Friday, November 16, 2007

IT Caravan 2007



ဒီနေ့ IT Caravan 2007 ဖွင့်ပွဲ အခန်းအနားနဲ့ ဟောပြောပွဲအစီအစဉ်ကို အ.ထ.က (၁) တောင်ကြီးမှာ မနက် ၉နာရီခွဲမှာ ကျင်းပခဲ့ပါတယ်.. မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်၊ မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင် အသင်းနဲ့ မြန်မာနိုင်ငံ ကွန်ပျူတာ လုပ်ငန်းရှင် အသင်းများက ပညာရှင်တွေက ICT for All, ICT for Education, ICT for Business ခေါင်းစဉ်တွေနဲ့ လက်တွေ့သရုပ်ပြ ဟောပြောသွားခဲ့ကြပါတယ်.. နောက်ပြီး မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်းနဲ့ လုပ်ငန်းရှင်အသင်းတို့အတွက် အလှူငွေ (၃)သိန်းစီ (၆)သိန်းနဲ့ စာအုပ် စာတမ်းတွေ လှူတန်းသွားခဲ့ပါတယ်.. နောက်ပြီး Setra Company မှလဲ အလှူငွေ (၂)သိန်း လှူတန်းသွား ပါတယ်..

နေ့လည် ၂နာရီတွင်လဲ အဆိုပါ အဖွဲ့မှ တောင်ကြီး ပညာရေးကောလိပ်ကို သွားရောက်ပြီး ဟောပြောပွဲတွေ ဆက်လက် ကျင်းပခဲ့ပါတယ်..
---- ----- ----


နောက်ပြီး ဒီနေ့ 2nd ICT Exhibition Shan State အထိန်းအမှတ် နည်းပညာဆိုင်ရာ ဟောပြောပွဲကို ရှမ်းစာပေနှင့် ယဉ်ကျေးမှုခန်းမမှာ နေ့လည် ၁နာရီခွဲက ကျင်းပခဲ့ပါတယ်.. အဲ့ဒီပွဲမှာ ရန်ကုန်က ပညာရှင် (၂)ယောက်က ဟောပြောခဲ့ကြပါတယ်.. မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း၊ တွဲဘက်အတွင်းရေးမှူး ဦးဇော်နိုင်က Satellite and their Application ခေါင်းစဉ်၊ အမှုဆောင်တစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်ဝင်က Internet Application Development with ASP.Net ခေါင်းစဉ်တွေနဲ့ အသီးသီး ဟောပြောခဲ့ကြပါတယ်.. အဲ့ဒီ ဟောပြောပွဲကို စိတ်ဝင်တစားနဲ့ တက်ရောက်သူ ၁၅၀ကျော်ရှိခဲ့ပါတယ်..

ဟောပြောပွဲမှာ ပြန်လည်မေးမြန်း ဆွေးနွေးလို့ မှန်ကန်တဲ့ သူတွေကို လက်ဆောင်များ ပေးအပ်ခဲ့ပါတယ်..