Sunday, November 25, 2007

တန်ဆောင်တိုင် WebCast ကျေးဇူးတင်လွှာ

တန်ဆောင်တိုင် ပွဲတော်ကြီးကို Internet မှတစ်ဆင့် တိုက်ရိုက် WebCast ထုတ်လွှင့်နိုင်အောင် ၀ိုင်းဝန်း ကူညီပံ့ပိုးကြသော အောက်ပါ အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များကို တောင်ကြီးချယ်ရီမြေ အဖွဲ့သားများမှ လေးနက်စွာ ကျေးဇူးတင်ရှိ ပါကြောင်း စာဖြင့်ဖော်ပြ၍ မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။


ခွင့်ပြုချက်နှင့် လုပ်ပိုင်ခွင့်ပေးသော - ပြည်နယ်အကြီးအကဲ
ရုပ်သံ တိုက်ရိုက်ထုတ်လွှင့်မှုလိုင်း အသုံးပြုခွင့်ပေးသော - Studio 35
မြန်နှုန်းမြင့် ADSL လိုင်း ပံ့ပိုးပေးသော - မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (ရှမ်းပြည်နယ် တောင်ပိုင်း)
နည်းပညာအကူအညီ ထောက်ပံ့ပေးသော - မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်း (ရှမ်းပြည်နယ်)
အဆောက်အဦးနှင့် နေရာပေးသော - တန်ဆောင်တိုင်ပွဲတော် ကျင်းပရေး ကော်မတီ
Computer, Camera နှင့် Network Equipment အချို့ ထောက်ပံ့ပေးသော - Media Transform Group
လိုအပ်သော ငွေကြေး၊ ပစ္စည်းများသာမက စိတ်ရော၊ ကိုယ်ရော ပါဝင်ဖြည့်စည်းပေး ကြသော - တောင်ကြီးချယ်ရီမြေ အဖွဲ့သားများ
လာရောက်ကြည့်ရှု အားပေးကြသော - Internet မှ ဧည့်သည်များ

တောင်ကြီးချယ်ရီမြေ

မှတ်ချက်။ ။ တောင်ကြီးချယ်ရီမြေသည် ၎င်းအဖွဲ့အစည်းများမှ မည်သည့် အဖွဲ့ကိုမှ ကိုယ်စားမပြုသော၊ မည်သူ တစ်ဦး တစ်ယောက်၏၊ အဖွဲ့အစည်း၏ လွှမ်းမိုးမှုမရှိသော၊ Independence ဖြစ်သော တောင်ကြီးမြို့ရှိ Professional Team တစ်ခုသာ ဖြစ်ပါသည်။