Friday, November 30, 2007

Taunggyi IT vs Cities IT

ကျွန်တော်တို့ တောင်ကြီးချယ်ရီမြေရဲ့ Website ကနေ တန်ဆောင်တိုင်ပွဲတော်ကြီးကို Webcast လွှင့်ပေးခဲ့တာ Local က လူတွေတော်တော်များများက မသိလိုက်ကြဘူးနဲ့တူတယ်.. ကြားမိတဲ့သူတွေကလဲ သိပ်ပြီး နားလည်ကြမယ်လို့ ကျွန်တော် မထင်မိဘူး.. အထူးသဖြင့် တိုက်ရိုက် Internet ကနေ WebBroadcast လုပ်တာကို ကိုယ်တိုင် မကြည့်လိုက်ရတဲ့သူတွေက ဘာမှန်း သိကြမှာ မဟုတ်ဘူး.. ဘာလို့ ကျွန်တော် ပြောတာလဲဆိုတော့.. ကျွန်တော်တို့ ဒီလို လွှင့်နိုင်ခဲ့တာကို ဂျာနယ် (၃)ခုမှာပဲ တွေ့လိုက်ရတယ်.. သူတို့ကလဲ ဘာမှ တိတိပပရေးထားတာ မရှိဘူး.. နောက်ပြီး အထင်ကရ IT ဂျာနယ်တွေမှာလဲ အဲ့ဒီသတင်း သဲ့သဲ့တောင် မပါခဲ့ဘူး.. မသိလို့ မထည့်ရတာလား.. သိရဲ့သားနဲ့ ဟုတ်မယ်မထင်လို့ မထည့်တာလား.. တစ်ခုခုတော့ ဖြစ်မှာပါပဲ..

ကျွန်တော့အထင်တော့ အားလုံးက နယ်တွေဆို အထင်သေးချင်ကြတယ်.. အခု ကျွန်တော်တို့ လုပ်နိုင်ခဲ့တာ အားလုံးရဲ့ အရှေ့မှာ ရှိပါတယ်.. သူတို့တတွေတောင် မလုပ်နိုင်သေးဘူး.. ဘာမှန်းတောင် သိကြမှာ မဟုတ်ဘူး.. ကျွန်တော်တို့ Webcast လုပ်မယ်လို့ ပြောမိတုံးကဆို သူတို့နားလည်အောင် တော်တော်ကို ရှင်းပြယူရတယ်.. တောင်ကြီးက IT မှာ မြို့ကြီးတွေကို ကောင်းကောင်း ယှဉ်လို့ရနေပါပြီ..

ဒီနှစ် နှစ်စ လောက်ကစပြီး တောင်ကြီးက IT မှာ အရှိန်အဟုန်နဲ့ တက်လာတာကို ကျွန်တော် သတိထားမိလိုက်တယ်.. Internet အတွက် ADSL စရတယ်.. Cyber Cafe အများကြီးပေါ်လာတယ်.. Internet အသုံးပြုခတွေ သက်သာလာတယ်.. Computer နဲ့ Peripheral တွေကလဲ မြို့ကြီးတွေနည်းတူ Uptodate တွေ ဈေးအတူတူနဲ့ ရနိုင်နေပြီ.. ကွန်ပျူတာ ပညာရှင်တွေ စုစည်းထားတဲ့ MCPA (Shan State), လုပ်ငန်းရှင်တွေ ပူးပေါင်း ဖွဲ့စည်းထားတဲ့ MCIA (Shan State)ဆိုတဲ့ အဖွဲ့အစည်းတွေလဲ ဖွဲ့နိုင်ခဲ့ပြီ.. အဲ့ဒီ အဖွဲ့တွေကလဲ နာမည်ခံ ဖွဲ့ရုံ သက်သက်မဟုတ်.. ICT Exhibition ကလဲ တစ်နှစ်ထဲမှာ (၂)ခါ လုပ်နိုင်ခဲ့တယ်.. Seminar တွေ အပါတ်တိုင်း လုပ်တယ်.. International Recognized Exam တွေ ကျင်းပပေးတယ်.. ITPEC Exam ဆိုရင် ရန်ကုန်နဲ့အတူ တောင်ကြီးမှာလဲကျင်းပနိုင်ခဲ့တယ်.. မန်းတလေးမှာတောင် မလုပ်နိုင်ခဲ့ဘူး.. နောက်ပြီး Training တွေလဲ ပေးတယ်.. IT Caravan ဆိုတဲ့ နယ်လှည့်ဟောပြောပွဲ အဖွဲ့ကိုလဲ တောင်ကြီးကို ရောက်အောင် ခေါ်ခဲ့ပြီး.. နည်းပညာဖြန့်ဝေမှုတွေ လုပ်ခဲ့တယ်.. ICT Resource Center ကိုလဲ ရန်ကုန်မှာတောင် မရှိသေးတဲ့ Latest စာအုပ်တွေ Printer ကနေထုတ်ပြီး စုဆောင်းနေတယ်.. အခုလဲ Advanced Training တွေ ဖွင့်ပေးဖို့ လုပ်နေကြပြီ်.. Computer, Technological ကျောင်းတွေက မျိုးဆက်သစ်တွေကိုလဲ လက်ဆင့်ကမ်းနိုင်အောင် Well Train လုပ်ပေးနေတယ်.. ဆက်ပြီးတော့လဲ နောက်ထပ်လုပ်သွားကြမှာ ပါပဲ..

အခု တောင်ကြီးချယ်ရီမြေ အဖွဲ့သားတွေကလဲ Professional တွေကြီးပဲ.. BCSc, BCTech, BTech, MCTS, MCSE, MCP, CCNA, DCSc တွေ တစ်ခုမဟုတ် တစ်ခု ရထားတဲ့ သူတွေကြီးပဲ.. လူလုံးထုတ်တယ် ထင်ခံရမှာ ဆိုးလို့သာ လူနာမည်နဲ့ Certificateတွေ တွဲပြီး မပြထားတာ.. သူများတွေ လုပ်နိုင်သလောက် ကျွန်တော်တို့ တစ်တွေ လုပ်နိုင်ကြပါတယ်.. တောင်ကြီးသားတွေကို IT နယ်ပယ်မှာ အထင်သေး မခံရအောင် ကျွန်တော်တို့ တတွေ အစွမ်းကုန် ကြိုးစားနေကြတယ်.. အခု ဒီ Blog ကို လုပ်နိုင်ခဲ့တာ Webcast တွေ လွှင့်နိုင်ခဲ့တာက အားလုံး စုစည်းမိခဲ့.. ပေါင်းစပ်မိခဲ့လို့ပါပဲ.. တစ်ယောက်ထည်းသာဆို ဘာမှ ရေရေရာရာ ဖြစ်လာမှာ မဟုတ်ဘူး.. ဆက်ပြီးတော့လဲ ကျွန်တော်တို့တတွေ စုစည်းပေါင်းစည်းပြီး တောင်ကြီးသားတွေ ဘယ်မှာမှ သူများတွေထက် နောက်မကြဘူးလို့ လက်မထောင်နိုင်အောင် လေ့လာကြိုးစားအားထုတ်သွားကြဦးမှာပါ..

ကျွန်တော်တို့ တောင်ကြီးက IT Field ထဲမှာ နောက်ကောက် မကျတော့ပါဘူး.. နောက်ထပ်လဲ အထင်သေးစရာ မလိုတော့ပါဘူးလို့ တစ်ခြားမြို့က လူတွေကို သိအောင် ပြောပြလိုက်ချင်ပါတယ်..

4 comments:

Anonymous said...

အင်တာနက် ကွန်နက်ရှင်ကောင်းပါစေ.......မျှော်လင့်နေမယ်.......

Layma said...

အထင်ကြီးပါတယ်...။တောင်ကြီးကို...။ local ကလည်းအားပေးခဲ့ပါတယ်...။ ချီးကျူးပါတယ်...။ တော်ကြပါပေတယ်...။ ကျေးဇူးတင်ပါတယ်...။

Anonymous said...

My husband and I are not only impressed but amazed at the level of expertise that the IT group demonstrated through the webcast of Tazaungdaing festival.

I recently attended a Web Seminar (or Webinar as they call it here) at my office in California and I was almost bored to death because it's more like teleconferencing with slide shows.

Many high tech companies here in the States outsource a lot of IT jobs overseas, especially to India and China. I am sure that the IT professionals from Taunggyi are more than capable of meeting challenging tasks.

Keep up with the good work and we look forward to more web casting from Taunggyi.

နိုင်းနိုင်းစနေ said...

အရင်တုန်းက မြန်မာပြည်မှာ အင်တာနက်ရပြီဆိုတုန်းက တောင်ကြီးမှာ မရခဲ့တာကို စိတ်မကောင်းဖြစ်ခဲ့မိသေးတယ်။ နယ်မြို့ကြီး နှစ်မြို့မှာ အင်တာနက်၊ ကွန်ပြူတာကို လူငယ်တွေ စသုံးနေချိန်မှာ တောင်ကြီးက လူငယ်တွေ ဆိုင်ကယ်တစ်စီးနဲ့ မင်းလမ်းတစ်လျှောက် ကလေရိုက်နေကြပြီလားလို့လဲ ထင်ခဲ့ဖူးတယ်..

တောင်ကြီးလူငယ်တွေ မညံ့ကြောင်း အမြင်ရှင်းအောင် တောင်ကြီးချယ်ရီမြေက ကူညီပေးခဲ့ပါတယ်။ တောင်ကြီးလူငယ်တွေ နောက်မကျကြောင်း အခုတန်ဆောင်တိုင်လိုက်ဖ်ပွဲက သက်သေပါ..
တောင်ကြီးသားတွေကို ဂုဏ်ယူမိသလို တောင်ကြီးသားတစ်ယောက် ဖြစ်ရတာကိုလဲ ၀မ်းသာမိပါတယ်။ တောင်ကြီးသားတွေ စည်းလုံးတာကတော့ အခုမှ မဟုတ်ပါဘူး.. ဟိုးအရင်ကတည်းကပါ။

ရှေ့ကိုဆက်တက်ပါ.. လမ်းစရှိပြီဆိုရင် ခရီးက မဝေးပါဘူးတဲ့..

ကျေးဇူးပါ တောင်ကြီးချယ်ရီမြေး)
ထာဝရ တည်တံပါစေ
ထာဝရ တွဲလက်ညီစေ
ထာဝရ ရှေ့ဆက်ပါစေ