Saturday, November 10, 2007

အေးစေတီ ဘုရားပွဲ

နှစ်စဉ် သီတင်းကျွတ်လကွယ်ည ရောက်တိုင်း အေးစေတီ ကျောင်းထိုင်ဆရာတော် မွေးနေ့ ပွဲကို ကျင်းပရင်း ရိုးရာတစ်ခုလို ဖြစ်လာသည်။ ဘုရားဖြူ ကျေးရွာ မှ လူရွယ် ၊ လူငယ်များသည် မီးပဒေသာဖြင့် ဘုရားကျောင်းဝင်း အတွင်း သုံးပတ်လှည့်ကာ ပူဇော်ကြသည်။ ပြီးလျှင် ရပ်ကွက် ပေါင်းစုံမှ မီးပုံးပျံ များဖြင့် ပူဇော်ကြသည်။ ကျွန်တော်တို့ ရောက်သွားတော့ မီးပဒေသာ စတင်လှည့်လည် နေပြီ။ မီးပုံးပျံ လွှတ်တင်မည့် အဖွဲ့များလည်း ဘုန်းကြီးကျောင်းဝင်းအတွင်း နေရာယူထားပြီးဖြစ်သည်။ အသေးစိတ်ကိုတော့ ဓါတ်ပုံတွေ ၊ movie တွေမှာပဲ ဆက်လက် ကြည့်ရှု့ပါတော့ခင်ဗျား။ ကျွန်တော်တို့ ဒူး၊ခြေသလုံးတွေမှာ ပွန်းပဲ့ပြီး ဒဏ်ရာတွေ နဲ့ပါ။ movie ကို ကြည့်လိုက်ရင် သိမှာပါ။ :)

အေးစေတီ မီးပုံးပျံ Movie ကို ဒီနေရာမှာ ယူပါ

No comments: