Tuesday, November 6, 2007

ရွှေအင်းတိန် ဘုရားများသို့ တစ်ခေါက် (၂)

အော် ပထမပိုင်းမှာ ဘယ်သူ့ဆီကမှ ဘုရားဖူး လိုက်မယ်ကွယ်လို့ ပြောသံမကြားရတဲ့အတွက်.. ဘယ်သူမှမပါဘဲ ကျွန်တော် တစ်ယောက်ထဲ အင်းတိန်လှေဆိပ် ရောက်သွားတယ်နဲ့ တူပါတယ်.. :(

ကဲဒါဆိုလဲ ရဲမြန်မာရေ ကိုယ့်ဘာသာကိုယ်ပဲ ဘာတွေရှိလဲ ကမ်းပေါ်တက်ပြီး ကြည့်လိုက်ပါတော့ကွာ..

ဟာ Art Gallery တွေပါလား.. နောက်ပြီး Souvenir Shop တွေလဲ မနည်းပါလား.. ပုဂံလက်ရာတွေပဲ.. ဘယ်လိုလုပ် အင်းထဲက ရွာတစ်ရွာကို ရောက်နေတာပါလိမ့်.. လက်မှုပစ္စည်းတွေအများကြီးပဲ.. အင်း ဈေးလဲနည်းမှာ မဟုတ်ဘူးနဲ့ တူတယ်ဗျ.. မ၀ယ်နိုင်မဲ့ အတူတူ ဓာတ်ပုံတွေပဲ လိုက်ရိုက်လိုက်တော့မယ်..

ဒါနဲ့ ရွှေအင်းတိန်ဘုရားတွေ ဆီကို လမ်းလျှောက်သွားရမှာနဲ့ တူတယ်.. မသွားခင် တောင်ကြီးချယ်ရီမြေမှာ Virtual Tour ပြလို့ရအောင် လှည့်ပါတ်ပြီး ရိုက်ဦးမှပဲ.. နဲနဲပါးပါးလဲ စပ်စုကြည့်ဦးမှ.. ``ဦးလေး ဒါတွေကို ဒီမှာလုပ်တာလား´´ .. ``အော်အော်..အော်.. အဲ့လိုလား.. ဟုတ်ကဲ့..´´ အားလုံးလဲ သိသွားပြီမဟုတ်လား.. အဲ့လိုတဲ့.. :)

ဟာ ဆိုင်တွေက ဒီနားမှာတင် မဟုတ်ဘဲကိုး.. အရှေ့မှာလဲ တွေ့နေရသေးတယ်.. ဈေးတန်းကြီးကို ဖြစ်လို့.. အင်း ဘုရားရောက်တဲ့ အထိ ဆိုင်တန်းတွေက ရှိဦးမှာနဲ့တူတယ်.. အဲ့ဒါဆိုရင်တော့ မြန်မာမှု လက်ရာတွေ တ၀ကြီး ကြည့်ရတော့မှာပဲ.. ဆက်လျှောက်ဦးမှ.. အားလုံးလဲ မြင်တဲ့ အတိုင်းပဲ.. ပုဂံမြို့ တစ်စိတ်တစ်ပိုင်းကို အင်းလေးကန်ထဲ လာရွှေ့ထားသလား အောက့်မေ့ရတယ်.. ပုဂံက၊ မန္တလေးက ပစ္စည်းတွေကြီးပဲ.. တော်တော်များများက အဲ့ဒီက မှာထားတာတဲ့.. ဒီမှာက နဲနဲပါးပါးပဲ လုပ်ကြတာတဲ့.. ခုနက ဦးလေးတစ်ယောက် ပြောတာလေ.. ကြားလိုက်ကြတယ် မဟုတ်လား.. :)

သူတို့ကလဲ ပြောပါတယ်.. အဲ့ဒီပစ္စည်းတွေက Foreinger တွေကပဲ ၀ယ်ကြတာတဲ့.. များများစားစားတော့ မရောင်းရပါဘူးတဲ့.. ကြည့်ပါလား.. ရဲမြန်မာလဲ ဘာမှမ၀ယ်ဘူး.. အဟဲ.. ကျွန်တော်လဲ အားပေးမလို့ မေးကြည့်ပါသေးတယ်.. ပထမတော့ ပဒေါင်ခေါင်းပုံ Keychain လေးတွေ အများကြီးဝယ်ပြီး.. တောင်ကြီး ချယ်ရီမြေက ဧည့်သည်တွေကို လက်ဆောင်ပေးမလို့ ဆိုပြီး မေးကြည့်တာ.. တစ်ခု ၁၅၀၀ကျပ် ဆိုလို့ မသိချင်ယောင်ဆောင်နေ လိုက်ရတယ်.. အခုတော့ လက်ဆောင်အဖြစ် ဓာတ်ပုံတွေအများကြီးပဲ ပေးလိုက့်တယ်နော်.. ဖြစ်တယ် မဟုတ်လား..

အဲ ရွှေအင်းတိန်ဈေးဆိုပါလား.. တော်တော်လေး ကျယ်တာပဲ.. ဒီနေ့လူရှင်းနေတော့ ဈေးနေ့ ပြီးသွားပြီနဲ့တူတယ်.. အင်းတိန် မူလတန်းလွန်ကျောင်းလဲ ရှိတာပဲ..

ဈေးလဲ ပြီးရော.. ခုနကလို ပစ္စည်းတွေ ရောင်းတဲ့ ဆိုင်တန်းတွေ တွေ့ပြန်ပါတယ်..



Art Gallery တွေ ဒီမှာ ပိုများတာပဲ.. ၀င်ရိုက်လိုက်ဦးမှ.. ဟိုက်ရှားပါး.. အပျံစားတွေပါလား.. ဒီက လူတွေ ဆွဲတာလား မသိဘူး.. တော်တော် တော်တာပဲ.. ဟော အဒေါ်ကြီးကို မေးကြည့်ဦးမှပဲ.. သူဆွဲတာလားလို့.. ``အဒေါ်ရေ ဒါတွေက အဒေါ်ကိုယ်တိုင် ဆွဲထားတာလား ခင်ဗျာ..´´ ``ဘယ်ကလာ.. အဒေါ်ဆွဲတာ မဟုတ်.. မန္တလေးက ဆရာတစ်ယောက် ဆွဲပေးတာပဲ.. အဒေါ်က ဆွဲတတ်တာ မဟုတ်ဘူးလေ. ´´ (အဲ အဲ့ဒီမှာ စကားက နဲနဲဝဲတယ်.. လေယူလေသိမ်းက ထားဝယ်သံလိုမျိုးပဲ.. အဒေါ်ကြီးက အင်းသူဖြစ်မယ်နဲ့တူတယ်..) ``ဟုတ်ကဲ့ ဟုတ်ကဲ့ အဲ့ဒါဆို ကျွန်တော့်ကို ဓာတ်ပုံရိုက်ခွင့်ပြုနော်´´ ဆိုပြီး ကျွန်တော်လဲ ခွင့်တောင်ပြီး ရိုက်လိုက်ပါတယ်..

ခဏလောက်လဲ ကြာရော ချောင်းတစ်ခုကိုတွေ့ပါတယ်.. အဲ့ဒီမှာ တံတားတစ်ခုရှိပြီး.. ဟိုဘက်ကမ်းမှာတော့ ရွှေအင်းတိန်ဘုရားကို သွားတဲ့ လမ်းလို့ ထင်ရတဲ့ ရှည်မြောမြော တန်စောင်းကြီးတစ်ခုကို တွေ့ရပါတယ်.. အဲ့ဒီမှာ မုန့်လေပွေရောင်းတဲ့ အသည်နဲ့ အသုတ်ရောင်းတဲ့ ဆိုင်ကို တွေ့ပါတယ်.. စားပါဦးလားလို့ သူတို့က မေးပါသေးတယ်.. အလကားမဟုတ်ဘူး ထင်တာနဲ့ ကျွန်တော်လဲ ရီပြလိုက်ပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်.. ကျေးဇူးပါပဲလို့ ပြောပြီး စောင်းတန်းဆီကို ဦးတည်သွားလိုက်ပါတယ်.. (အဲ့ဒီတုန်းကသာ ဟုတ်ကဲ့ ဆိုပြီး ၀င်စားလိုက်ရင် အလကားများ စားရမလား မသိ.. အဲ့လိုမျိုးဆိုရင် နာလိုက်တာကွာလို့ နောက်မှ ပြန်စဉ်းစားမိတယ်.. )

ဆောင်းတန်းကို ရောက်ပါပြီ.. အဲ့ဒါဆို ဘုရားရောက်ဖို့ နဲနဲလောက်ပဲ လိုတော့မှာပဲလို့ တွေးလိုက်မိပေမဲ့ ကျွန်တော့် အထင်မှားသွားခဲ့ပါတယ်.. ဆောင်းတန်းကြီးက တော်တော်ရှည်ပါတယ်.. အခုခေတ် အဲ့လိုမျိုး ဆောင်းတန်း မြင်ရဖို့ တော်တော်ခတ်ပါလိမ့်မယ်.. ပြန်ဆောက်မယ်ဆိုရင်တောင် ပိုက်ဆံတော်တော်ကုန်မဲ့ သဘောရှိပါတယ်.. အဲ့ဒီမှာ ကျွန်တော်တွေးလိုက်မိပါသေးတယ်.. တော်တော်ကောင်းတဲ့ ဆောင်းတန်းကြီးပါလားလို့လေ.. နောက်ပြီး ဒီနယ်မြေဟာ အရင်က ဘယ်လောက်တောင် စည်ပင်တိုးတက်ခဲ့ မလဲလို့ ခန့်မှန်းကြည့်မိ ပါသေးတယ်.. သေချာပါတယ်.. အတိတ်က နှစ်ကာလ တစ်ခုမှာ ဒီနေရာ ဒီဒေသဟာ တော်တော့ကို စည်ကားခဲ့မှာပါ.. ကျွန်တော်စိတ်ထဲမှာ အဲ့ဒီအတွက် နှမျောတသ ဖြစ်မိရာက အနည်းငယ် ရှေ့ဆက်သွားလို့ နောက်ထပ် ဘုရားအပျက်တွေ အများကြီးတွေ့တဲ့ အခါမှာတော့ ယူကြုံးမရပါ ဖြစ်မိပါတော့တယ်..

အရင်အချိန်တွေမှာ ဘယ်လောက်များ ခမ်းနားသာယာလိုက်မလဲလို့လဲ ပါးစပ်ကထွက်မတက် စုတ်သတ်နေမိ ပါတော့တယ်.. အဲ့ဒီကို မရောက်ခင်တုန်းကတော့ ဒီလောက် များပြားလိမ့်မယ်.. ခန့်ထည်လိမ့်မယ်လို့ မတွေးမိခဲ့ပါဘူး.. အခု မျက်ဝါးထင်ထင်မြင်ရတော့မှပဲ မွေတော်ကက္ကူဘုရားတွေလိုမျိုး ပြုပြင်ဖို့ လိုနေတဲ့ ဘုရားတွေ အများကြီး ရှိမှန်း သိခဲ့ရပါတော့တယ်.. အခု အပိုင်းမှာ ပါတဲ့ ဘုရားတွေက ရွှေအင်းတိန် ဘုရားကို သွားတဲ့ စောင်းတန်း ဘေးမှာရှိတဲ့ ဘုရားအပျက်တွေပါ.. ဟိုရောက်ရင်လဲ ဘုရားတွေ အများကြီးတွေ့ရဦးမှာပါ.. စေတီပေါင်း ၁၀၀၀ကျော်ရှိတယ်လို့ ပထမပိုင်မှာတုံးက ဖော်ပြထားတာ မှတ်မိမယ်နဲ့ တူပါတယ်..

အဲ့ဒီမှာ မကျီးပင်အိုကြီး တစ်ပင်ကိုလဲ ဓာတ်ပုံရိုက်ခဲ့ပါသေးတယ်.. ရွတ်တွနေတယ် ဆိုတဲ့ စကားလုံးက အဲ့ဒီအပင်ကို တွေ့တော့မှ ကွက်တိပဲလို့ အောချ မိပါတော့တယ်..

ဆောင်းတန်းကြီးကို ဆက်လျှောက်ရင်း ကျွန်တော်လဲ မရောက်ဘူးသေးတဲ့ သူတွေ မြင်တွေ့ရအောင်.. နောင်အခါလဲ မှတ်တမ်းအနေနဲ့ ရရှိအောင် ဓာတ်ပုံတွေ ဟိုပြေးရိုက်လိုက် ဒီပြေးရိုက်လိုက်လုပ်ရင်း ခြေထောက်တွေ ညောင်းလို့ ညောင်းမှန်းတောင် သတိမထားမိတော့ပါဘူး.. နောက်ဆုံးမှာတော့ ၃.၃ဖာလုံရှည်တဲ့ ဆေင်းတန်းကြီးလဲ ဆုံးပြီး၊ ရွှေအင်းတိန် သမိုင်းဝင်ဘုရား ကိန်းဝပ်တော်မူတဲ့ တန်ဆောင်းနေရာကို ရောက်ရှိသွားခဲ့ပါ.. တော့.. တယ်..