Wednesday, November 28, 2007

ပြိုင်ပွဲဆုရ မေလွင်ဦးရဲ့ ဓာတ်ပုံများ

ဓာတ်ပုံပြိုင်ပွဲ ဆုပေးပွဲမှာ ကျောင်းဝတ်စုံနဲ့ ဆုတက်ယူတဲ့ ကျောင်းသူလေးတစ်ယောက်ကို တွေ့လိုက်တော့ ကိုယ့်ကိုယ် ဘယ်လိုဖြစ်သွားမှန်းကို မသိဘူး..

တန်ဆောင်တိုင် ပွဲတော် တစ်ခုလုံး Camera ကြီး တကားကားနဲ့ ကျွန်တော် ဓာတ်ပုံတွေ တဖျတ်ဖျတ် ရိုက်ခဲ့တယ်.. အရင် Camera က Pro Level ရိုက်လို့ မရလို့ Camera တစ်လုံး ပွဲအတွက် ချက်ခြင်း ၀ယ်ပြီး ရိုက်ခဲ့သေးတယ်.. ဓာတ်ပုံပြိုင်ပွဲမှာ ၀င်မပြိုင်ခဲ့ပေမဲ့ သူများတွေ ဆုရတော့ ကိုယ်လဲ ၀င်ပြိုင်ရင် ရမှာပဲလို့ အခြောက်တိုက် ဘ၀င်က စွတ်မြင့် လိုက်သေးတယ်.. အခု ဆုရသွားတဲ့ ကောင်မလေးက (၉)တန်း ကျောင်းသူလေး.. ကျွန်တော့်ညီမရဲ့ သူငယ်ချင်း ဖြစ်နေတယ်.. ညီမလေးကို သူ့ရဲ့ ဓာတ်ပုံတွေ Album တစ်ခုစာ လက်ဆောင်ပေးထားတာ တွေ့တော့မှ ကိုယ့်ကိုယ်ကိုယ် ရှက်မိတော့တယ်..

တော်တော်လေး ကောင်းတဲ့ ပုံတွေပါ.. Album တစ်ခုစာ ဆိုတော့ ပုံပေါင်း (၄၀) ပါတယ်.. ပုံတိုင်းနီးပါးကလဲ လက်ရာတော်တော် ကောင်းတယ်..


အားလုံးကို ပြနိုင်ဖို့ ကျွန်တော် Scan ဆွဲပြီး ဖော်ပြလိုက်ပါတယ်..

အဲ့ဒီ ကောင်မလေး ရိုက်ထားတဲ့ ပုံတွေ တွေ့တော့မှ ကျွန်တော်လဲ ကိုယ်ရိုက်ထားခဲ့တဲ့ ပုံတွေ ပြန်ကြည့်မိတယ်.. ပြိုင်ပွဲဝင်နိုင်လောက်တဲ့ ကောင်းကောင်းကန်းကန်း ပုံတွေ သိပ်မတွေ့ဘူး.. ဘာတွေ လိုနေမှန်း မသိဘူး.. စိတ်ကို အကြီးအကျယ် ပျက်မိတော့တာပါပဲ.. ပွဲစဉ်တစ်လျှောက်လုံး ရိုက်လာလိုက်တဲ့ပုံတွေ မနည်းမနော.. ဒါပေမဲ့ သုံးလို့ရတဲ့ ပုံက မရှိသလောက်ပဲ.. ကိုယ့်ကိုယ်ကိုယ် ဘာအတွက် ရိုက်ခဲ့မိမှန်း.. ဘာကြောင့်ရိုက်ခဲ့မိမှန်း မသိတော့ဘူး.. အချိန်ကုန် ခံပြီး လိုက်ရိုက်ခဲ့တဲ့ ပုံတွေက ဘယ်သူ့အတွက်လဲ.. ကိုယ့်အတွက်လဲ အလုပ်မဖြစ်.. သူများတွေအတွက်လဲ အကျိုးမရှိသလိုမျိုး အချည်းနှီး ဖြစ်သွားသလို ခံစားလိုက်ရတယ်..

တကယ်တန်း ယှဉ်စတန်းဆိုရင် ကိုယ်ရိုက်ခဲ့တဲ့ပုံတွေက ကိုးတန်းကျောင်းသူလေး တစ်ယောက် လောက်တောင် အဖြစ်မရှိဘူး ဖြစ်နေတယ်.. ကိုယ့်ကိုယ်ကိုယ် တော်တော် စိတ်ပျက်သွားတယ်.. လူတွေကြားထဲ တိုးဝေ့ပြီး Camera လိုက်ရိုက်ခဲ့မိတာကိုလဲ ပြန်တွေးမိရင် ကိုယ့်ကိုယ်ကို ရှက်မိနေတယ်.. အခု Camera ကို ဘူးထဲထည့်ပြီး တစ်ခါတည်း သိမ်းထားလိုက်ပြီ.. နောက်တစ်ခါ Camera ပြန်ကိုင်ဖို့ တော်တော် စဉ်းစားရ တော့မယ်.. ကိုယ့်အတွက်လဲ၊ သူများတွေအတွက် အကျိုးရှိနိုင်မှပဲ Camera ကိုင်တော့မယ်လို့ ဆုံးဖြတ်လိုက် တော့တယ်..

အဲ့ဒီလောက် ရိုက်ထားလိုက်နိုင်တဲ့ ကလေးမလေးကိုလဲ ချီးကြူးမိတယ်.. အားလုံးလဲ သဘောကြရင် ချီးကြူးစကားလေး ပြောပေးပါဦး.. တစ်ခြားသူတွေရဲ့ ဆုရ ဓာတ်ပုံတွေလဲ တောင်းထားတာ ရရင် ဆက်တင်ပေးသွားပါ့မယ်..

6 comments:

နိုင်းနိုင်းစနေ said...

သူရိုက်တဲ့ပုံ ၁၀ပုံမှာ ၁၀ပုံလုံး မကောင်းနိုင်ပါဘူး
သူရိုက်ထားတဲ့ ပုံလေးတွေ ကောင်းသလို ရဲမြန်မာရိုက်တဲ့ ပုံ
တချို့လဲ အရမ်းကောင်းပါတယ်။

သူရိုက်တဲ့ တချို့ညမီးပုံပျံတွေက အလင်းများပြီး နေ့မှာရိုက်ထားသလိုဖြစ်နေတယ်။
ဒီဘလော့မှာ တင်ဖူးတဲ့ ရဲမြန်မာပဲ ရိုက်ထားတာလား မသိဘူး.. ညမီးပုံးပျံက တချို့ပုံတွေ အယူအဆ၊ အချိန်အဆ၊ စိတ်ကူးလေးတွေ
တော်တော်ကောင်းတာ တွေ့ရတယ်။ ကြိုက်လွန်းလို့ ကျွန်မ ဘလော့မှာတောင် ယူထင်ထားပါသေးတယ်။

ကင်မရာကို မသိမ်းလိုက်ပါနဲ့ ကျွန်မတို့ ပုံတွေ မကြည့်ရဘဲ ဖြစ်သွားမှာပေါ့း)
ရိုက်ဖန်များမှ ကိုယ့်အားနည်းချက်ကို သိပြီး လက်ရာတွေ ပိုကောင်းလာမှာပါ။
ကင်မရာကို ထည့်သိမ်းထားလိုက်ရင် ကိုယ့်လက်ရာ ဘယ်တော့မှ တက်လာတော့မှာ မဟုတ်ပါဘူး။ ၀ါသနာပါနေသရွေ့ ကိုယ့်အယူအဆနဲ့ ဆက်သာလုပ်ပါ.. ဆက်သာရိုက်ပါ။ အားပေးနေပါတယ်..

seinlae said...

ko yemyanmar, don't keep ur camera. like that who will going to upload some photos.. yeah i do agree with u of that girl talent.. just 9th standard student.. ok ok.. don't keep ur camera naw.. cheers!

Anonymous said...

At least your photos could make those people away from Tgi happy, and remember the day that they had fun in Tgi together with friends.
So, whether if you think it is useless for anything, but useful for those people who are away from Taunggyi.

Anonymous said...

ko yemyanmar ရေ... Camera ကြီး သိမ်းမထားပါနဲ့။ ဆက်ရိုက်ပါ။ ပုံတွေဆက်တင်ပေးပါ။ ကြည့်ရသူတွေက ကျေးဇူးတင်နေပါတယ်။
Practice.. Practice.. Practice.. :) :) :)

Unknown said...

2015-10-09 zhengjx
Coach Outlet Store Online Free Shipping
michael kors outlet
ugg boots sale
nike trainers
ugg boots australia
timberland boots
Coach Factory Outlet Official Coach Handbags Sale
canada goose outlet
Canada Goose Jackets Outlet Online Sale
michael kors outlet
Coach Factory Outlet Handbags 70% OFF
Gucci Outlet Online 80% OFF
michael kors outlet
cheap jordans,jordan shoes,cheap jordan shoes
michael kors outlet stores
Abercrombie And Fitch New York Outlet Store
cheap ugg boots
michael kors handbag
michael kors
Ralph Lauren UK Sale Polo Shirts
ugg boots
Up To 70% Off Air Retro Jordan 8s
coach factory outlet
Cheap Toms Shoes Outlet Sale Clearance
Louis Vuitton Handbags Factory Outlet
Michael Kors Outlet USA Store
Louis Vuitton Handbags Outlet Online
Air Jordan 4 Retro Free Shipping
coach outlet online
michael kors outlet

Unknown said...

new york giants jerseys
michael kors outlet online
converse trainers
adidas nmd
cheap nba jerseys
fitflops sale clearance
ralph lauren outlet
ghd hair straighteners
detroit lions jerseys
ferragamo shoes