Monday, November 19, 2007

ချယ်ရီရောင်အလွမ်း

နေညိုချိန်တောင်ပြာတန်းနဲ့
အဝေးကထိုင်နေကျဆိုင်လေး
မြေနီလမ်းဆောင်းနှင်းရဲ့အငွေ့အသက်တွေ
လွမ်းရတာ မောတယ်...


ချယ်ရီနဲ့ ထင်းရှူး စိမ်းလန်းတဲ့တောအုပ်
မီးရှူးမီးပန်းဆောင်းညရဲ့ သက်တန့်တွေ
အိုးစည်သံ ဓါးသိုင်းအက
လွမ်းရတာ မောတယ်...

ရောက်နေတဲ့အရပ်
ဆောင်းညရဲ့ရင်ခုန်သံ
အေးတော့အေးတယ်
ဒါပေမဲ့.......
နှင်းမဝေခဲ့ဘူး။

သားလတ်

No comments: