Tuesday, November 13, 2007

သူတို့ ပြင်ဆင်နေပြီ

ညနေက မင်းကွန်းကျောင်းဝင်းထဲမှာ နောင်ဝိုလ်းအဖွဲ့ရဲ့ မီးပုံးပျံ မှိုင်းဖြူခံတဲ့ ပုံတွေပါ။ မီးပုံးပျံလွှတ်တင်မယ်ဆိုရင် ရေနံချေး၊ ဖယောင်း ၊ ဒီဇယ် အစရှိတဲ့ မီးခိုးအမည်းထွက်တဲ့ ပစ္စည်းတွေ အသုံးပြုရပါတယ်။ မှိုင်းဖြူခံတယ်ဆိုတာက ဝါး နဲ့ အခြား အဖြူရောင်မှိုင်းထွက်တဲ့ ပစ္စည်းတွေကို သုံးရပါတယ်။ မှိုင်းဖြူခံရတဲ့ အကြောင်းရင်းက မီးပုံးပျံမှာ အလှဆင်ထားတဲ့ ပုံတွေနဲ့၊ မီးပုံးပျံရဲ့ အနေအထားကို သိရအောင်ပါ။ ပြီးတော့ ပေါက်ပြဲနေတာတွေ ရှိမရှိ စစ်ဆေးကြပါတယ်။ နောင်ဝိုးအဖွဲ့ မီးပုံးပျံရဲ့ အရွယ်အစားက ခေါင်အချင်း ၂၄ပေ ၊ အမြင့် ၂၂ပေ ရှိပါတယ်။ မီးပုံပျံ ၊ ယမ်း ၊ မီးစာ အားလုံးရဲ့ စုစုပေါင်း ကုန်ကျစရိတ် ၁၂ သိန်းဝန်းကျင်လောက် ရှိပါတယ်။





2 comments:

နေလင်း said...

ကိုချမ်းရေ...သတိရအောင်လုပ်နေတာလားဗျာ....ကျေးဇူးတင်ပါတယ်
မမေ့နိုင်စရာတွေပါပဲ...

yma said...

ကိုချမ်းရေ မိုက်တယ်ဗျ.. တစ်ခြား အဖွဲ့တွေလဲ လုပ်ပေးပါဦး.. အားပေးတယ်ဗျာ..