Friday, November 9, 2007

pre-Fireballoons Festival

တောင်ကြီးမြို့ ဥတ္တရာရုံ ပရိယတ္တိ စာသင်တိုက်တွင် မီးပုံးပျံတွေ လွှတ်ကြမယ်ဟု သူငယ်ချင်း တစ်ယောက်မှ သတင်းပေးလာသည။် ကျွန်တော်တို့ အတွက် ဓါတ်ပုံတွေ ၊ Movie တွေ စမ်းသပ်ရိုက်ကူးဖို့ အတွက် အခွင့်ကောင်း ပင်။ ည၇ နာရီလောက် ရောက်တော့ ကျွန်တော် တို့ ၄င်း ဘုန်းကြီးကျောင်းကို ရောက်သော အခါ ပထမဆုံးအလုံး ကို လွှတ်တင်ပြီးပြီ။ ကျွန်တော်တို့ အဖွဲ့လည်း မီးပုံးပျံ အနီးကပ် ရိုက်ဖို့အတွက် အတွင်းသို့ တိုးဝင် လိုက်သည်။ စုစုပေါင်း မီးပုံးပျံ ၆ လုံး လွှတ်တင်ကြမည် ဟု ဘေးမှ သူငယ်ချင်းမှ ပြောပြသည်။ ဒုတိယ အလုံး ကို မှိုင်းခံ နေပြီ။ မီးပုံပျံ ပြိုင်ပွဲဝင် အသင်းများ အနေနှင့် ပြိုင်ပွဲ မ၀င်မှီ မိမိတို့ တီထွင်ထားသော နည်းပညာများကို စမ်းသပ် ခြင်းဖြစ်သည်။ မီးပုံးပျံ မှာ ပြိုင်ပွဲဝင် မီးပုံးပျံ များကဲ့သို့ ရှမ်းစက္ကူများဖြင့် မဟုတ်ပဲ ပလတ်စတစ် များဖြင့် ပြုလုပ်ထားသည်။ မီးပုံးပျံ အရွယ်အစားနှင့် ပါဝင်သော ယမ်း များမှာလည်း ပြိုင်ပွဲထက် နည်းသည်။ ဒုတိယ အလုံး အောင်မြင်စွာ လွှတ်တင်လိုက်နိုင်ပြီ။ မီးပုံးပျံ ကို အနီးကပ် ကြည့်လျှင် အန္တရာယ်များသည်။ ကျွန်တော်လည်း ကင်မရာ ကိုင်ရင်း ညာဘက် နဖူး စောင်းကို မီးရှူးတစ်လုံး လာထိသည်။ ပူစပ်ပူလောင်ဖြင့် အတော်နေရခက်သည်။ ည ၁၀ နာရီ လောက်ရောက်တော့ ကျွန်တော်တို့ ပြန်လာသည်။ လွှတ်တင်ဖို့ မီးပုံးပျံ ၂ လုံး ကျန်သေးသည်။ ယနေ့ညလည်း အေးစေတီ တွင် မီးပုံးပျံ များ လွှတ်ကြအုံးမည်။ အခါအခွင့်သင့်လျှင်တော့.....................



movie ကိုရင်ခုန် ခံစားလိုသူများ ဒီနေရာတွင် ယူပါ။

No comments: