Sunday, November 11, 2007

တန်ဆောင်တိုင်ပွဲတော် Webcast လွှင့်မည်

တောင်ကြီးတန်ဆောင်တိုင် Webcasting အတွက် အားလုံးဆီက စကားတွေ ပြန်ကြားရတာ အားရစရာကောင်းပါတယ်။ အဲ့ဒါကြောင့်ပဲ ကျွန်တော်တို့တစ်တွေ Webcast (Video Broadcast) လုပ်ဖို့ ဆုံးဖြတ်ပြီး စတင် အကောင်အထည် ဖော်ပါတော့မယ်။

Webcast ကို တန်ဆောင်တိုင်ပွဲတော် မတိုင်မီ (၂)ရက်လောက်ကနေ စပြီး စမ်းသပ်ထုတ်လွှင့်ပါမယ်။ အစီအစဉ် အသေးစိတ်ကိုလဲ Blog မှာပဲ ဆက်လက်ပြီး ဖော်ပြပေးသွားပါမယ်။ ပွဲတော်ရက်အားလုံး လွှင့်ပေးလို့ရအောင် အားလုံးကြိုးစားသွားပါ့မယ်။ အခုလို လာရောက် လည်ပတ်တဲ့သူတွေအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။

အခုလိုမျိုး Webcast ကို နေရာအနှံ့မှာရှိတဲ့ တန်ဆောင်တိုင်ပွဲတောင် ဆင်နွှဲလိုတဲ့ သူတွေအားလုံး မသိလိုက်ရမရှိအောင် လက်ဆင့်ကမ်းလေး ပြောပေးကြဖို့လဲ ဆန္ဒပြုပါတယ်။

လေးစားစွာဖြင့်
တောင်ကြီးချယ်ရီမြေအဖွဲ့သားများ

4 comments:

နေလင်း said...

သတင်းကောင်းအတွက် အထူးကျေးဇူးတင်ရှိပါသည်..

ကိုထိုက် said...

ဒီ နေရာလေး က ရှမ်းပြည်ကိုချစ်တဲ့ ကျွန်နော့ အတွက် တော့ အိုအေစစ် လေးပါ။ ကျွန်နော် က ရှမ်းလူမျိုးနဲ. ယဉ်ကျေးမှု. တွေကို လေးစား ချစ် မြတ်နိုးတဲ့ ဗမာ စစ်စစ် တစ် ယောက်ပါ။ ဒီပွဲ ကို အခွင့် မသာလို. မနွှဲခဲ့ ရပေမယ့် ဒီသတင်းကို ကြား သိရလို. အထူးဝမ်း သာမိပါတယ်။ တောင်ကြီး ချယ်ရီမြေ အဖွဲ့သားများ ကို ကျေးဇူးအထူး တင်ပါတယ်။

Conello said...

I'm really glad to hear that good news and really, really grateful to you all..THANKS.!

one said...

တောင်ကြီးချယ်ရီမြေအဖွဲ့သားများ အားလုံးကို
ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
အောင်မြင်ပါစေလို့ဆုမွန်ကောင်းတောင်း လိုက်ပါတယ်။