
အဲ့ဒီမှာ ရိုက်လာသမျှ ပုံတွေထဲက တစ်ချို့ကို အခုနောက်ဆုံး အနေနဲ့ ဖော်ပြလိုက်ပါတယ်.. အပြန်ခရီးက ပုံတွေလဲ ပါပါတယ်..
(ရှေးဟောင်း အနုပညာတွေ ပြုပြင်တဲ့နေရာမှာ ဘာဖြစ်လို့ အရင်က ပညာရှင်တွေရဲ့ လက်ရာကို နဲနဲလောက် မှီအောင် အခု ပညာရှင်တွေက မတက်နိုင်တာလဲ ဆိုတာ ကျွန်တော် စဉ်းစားလို့မရဘူး.. မွေတော်ကက္ကူမှာ ပြန်ပြင်ထားတဲ့ ဘုရားစေတီ အချို့ဆိုရင် တော်တော်လေး ရုပ်ဆိုးနေတာ တွေ့ရသေးတယ်.. )
ကျွန်တော် အပြင်မှာ ရသလောက် ခရီးတွေသွားဖြစ်ခဲ့သလို Internet ကနေလဲ မရောက်နိုင်တဲ့.. မရောက် သေးတဲ့ နေရာတွေကို ခရီးသွားရတာကို သဘောအရမ်းကျမိပါတယ်..

မရောက်ဖူးသေးတဲ့ နေရာတော်တော်များများကို Google Earth တို့ Virtual Earth တို့ကနေ လျှောက်သွားရတာကလဲ Feeling တစ်မျိုးပါပဲ.. တောင်ကြီးမြို့ကိုတော့ Google Earth ကနေ အနှံ့ အချိန်ရတိုင်း သွားဖြစ်ပါတယ်..

တစ်နေ့တော့ အမှတ်မထင် ရွှေအင်းတိန် ဘုရားပုံတွေကို Clear, High Resolution နဲ့ Google Earth မှာ တွေ့လိုက်လို့ အရမ်း ၀မ်းသာခဲ့ရပါတယ်.. အခု Virtual Tour ကို ပိုပြီးတော့ အသက်ဝင်သွားအောင် အဲ့ဒီပုံတွေကို Tag တွေထည့်ပြီး ဖော်ပြပေးလိုက် ပါတယ်..

နောက်ပြီး.. Panoramio site ကနေရတဲ့ ပုံကောင်းကောင်းလေးတွေလဲ ထပ်ပြီးထည့်ပေးလိုက်ပါတယ်..
အခု ရွှေအင်းတိန်က ဘုရားတွေက ပြုပြင်ဖို့ များစွာလိုအပ်နေ ပါသေးတယ်.. ဘုရားအပျက်တွေကို မြင်တွေ့ရလို့ စိတ်မချမ်းသာ ဖြစ်ကြတဲ့သူတွေများ ရှိခဲ့ရင်လဲ နည်းများမဆို ပါဝင် လှူဒါန်းနိုင်ပါကြောင်း အကျိုးဆောင်လို့ နှိုးဆော်တိုက်တွန်းလိုက်ပါတယ်..
(ကျွန်တော်လဲ ဖြစ်နိုင်ရင် သွားခဲ့ဖူးတဲ့ ခရီးက ပုံတွေကို Panoramio Site မှာတင်ပြီး Google Earth နဲ့ အားလုံး Virtual Tour ပဲ ဖြစ်ဖြစ် ပုံတွေ မြင်ရအောင်ပဲဖြစ်ဖြစ် ကြိုးစားကြည့်ပါဦးမယ်.. သူများ နိုင်ငံက Place တွေ တော်တော်များများမှာ ပုံတွေနဲ့ Information အစုံပေးနိုင်တာကို တွေ့ရပေမဲ့ ကျွန်တော်တို့ တစ်တွေကတော့ တော်တော်လေး အားနည်းနေပါသေးတယ်.. တောင်ကြီးအတွက်ဆို ပုံတွေ အနည်းငယ်ပဲ ရှိသေးတာ တွေ့ရပါတယ်.. တောင်ကြီးသူ/သားတွေ အားလုံးလဲ ကိုယ့်မှာရှိတဲ့ ပုံတွေကို တက်နိုင်သမျှ တင်ပေးပြီး ကျွန်တော်တို့ မြို့ကြီးကို ဝေေ၀ဆာဆာ ဖြစ်အောင် ဖန်တီးကြပါစို့လားဗျာ.. )
အားလုံးကို ကျေးဇူးတင်ပါတယ်
ရဲမြန်မာအောင်
1 comment:
"ရှေးဟောင်း အနုပညာတွေ ပြုပြင်တဲ့နေရာမှာ ဘာဖြစ်လို့ အရင်က ပညာရှင်တွေရဲ့ လက်ရာကို နဲနဲလောက် မှီအောင် အခု ပညာရှင်တွေက မတက်နိုင်တာလဲ ဆိုတာ ကျွန်တော် စဉ်းစားလို့မရဘူး.. မွေတော်ကက္ကူမှာ ပြန်ပြင်ထားတဲ့ ဘုရားစေတီ အချို့ဆိုရင် တော်တော်လေး ရုပ်ဆိုးနေတာ တွေ့ရသေးတယ်.. "
မန်မာပြည်မှာတော့ မပြောတတ်ဘူး။ တခြားနိုင်ငံတွေမှာဆိုရင် ရှေးဟောင်း အဆောက်အဦးတွေ ရှေးဟောင်း အနုပညာပစ္စည်းတွေကို ဘယ်လိုပြင်ဆင် မွန်းမံထိန်းသိမ်းရမလဲဆိုတာ မဟာဘွဲ့ရ ပါရဂူဘွဲ့ရ ရှေးဟောင်းသုတေသီတွေက တာဝန်ယူ၊ ရှေးခေတ်ကသုံးခဲ့တဲ့ အတတ်ပညာတွေ၊ ပစ္စည်းတွေကို အသေအချာလေ့လာပြီးမှ ရှေးနည်းလမ်းအတိုင်း ပြုပြင်မွန်းမံကြတယ်။ သူများတကာတွေက ယဉ်ကျေးမှု အမွေအနှစ်တွေကို အဲဒီလို ထိန်းသိမ်းကြတာပါ။ မြန်မာပြည်မှာက ဒီလိုအတွေးအခေါ်တွေ အားနည်းနေသေးတယ်လို့ ပြောရမလားပဲ။ တာဝန်ရှိသူတွေက ဒီလို ဗဟုသုတ ရှိမရှိ ဆိုတာကလဲ မေးခွန်းတခုလို ဖြစ်နေတယ်။ အထက်လူကြီးက ပြင်ရမယ်လို့ အမိန့်ချလိုက်လို့ ပြင်လိုက်ရင် ပြီးရောဆိုတဲ့ အတွေးနဲ့များ လုပ်လိုက်လို့နဲ့တူပါတယ်။
Post a Comment