Tuesday, November 6, 2007

ကွန်ပျူတာ ပန်းချီပြိုင်ပွဲကျင်းပမည်

၂၀၀၇ခုနှစ် ဒုတိယ အကြိမ်မြောက် သတင်းနှင့် နည်းပညာပြပွဲ (ရှမ်းပြည်နယ်) အထိန်းအမှတ် အဖြစ် MCPA (Shan State) နှင့် MCIA (Shan State) တို့မှ ပူးပေါင်း ကျင်းပမည့် ကွန်ပျူတာ ပန်းချီပြိုင်ပွဲကို ၀င်ရောက် ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားကြောင်း သိရပါသည်။

ပြိုင်ပွဲအတန်း (၂)မျိုးသတ်မှတ်ထားပြီး မည်သူမဆို အခမဲ့ ပါဝင်ယှဉ်ပြိုင်နိုင်မယ်လို့ သိရပါတယ်။

အခြေခံပညာအဆင့် အတန်းမှာတော့ ၈နှစ်မှ ၁၃နှစ် အတွင်း ကျောင်းသား၊ ကျောင်းသူများ ပါဝင်နိုင်ပြီး၊ Microsoft Paint နဲ့ ၃နာရီအတွင်း အပြီး ရေးဆွဲယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

အလွတ်တန်းအဆင့်မှာတော့ အသက်ကန့်သတ်ချက်မရှိဘူးလို့ သိရပါတယ်။ ပြိုင်ပွဲဝင်များက Adobe Illustrator နဲ့ Corel Draw Software နှစ်မျိုးမှ မိမိနှစ်သက်ရာ တစ်ခုကို အသုံးပြုပြီး၊ အချိန် ၃နာရီအတွင်း ရေးဆွဲ ပြိုင်ပွဲဝင်ရမှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီ ယှဉ်ပြိုင်ထားတဲ့ ပုံများကို Print Out ထုတ်ပြီး၊ ICT Exhibition ကာလအတွင်း Gallery အနေနဲ့ ပြသသွားမှာ ဖြစ်ပါတယ်။ အဲ့ဒီနောက်မှာတော့ လာရောက်ကြည့်ရှူတဲ့ သူများကို မဲပေးဆုံးဖြတ်ခိုင်းပြီး ဆုများ ချီးမြှင့်သွားမယ်လို့ သိရပါတယ်။

ရေးဆွဲရမဲ့ အကြောင်းအရာကတော့ တောင်ကြီးမြို့ တန်ဆောင်တိုင် ပွဲတော်ပဲ ဖြစ်ပါတယ်။ Graphic Design ပြိုင်ပွဲ မဟုတ်ဘဲ ပန်းချီပြိုင်ပွဲ ဖြစ်လို့ Photo တွေ အသုံးမပြုရဘူးလို့လဲ စည်းကမ်း သတ်မှတ်ထားကြောင်း သိရပါတယ်။

No comments: