Monday, August 6, 2007

``ကြားခဲ့သမျှ ဖောက်သည်ချခြင်း´´

တစ်ခါ ဗိုလ်တစ်ယောက်က အင်းသားတစ်ယောက်အား ညနေဘက် သူ့ထံ အရောက်လာခဲ့ရန် မှာထား၏။
သို့သော်…နောက်တနေ့မနက်ရောက်သည

်အထိ.. အင်းသားရောက်မလာခဲ့..
ဗိုလ်ကြီးဖြစ်သူက ထိုအင်းသားအိမ်သို့ အရောက်သွားကာ ဘယ်အတွက်ကြောင့်
သူမှာထားသည်ကို ရောက်အောင်မလာခဲ့သနည်းဟု မေးရာ. အင်းသား၏အဖဖြစ်သူက
ကြားမှဝင်ဖြေလိုက်သည်မှာ `မနေ့ညက ငါက မိုက်လို့ မလွှတ်လာတာပါ´ ဟူ၏။.
ထိုစကားကိုကြားသော် ဗိုလ်ကြီးက `ဘာကွ မိုက်လို့ဟုတ်လား´ ဟုပြန်ပြောရာ
ဖခင်ဖြစ်သူက ရှင်းပြမည့်ဟန်ပြင်ရုံရှိသေး သားဖြစ်သူအင်းသားက ဖခင်အား
`ခက်ဝေါ့...တော့ဖကလည်း သပုန်ပါ့.. တစ်ချက်ငြိမ်ငြိမ်နေ´ ဟု
လှမ်းပြောလိုက်၏။
ထိုအခါ ဗိုလ်ကြီးက သူ၏လက်အောက်ငယ်သားများအား `ကဲ..ဒီသူပုန်သားအဖကို
မြန်မြန်ဖမ်းချုပ်လိုက်စမ်း´ဟု အမိန့်ပေး၏။
ရပ်သူရပ်သားများက အင်းသားတို့သားအဖမှာ ရိုးရိုးသားသား ရှာဖွေစားသောက်
နေသူများဖြစ်ကြောင်း ဘယ်အကြောင်းကြောင့် ဖမ်းဆီးရသနည်း ဟု
ဝိုင်းမေးကြသောအခါ ဗိုလ်ကြီးက `သူတို့ပြောစကားများက သက်သေခံနေတာပဲ´
`အဖေကလည်း မိုက်လို့ မလွှတ်တာတဲ့´ `သားကလည်း သူပုန်လို့ဝန်ခံနေတာပဲ´
`ဒါကြောင့်ဖမ်းရတာပါ´ ဟု ပြောလိုက်ရာ ရပ်သူရပ်သားများ
ပြုံးစိစိဖြစ်ကုန်ကြ၏။
ထို့နောက် အရပ်သူအရပ်သားများ ၀ိုင်းဝန်းဖြေရှင်းပေးကြခါမှ
အင်းသားတို့သားအဖ လွတ်ငြိမ်းခွင့်ရခဲ့၏။
`ညကမိုက်လို့မလွှတ်´ ဟူသည်မှာ `ညမိုးချုပ်နေပြီဖြစ်သောကြောင့်
သားဖြစ်သူကို သွားခွင့်မပြုကြောင်း´ နှင့် `တော့ဖကလည်းတစ်ပုံပါ့´
ဟူသည်မှာ `အဖေကလည်းတစ်မျိုး´ ဟု ဆိုလိုပါသည်။


P.S…`သိစေချင်ပါသည်´ ကိုဖတ်ပြီး ညီမလေးတစ်ယောက်က သူသိခဲ့ရတဲ့
အင်းသားစကားနှင့်ပတ်သက်သော အကြောင်းအရာလေးကို ညီမကို ပြောပြရာ
ညီမကတစ်ဆင့် အားလုံးကို ကြားသိသမျှ ပြန်လည် ဖောက်သည်ချခြင်း ဖြစ်ပါသည်။

2 comments:

နိုင်းနိုင်းစနေ said...

ဟား..ဟား.. အတို့မွေ့ခင်ရေ.. ရီလိုက်ရတာ
ဖိုက်နိုက်နေရတယ်.... အဲလိုလေးတွေ များများတင်.. :)

yma said...

:D :D :D တကယ် ရီရတယ်ဗျို့ :D များများရေးပါဗျို့...