Friday, August 10, 2007

အင်းလေးဒေသ သစ် ၀ါး ဈေးကြီး

ရေးပါ.. ရေးပါလို့ အက်မင်ကြီးက တစစ တောင်းတော့ ဘာရေးလို့ ဘာပုံပြရမှန်း မသိဘူးဖြစ်နေတယ်..ဟီး..။ တောင်ကြီးကို ခွဲလာတာလည်း ကြာပါပြီ။ ဘယ်နေ့မှာ ဘယ်သွားတယ်လို့ ပုံတွေနဲ့ မတင်ပြနိုင်တော့ ဟိုဆိုက်ဒီဆိုက် လျှောက်ကြည့်ရင်း ဖတ်နေကျ ဧရာဝတီ အင်တာနက် မဂ္ဂဇင်းမှာ အင်းလေးဒေသ အကြောင်းတွေ့တာနဲ့ ဘန်းထားသူတွေလည်း ဖတ်နိုင်အောင် ဒီဘလော့မှာ တင်လိုက်ပါတယ်။ သတင်းရေးသူထံ ခွင့်မတောင်းနိုင်တာကို ခွင့်လွတ် နားလည်ပေးစေချင်ပါတယ်။

နိုင်းနိုင်းစနေ


အင်းလေးဒေသ သစ် ၀ါး ဈေးကြီး

ကြည်ဝေ | သြဂုတ် ၈၊ ၂၀၀၇

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင်တွင်းရှိ အင်းလေးဒေသတွင် သစ်နှင့် ၀ါးဈေးများ အဆမတန် မြင့်တက်လာသည့် အတွက် ဒေသခံများ အခက်အခဲ ဖြစ်နေကြကြောင်း သိရသည်။

အင်းလေးကန်တွင်းရှိကျေးရွာ ၆၄ ရွာသည် ကျွန်းမျောများပေါ်တွင် စိုက်ခင်းများ ပြုလုပ်လျက်ရှိကြပြီး ကန်ရေပြင်တွင် ထိုကျွန်းမျောများ ရွေ့လျားသွားခြင်းမရှိရန် ၀ါးလုံးများကို ကန်အောက်ခြေထိ ထိုးစိုက်ထားရခြင်း၊ စိုက်ခင်းများတွင်လည်း ၀ါးတိုင်များကို အသုံးပြုရခြင်းအပြင် အင်းသားအများစုသည် ၀ါးဖြင့်ဆောက်သော အိမ်များတွင် နေထိုင်ကြရသူများဖြစ် သည့်အတွက် မရှိမဖြစ် အရေးကြီးသည့် ၀ါးဈေး ယခုကဲ့သို့ တက်လာသောကြောင့် အခက်အခဲဖြစ်ကြရသည်ဟု ဒေသခံ များက ပြောသည်။

ဝါးအိမ်တအိမ်၏ သက်တမ်းမှာ ယင်းဒေသတွင် အနည်းဆုံး ၂ နှစ်မှ အများဆုံး ၄ နှစ်ထိသာခံသည်ဟု သိရသည်။

၂၀၀၆ ခုနှစ်အတွင်းက ၀ါးတလုံးလျှင် ကျပ် ၈၀၀ ဈေးမှ အများဆုံး ၁၀၀၀ ကျပ်ဈေးထိ ပေါက်ဈေးရှိခဲ့ပြီး ၂၀၀၇ နှစ်ဆန်း ပိုင်းတွင် ၀ါးဈေး ကျပ် ၁၅၀၀ ခန့်မှ စတင်တက်လာခဲ့ရာ ၂၀၀၇ ဇူလိုင်လတွင် ၀ါးဈေးမှာ တလုံးလျှင် ၂၅၀၀ ကျပ် ဈေးအထိရှိနေသည်ဟု ညောင်ရွှေမြို့နယ် အင်းလေးကန်အတွင်းရှိ နမ့်ပန်ဈေးတွင် ၀ါးရောင်းသူတဦးက ဆိုသည်။

“မနှစ်ကကတည်းက အိမ်ပြင်ဆောက်ရတော့မှာ မနှစ်က ဆောက်မယ်ဆိုရင်ကျပ် ၂ သိန်းလောက် ကုန်မယ်ဆိုလို့ ငွေမနိုင်လို့ စောင့်နေတာ၊ ဒီနှစ်တော့ ပိုဆိုးသွားပြီ ခုနစ်သိန်းလောက် ကုန်မယ်ဆိုတော့ မဆောက်နိုင်တော့ဘူး”ဟု အင်းလေးကန်ထဲရှိ ရွာမကျေးရွာနေ တံငါသည်တဦးက ဆိုသည်။

ဝါးအိမ် တအိမ်ဆောက်လျှင် ၀ါးအလုံးရေ အလုံး ၂၀၀ နှင့် အထက် အသုံးပြုရပြီး အမိုးအတွက်လည်း သစ်အနည်းငယ်နှင့် သက်ငယ်ဖိုးကုန်ကျသည်ဟု သိရသည်။

အင်းလေးဒေသတွင် ခေါင်တိုင်ရွာမှထွက်သည့် ၀ါးများကို အားထား၍သုံးနေကြရာ ယင်းခေါင်တိုင်ရွာမှ ၀ါးအထွက်နည်းလာ သောကြောင့် ၀ါးရှားပါးလာပြီး ဈေးနှုန်း မြင့်တက်လာရခြင်းဖြစ်သည်ဟု နမ့်ပန်ဈေးမှ ၀ါးကုန်သည်က ပြောပြသည်။

“အခုဆိုရင် ဈေးတက်လို့ စိုက်ခင်းတွေမှာ ၀ါးကို လျှော့သုံးလာကြတယ်၊ အဲဒါ ရေရှည်အတွက်တော့ မကောင်းဘူး”ဟုလည်း ၎င်းက ပြောသည်။

ခေါင်တိုင်ရွာမှ ၀ါးထွက်နှုန်းသည် ကျဆင်းလျက်ရှိပြီး မနှစ်ကထက် ယခုနှစ်တွင် သုံးပုံ ၁ ပုံခန့် ကျဆင်းခဲ့သည်ဟု အထက်ပါ ကုန်သည်က ဆိုသည်။

ထို့အပြင် အင်းလေးဒေသတွင် လှေဆောက်လုပ်ရာ၌ အသုံးပြုရသော ကျွန်းသစ်ဈေးမှာလည်း ယခုနှစ်တွင် တတန်လျှင် ကျပ် ၇သိန်း ၀န်းကျင်ဈေး ရှိပြီး မနှစ်က ပေါက်ဈေးမှာ ကျပ် ၄ သိန်းဝန်းကျင်ရှိကြောင်း သိရသည်။

ကျွန်းကို ကချင်ပြည်နယ်နှင့် ကယားပြည်နယ်တို့မှ ၀ယ်ယူရခြင်းဖြစ်သောကြောင့် နှစ်စဉ် လိုသလောက် မရဟုလည်း ဒေသခံများက ပြောသည်။

7 comments:

ကိုချမ်း said...

နီးနီးနားနားမှာ နေတဲ့ ကျွန်တော်တို့တောင်
ဒီအကြောင်းတွေ မသိဘူး ။
ဒီ post လေးအတွက် ကျေးဇူး . . . . . . . . .

KZLM said...

မမ
မမကတော်တော် တော်တာဘဲ
ဆက်ရေးပါ ................

Taunggyi - The Cherry Land said...

အင်လေးမှာ သစ်၊ ၀ါးဈေးကြီးရတဲ့ အကြောင်းတွေက

၁။ အခု အင်းလေးကန် မတိမ်ကောအောင် အထူးစီမံကိန်းတွေလုပ်နေတဲ့ အထဲမှာ အင်းလေး ပါတ်ဝန်းကျင် သစ်ပင်၊ ၀ါးပင်တွေ မခုတ်ဖို့ ပါတယ်။ အဲ့ဒါက တစ်ချက်ပါ။
၂။ သစ်တောတွေ မပြုန်းတီးအောင် ထိန်းသိမ်းတဲ့ နေရာမှာ အခုရှမ်းတောင်တစ်ခုလုံး သစ်၊ သစ်သား လုံးဝသယ်ယူခွင့် မရှိတော့ပါဘူး။ သစ်တောဝန်ကြီးဌာန ပါမစ်မပါရင် လုံးဝဖြတ်သန်းသွားလို့ မရပါဘူး။ ဖမ်းယူနေပါတယ်။ အဲ့ဒါက တစ်ချက်ပါ။
အဲ့ဒီ အချက် ၂ချက်ကြောင့် အခု သစ်ဈေးတွေ ကြီးနေရတာ ဖြစ်မယ်လို့ ကျွန်တော်ထင်ပါတယ်။

အင်းလေးကန် မတိမ်ကောအောင် နှစ်ရည်အပင်တွေကို အင်းလေးပါတ်ဝန်းကျင် တောင်တန်းတွေပေါ်မှာ အလုံးအရင်းနဲ့ ဧကထောင်ချီပြီး စိုက်ပျိုးနေတယ်လို့ သိရပါတယ်။

Unknown said...

true religion outlet
ray ban sunglasses
longchamp outlet online
tiffany and co
police sunglasses
true religion jeans outlet
lacoste polo shirts
fitflops uk
nike air max 90
hollister clothing
nike air force 1
longchamp
longchamp pliage
ferragamo outlet
reebok shoes
cheap uggs
omega outlet
nike air max 2015
hollister clothing store
michael kors outlet
nike free 5.0
hermes birkin
prada outlet
polo ralph lauren
mlb jerseys
michael kors handbags
burberry sunglasses on sale
oakley sunglasses wholesale
coach outlet clearance
nike air max
kate spade handbags
adidas outlet store
mulberry handbags sale
ugg boots
mulberry handbags
0802jianxiang

chenmeinv0 said...

adidas outlet
prada handbags
true religion outlet
canada goose jackets
coach outlet online
north face jackets
canada goose outlet
polo outlet
heat jerseys
thunder jerseys
2017.1.22xukaimin

raybanoutlet001 said...

nike air huarache
nike trainers shoes
jordan shoes
redskins jerseys
supreme clothing
fitflops sale
nike air jordan
ray ban sunglasses outlet
giants jersey
cheap oakley sunglasses

te12 said...

qzz0726
canada goose outlet
fitflops sale clearance
christian louboutin outlet
christian louboutin outlet
cheap jerseys
ugg outlet
soccer shoes
uggs outlet
carrera sunglasses
true religion uk