် တောင်ကြီးချယ်ရီလာတဲ့သူတွေ လန့်ကုန်မှာ... :D

ကျွန်မကလောမှာ ၂ ရက် နေတုန်းကပေါ့။ နှီးဘုရားသွားဖူးတဲ့ လမ်းဘေးတလျှောက်ကို မြင်းလှည်းပေါ်က ငေးရင်းနဲ့ အပင်မှာ နီနေတဲ့အသီးလေးတွေလည်း တွေ့ရသလို အစိမ်းတ၀က် အနီတ၀က် အသီးမျိုးလည်း တွေ့နေရတယ်။ ဘာရမလဲ မိန်းခလေးပီပီ စပ်စုပြန်တာပေါ့။ မြင်းလှည်းသမား ဘကြီးကို မေးတော့မှ မက်မန်းပင်မှန်းသိတာ။ ကလော မှာက မက်မန်းပင်ကို တနိုင်တပိုင် စိုက်ပြီး အသီးသီးပြီဆိုရင် မက်မန်းဝိုင်ဖြစ်ဖြစ် မက်မန်းသီးလုပ်တဲ့ဆီကိုပဲဖြစ်ဖြစ် အချိန်နဲ့ ပြန်သွင်းကြတယ်လို့ပြောပါတယ်။ ကိုယ်ပိုင်စီးပွားရေးလေးလိုပါပဲ။ မက်မန်းပင်က ဂရုစိုက်စရာသိပ်မလိုတော့ အိမ်မှာစိုက်ထားရင် အသီး သီးချိန်ဆိုရင် ဆွတ်ပြီး ဆိုင်သွင်းယုံပဲလေ ။ ဒါကြောင့်လည်း အိမ်တော်တော်များများမှာ စိုက်လေ့ရှိတယ်။ အောင်ပန်းဘက်မှာတော့ စီးပွားဖြစ်စိုက်ကြမယ်ထင်တယ်။

ကျွန်မတို့ရန်ကုန်ဘက်ရောက်ရင်သာ မက်မန်းသီးက အနီရောင်ဆေးဆိုးပြီး၊ ပလပ်စတစ်နဲ့ထုပ်ထားပြီးသား ဆိုတော့ အပင်မှာတွေ့ရတဲ့ မက်မန်းသီးဆိုတာ တခါမှ မမြင်ဖူးဘူး။ ဒါကြောင့် ပင်းတယက အပြန်မှာ မက်မန်းသီးပုံ ဓာတ်ပုံရိုက်ချင်တယ်လို့ပြောမိတော့ ကားသမား အကိုကြီးက မက်မန်းခြံရှေ့ ကားရပ်ပေးပါတယ်။ သူက ခြံထဲ ၀င်သွားပြီး ဓာတ်ပုံရိုက်လို့ပြောပြီး ခြံထဲကိုသူပဲ ခေါ်သွားတာပါ။ ကျွန်မကလည်း ဓာတ်ပုံရိုက်ဖို့လောက်ပဲ ခေါင်းထဲရောက်နေတာနဲ့ အပင်မှာ မှည့်တဲ့ မက်မန်းသီးကို ဒီအတိုင်း စားကြည့်ဖို့ စိတ်ကူးမရခဲ့ပါဘူး။ အမှန်ဆိုရင် ပင်မှည့်အစိမ်းလည်း စားခဲ့သင့်တာ။ စားနေကြက မက်မန်းပေါင်းဖြစ်ဖြစ်၊ ဆေးသကြားစိမ်ထားတာဖြစ်ဖြစ် စားနေကြဆိုတော့ အစိမ်းစားမရဘူးလို့ အတွေးကြောင်တာလည်း ပါတယ်။

မက်မန်းသီးဆိုရင် မိန်းခလေး တော်တော်များများ ကြိုက်ကြတယ်။ အထူးသဖြင့် ကျွန်မပေါ့။ နေမကောင်းရင်တောင် အိမ်ကမသိအောင် ခိုးစားတယ်။ အဲဒီ့လောက်ကို ကြိုက်တာ။ တောင်ကြီးက မက်မန်းပေါင်းကတော့ ပျားရည်နဲ့ပေါင်းထားလို့ တော်တော်စားကောင်းတယ်။ သူငယ်ချင်းပဲဖြစ်ဖြစ် မိတ်ဆွေတွေကပဲဖြစ်ဖြစ် တောင်ကြီးသွားမယ် ဘာမှာမလဲလို့ မေးရင် မက်မန်းသီးဝယ်လာပေးပါလို့ မှာတယ်။ တကယ်တော့ မက်မန်းသီးဝယ်ရတာက အောင်ပန်းမှာပါ။ တောင်ကြီးကအပြန် အောင်ပန်းက ကားရပ်ပေးတဲ့ ဈေးတန်းမှာ မက်မန်းသီးကို အမျိုးမျိုးလုပ်ရောင်းကြတယ်။ ပျားရည်နဲ့ပေါင်းထားတာလည်း ရတယ်။ မက်မန်းသီးကို လှီးထားပြီး ဂျင်းနဲ့ပြန်နှပ်ထားတာလည်း ရတယ်။ ရိုးရိုး ဆေးအနီနဲ့ ဆေးသကြားစိမ်ထားတာလည်းရတယ်။ (ကျွန်မကြိုက်တဲ့ မက်မန်းသီးပုံစံပေါ့)။ မက်မန်းဝိုင်လည်းရတယ်။ ရန်ကုန်ရောက်ရင် ၀ယ်လာတဲ့မက်မန်းသီးကို သူငယ်ချင်းတွေလည်း ဝေပေးပြီး ကျန်တာကို တဖြည်းဖြည်း ဇိမ်နဲ့ကိုစားတာ။ ရေးနေရင်းနဲ့ သွားရည်ကျပြီး စားချင်လာပြီ။ Admin ဖြစ်ဖြစ် ကိုရဲမြန်မာဖြစ်ြဖစ် အောင်ပန်းဘက် ကြုံရင် မက်မန်းပေါင်း ဓာတ်ပုံလေး မ စပါအုံး။

မရန်ကုန်သူ

8 comments:

yma said...

ကျွန်တော် အောင်ပန်းကို မကြာမကြာ ရောက်ဖြစ်ပါတယ်.. ဒါပေမဲ့ ခရီးသွားဟန်လွဲဆိုတော့ တခါမှ အောင်ပန်းဈေးတန်းကို သွားမကြည့်ဖြစ်ပါဘူး... နောက်တခါဆိုရင်တော့ ကျွန်တော် ရိုက်ဖြစ်အောင် ရိုက်ခဲ့ပါမယ်.. :)

ပြောရရင် ကျွန်တော်လဲ မက်မွန်ပင်ကို မမြင်ဖူးဘူး.. အခုမှ တွေရတာပါ.. (မက်မွန်နဲ့ မက်မန်းက အတူတူလို့ ထင်ပါတယ်..)

Ma Yangon Thu said...

ကိုရဲမြန်မာရေ. မက်မွန်နဲ့ မက်မန်း တူလား မတူလားတော့ သေချာမသိဘူး။ ကျွန်မစိတ်ထင် မတူသလိုပဲ။ ထင်တာပြောတာ.. အဟီး.. မသေချာဘူး။

ဓာတ်ပုံရိုက်လက်စနဲ့လေ.. စိန်ထမင်းဆိုင်လေးပါ တချက်လောက်.. အားလည်းနာတယ်။ :P

yma said...

ဟုတ်လိမ့်မယ်ဗျ.. မက်မန်းက သေးတယ်.. အခွံ ပြောင်ချော်ချော် ရှိတယ်နဲ့ တူတယ်.. မက်မွန်က ကြီးတယ်.. အခွံ ကြမ်းတမ်းတမ်း ရှိမယ်နဲ့တူတယ်.. တွေ့ဖူးတာတော့ အဲ့ဒီလို (၂)မျိုးတွေ့ဖူးသလိုပဲ.. :)
စိန်ထမင်းဆိုင် ဟုတ် ရပါတယ်.. ရောက်ရင်တော့ ရှာကြည့်လိုက်ပါ့မယ်..

Ma Yangon Thu said...

စကားက အစပ်အဆက်မရှိတော့ ကိုရဲမြန်မာခေါင်းရှုတ်သွားမှာပဲ.. စိန်ထမင်းဆိုင်က တောင်ကြီးမြို့ပေါ်မှာပါ။ လမ်းမကြီးပေါ်မှာပဲ။ ကျွန်မ လမ်းနာမည်လည်းမသိဘူး။ အောင်ပန်းမှာ မဟုတ်ပါဘူး။ :)

yma said...

အော် တောင်ကြီးမြို့ ပေါ်မှာလား.. အောင်ပန်းမှာ ထင်လို့ ဗျ... ရန်ကုန်သူတွေ လုပ်ရင် မျက်စိကို လည်သွားတာပဲ.. :) မှတ်ရောပဲ..

Unknown said...

hollister uk
ralph lauren outlet
futbol baratas
mulberry handbags
soccer jerseys wholesale
ugg boots on sale
tory burch outlet online
rolex uk
ralph lauren polo
links of london jewellery
mulberry outlet
rolex orologi
adidas nmd
asics,asics israel,asics shoes,asics running shoes,asics israel,asics gel,asics running,asics gel nimbus,asics gel kayano
mont blanc pens
cheap nba jerseys
kobe 9
michael kors outlet clearance
michael kors outlet
coach outlet online
ugg outlet uk
air max 90
louboutin pas cher
asics
mizuno running shoes
adidas uk
fitflops sale
ray ban sunglasses
cheap nba jerseys
kobe bryants shoes
chrome hearts sunglasses
uggs on sale
nike uk store
lebron shoes
nike air max uk
0802jianxiang

raybanoutlet001 said...

christian louboutin shoes
michael kors handbags
cleveland cavaliers
oakland raiders jerseys
coach outlet
converse trainers
ralph lauren outlet
nike shoes
arizona cardinals jerseys
boston celtics jersey

yanmaneee said...

yeezy shoes
off white clothing
kd shoes
michael kors handbags
adidas tubular
yeezy boost 350 v2
baseball jerseys
cheap jordans
kobe shoes
michael kors outlet