Tuesday, November 13, 2007

ဝမ်းနည်းမှတ်တမ်း

သတိရတယ် သူငယ်ချင်းရယ်
တစ်ခါတစ်လေတော့......
မင်းရှိနေခြင်းက
သတိရခြင်းကို
မေ့ပျောက်စေတယ် . . .
အခုတော့ . . .
ကံကြမ္မာက ဖန်လာလို့
မင်းကတော့
ဘ၀တစ်ပါးကို ပြောင်းရပြီပေါ့ . . .
သိပ်ဝမ်းနည်းတယ်
သူငယ်ချင်းရယ် . . .
အခုတော့ . . .
မင်းမရှိတော့ . . .
သတိရခြင်းနဲ့အတူ ၀မ်းနည်းမိတယ် . . .
ဆုံးရှုံးခြင်း ဆိုတဲ့အသိက
ရင်ကိုအမြဲ နှိပ်စက်နေခဲ့တယ်
သူငယ်ချင်း . . .
အရင်တစ်ချိန်က
သူငယ်ချင်းတွေနဲ့အတူ
ပျော်ရွှင်ခြင်းတွေကို
ရင်ဝယ် ထွေးပိုက်ခဲ့တယ် . . .
အခုတော့ . . .
ကြေကွဲခြင်းနဲ့အတူ
မင်းရဲ့ . . .ဈာပန
ငါတို့ပို့ခဲ့ရပေါ့ . . .
အခုတော့ . . .
နှမြောခြင်းရယ် . .
ဝမ်းနည်းခြင်းရယ်နဲ့အတူ
သတိရတယ် သူငယ်ချင်းရယ်...
သူငယ်ချင်း မင်းမရှိပေမယ့် ...
ငါတို့ရင်ထဲမှာ မင်းရှိနေမှာပါ . . .

For Best Friend, M.M.M.Z

2 comments:

yma said...

ကို ခင်မောင်စိုး ၀မ်းနဲစရာပဲဗျ.. သူငယ်ချင်း တစ်ယောက် ဆုံးရှူံးရတာ အဲ့ဒီလိုမျိုးဆိုတာ ကျွန်တော်လဲ ကြုံခဲ့ဖူးတယ် ဗျ..

Unknown said...

louis vuitton handbags
juicy couture tracksuit
hollister clothing
pittsburgh steelers
seattle seahawks
belstaff outlet
michael kors handbags outlet
michael kors outlet online
canada goose outelt
prada sneakers
mlb jerseys
adidas wings shoes
polo shirts
michael kors uk
mulberry outlet store
cheap ugg boots
ysl outlet
nobis jacket
ed hardy clothing
chicago bulls
1112minko