Saturday, November 17, 2007

သူတို့ ပြင်ဆင်နေကြပြီ ၎

သူတို့ပြင်ဆင်နေကြပြီ ခေါင်းစဉ်နဲ့ ကျွန်တော်တို့ရေးလာတာ အခုဆိုရင် အပိုင်း ၄ အထိ ရောက်လာပါပြီ။ ဒါပေမယ့်. စိန်နားပန် မီးပုံးပျံ နဲ့ ပတ်သက်ပြီး တစ်ခု မှ မပါသေးပါဘူး။ တစ်ချက်ခုတ် ၊ နှစ်ချက်ပြတ် အနေနဲ့ စာဖတ်သူတွေ လည်း ဘယ်သူတွေ ဘာတွေပြင်ဆင်နေပြီးဆိုတာ လည်း သိရတယ်။ မနိုင်းနိုင်းအတွက်လည်း သဲလွန်စ လေးတွေကို ဆွဲထုတ်ကြည့်တာပါ။ မီးဆရာ စိုင်းလောင်ခမ်း ဦးစီးတဲ့ စော်ဘွားမီးကို သွားရောက်ခဲ့ပါတယ်။ စော်ဘွားမီးဟာ ၁၈ ရက်နေ့ ဒုတိယ အလုံးမှာ လွှတ်တင်မှာပါ။ အဲဒီအတွက် အခုကတည်းက သေသေချာချာပြင်ဆင်နေကြပါပြီ။ ဓါတ်ပုံလေးတွေကို ပဲ တင်ပေးလိုက်ပါတယ်။

ps. စိုင်းလောင်ခမ်းက အထက ၁ က မဟုတ်ပါဘူးတဲ့။ မမီးမီး ဆိုတာလည်း သူ မသိပါဘူးတဲ့။ :P တခြား ခေါ်တဲ့နာမည်လေး ရှိရင် လည်း ပြောပြပါတဲ့။ ကဲ မမီးမီးရေ.................................................................


No comments: