Tuesday, November 13, 2007

နှစ် အလိုက် မီးပုံးပျံစာရင်း

ကိုကျော်စွာကနေပြီးတော့ မီးပုံပျံနောက်ဆုံး စာရင်း တင်ပေးပြီးဖြစ်ပါတယ်.. အဲ့ဒီမှာ စုစုပေါင်းက (၅၀၀)ကျော် မဟုတ်ပါဘူး.. နေ့လွတ် စုစုပေါင်းကို တစ်မျိုးစီပြန်ခွဲပြီး ရေးပေးထားလို့ Double ပေါင်းမိတာ ဖြစ်ပါတယ်.. အားလုံးက (၃၀၁) လုံးပါ..

ပြင်ဦးလွင်ပွဲက အလုံးပေါင်း (၁၀၀) ကျော်ရှိတယ်လို့ ကြားတော့ ကျွန်တော် စိုးရိမ်သွားတာ အခု ဒီနှစ် အတွက် တောင်ကြီးမှာ (၃၀၁) လုံးတောင် ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရတော့ တော်တော်လေး ၀မ်းသာမိပါတယ်.. နောက်ပြီး အရင်နှစ်တွေထက် ဒီနှစ် ပိုများရဲ့လားလို့ သိချင်တာနဲ့လဲ သိတဲ့သူတွေကို မေးမြန်းကြည့်တာ အခုလို စာရင်းလေး တစ်ခု ရလိုက်ပါတယ်.. အားလုံးလဲ သိနိုင်အောင်လို့ ဖော်ပြလိုက်ပါတယ်..

၂၀၀၅ခုနှစ်

ညမီးကြီး ၃၃လုံး
စိန်နားပန် ၃၉လုံး
အရုပ်အုပ်စု ၃၈လုံး
အရုပ် ခြေလေးချောင်း ၅၁လုံး
အရုပ် ခြေနှစ်ချောင်း ၈၂လုံး
အားလုံးပေါင်း ၂၄၃လုံး
ဆုကြေးကုန်ကြငွေ ၁၃၉သိန်းကျော်

၂၀၀၆ခုနှစ်

ညမီးကြီး ၃၃လုံး
စိန်နားပန် ၃၅လုံး
အရုပ်အုပ်စု ၄၄လုံး
အရုပ် ခြေလေးချောင်း ၅၁လုံး
အရုပ် ခြေနှစ်ချောင်း ၇၄လုံး
အားလုံးပေါင်း ၂၃၇လုံး
ဆုကြေးကုန်ကြငွေ ၁၈၇သိန်းကျော်

၂၀၀၇ခုနှစ်


ညမီးကြီး ၃၇လုံး
စိန်နားပန် ၃၅လုံး
အရုပ်အုပ်စု ၄၅လုံး
အရုပ် ခြေလေးချောင်း ၈၀လုံး
အရုပ် ခြေနှစ်ချောင်း ၁၀၄လုံး
အားလုံးပေါင်း ၃၀၁လုံး
ဆုကြေးခန့်မှန်း ကုန်ကြငွေ သိန်း ၂၀၀ကျော်

ဒီနှစ်က ပြိုင်ပွဲဝင် မီးပုံးပျံ အရည်အတွက် များလာတဲ့ အတွက် ဆုကြေးကလဲ ပိုပြီး များလာဖို့ ရှိတယ်လို့ သိရပါတယ်.. ဆုကြေးကလဲ ဆုရတဲ့ အဖွဲ့တွေသာမက ပြိုင်ပွဲဝင်တဲ့ မီးပုံးပျံ အားလုံးအတွက် ပေးတာလို့ သိရပါတယ်..

ဒီ နှစ်ကတော့ မီးပုံးပျံကွင်းသစ်ကြီးရယ်.. အစီအစဉ် အသစ်တွေရယ်.. များပြားတဲ့ မီးပုံးပျံတွေရယ်.. ဆန်းသစ်ထားမဲ့ ပြကွက်တွေရယ်နဲ့ ၁၃၆၉ခုနှစ် တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်ကတော့ တော်တော်ကြီးကို စည်ကားနေတော့မှာ အမှန်ပါပဲ..

အဲ့ဒီလို ပွဲတော်ကြီး တစ်ခုလုံးကိုလဲ တောင်ကြီးချယ်ရီမြေကနေ တိုက်ရိုက် Webcast လုပ်ပေးဦးမယ် ဆိုတော့ အားလုံး တပျော်တပါး အားပါးတရ ကြည့်ရှုဆင်နွှဲနိုင်ဦးမှာလဲ အမှန်ပါပဲ..

တစ်ခုတော့ စိုးရိမ်မိတယ်.. တောင်ကြီးမှာ တိမ်တွေအုံ့ပြီး မိုးဖွဲတွေကြတာ နှစ်ရက်လောက်ရှိပြီ.. ဒီနေ့လဲ မိုးနဲနဲရွာတယ်.. မုန်တိုင်း ရှိလို့လို့ ကြားမိပါတယ်.. အဲ့ဒီ မုန်တိုင်းက ပွဲရက်တွေမှာ ရှိမနေဖို့၊ ပွဲကိုလဲ မဖျက်နိုင်အောင်လို့ ဆုတောင်းနေရတာလဲ အမောပါပဲ..

No comments: