Friday, November 2, 2007

တောင်ကြီး တန်ဆောင်တိုင် Vs ပြင်ဦးလွင် တန်ဆောင်တိုင်

တောင်ကြီး တန်ဆောင်တိုင် ပွဲတော် ရောက်ဖို့ ရက်တွေ သိပ်မလိုတော့ပါဘူး.. အစဉ်အလာ ကြီးမားစွာနဲ့ ရာစုနှစ် တစ်ဝက်လောက် ကျင်းပလာခဲ့တဲ့ တောင်ကြီးမြို့က တန်ဆောင်တိုင် ပွဲတော်ကြီးက မြန်မာမှာသာမက ကမ္ဘာတ၀န်းမှာပါ ထင်ရှားကျော်ကြားခဲ့ပါတယ်.. ပြောရမယ်ဆိုရင်တော့ သူမတူဘဲ Unique ဖြစ်ခဲ့ပါတယ်..

ဒါပေမဲ့ အခုဆိုရင်တော့ တန်ဆောင်တိုင်ပွဲတော်မှာ ကျင်းပတဲ့ မီးပုံးပျံပြိုင်ပွဲမျိုးက တောင်ကြီးမြို့တစ်ခုထဲမှာ မဟုတ်တော့ပါဘူး.. ၂၀၀၅ခုနှစ်က စပြီး ပြင်ဦးလွင်မြို့မှာ အလားတူ ပြိုင်ပွဲမျိုး လုပ်လာတာတွေ ရှိနေပါပြီ.. အစကတော့ အပျော်သဘောမျိုးလုပ်ရာက အခုဆိုရင် နှစ်စဉ်ပွဲတော်တစ်ခု အနေနဲ့ အသက်သွင်းနေတာ တွေ့ရပါတယ်.. ပထမနှစ်က မီးပုံးပျံ ၁၂လုံးနဲ့ စတင်ပြုလုပ်ခဲ့ပြီး၊ ဒုတိယနှစ်မှာ မီးပုံးပျံ ၃၆လုံးအထိ တိုးတက်လာပါတယ်.. အခု ၂၀၀၇ခုနှစ်မှာ မီးပုံးပျံ အလုံးပေါင်း ၁၂၀ ကျော်အထိ ရောက်ရှိလာ ပြီလို့ သိရပါတယ်.. တောင်ကြီးမြို့ပွဲလိုပဲ နေ့လွှတ်အရုပ်နဲ့ ညမီးကျည်၊ စိန်နားပန်တွေ ပါဝင်တယ်လို့ သိရပါတယ်.. နောက်ပြီး ဆုကြေးတွေကိုလဲ တစ်နှစ်ထက် တစ်နှစ် မြှင့်တင်ပြီး ပေးလာတာကို တွေ့ရပါတယ်.. (အဲ့ဒီ ဆုကြေးကတော့ တောင်ကြီးကို မမီသေးပါဘူး.. နောက်ပြီး မီးပုံးပျံအရေအတွက်ကလဲ တောင်ကြီးကို မမီပါဘူး.. ဒီနှစ် မီးပုံးပျံ ၃မျိုးပေါင်း ၂၀၀ကျော်ပါတယ်.. အဲ့ဒါကလဲ ပြိုင်ပွဲဝင်တဲ့ မီးပုံးတွေပါ.. ပြိုင်ပွဲမ၀င်ဘဲ အလွတ် လွှတ်တဲ့ မီးပုံးအရေအတွက်ပါဆိုရင် တော်တော်လေး များမှာ သေချာပါတယ်.. )

တောင်ကြီးမြို့က မီးပုံးပျံ အဖွဲ့တွေလဲ မနှစ်က သွားရောက် ပါဝင်ယှဉ်ပြိုင်ကတယ်လို့ ကြားမိပါသေးတယ်.. အစကတော့ ကျွန်တော် သိပ်ပြီး သတိမထားမိပေမဲ့ အခုတော့ ကျွန်တော် အနည်ငယ် စိတ်ဝင်စားမိပါတယ်.. ဘာကြောင့်လဲ ဆိုတော့ အရင်က Unique ဖြစ်ခဲ့တဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကြီး အတွက် ပြိုင်ဘက် ပေါ်လာသလိုမျိုး ခံစားမိလို့ပါပဲ.. ကျင်းပတဲ့ အချိန်ကလဲ တန်ဆောင်တိုင်ပွဲတော် ကာလအတွင်းဖြစ်ပြီး.. (၅)ရက် ကျင်းပမှာ ဖြစ်ပါတယ်..

အဲ့ဒီအတွက် တောင်ကြီးသားတွေကတော့ ဘယ်လို စိတ်ထားကြလဲ ကျွန်တော်မသိပါဘူး.. ကျွန်တော့် စိတ်ထဲမှာတော့ စိတ်မအေးပါဘူး.. နောက်ပြီး တောင်ကြီးတန်ဆောင်တိုင် အတွက် Challenges တွေ ရှိလာတော့မယ်လို့ မြင်မိပါတယ်.. အစဉ်အလာအားဖြင့် သော်လည်းကောင်း၊ ၀ါအားဖြင့် သော်လည်းကောင်း၊ တောင်ကြီး တန်ဆောင်တိုင်ကို ပြင်ဦးလွင် တန်ဆောင်တိုင်က ယှဉ်နိုင်ဦးမှာ မဟုတ်ပေမဲ့ အနာဂတ်မှာ ဘာဖြစ်လာမယ်ဆိုတာ ဘယ်သူမှ ကြိုတင်ပြောနိုင်မှာ မဟုတ်ပါဘူး.. လူတွေရဲ့ သဘာဝကလဲ အသစ်အဆန်းဆိုရင် စိတ်ဝင်စားတက်ကြတော့ နှစ် (၅၀)ကျော် ရပ်တည်လာပြီဖြစ်တဲ့ တန်ဆောင်တိုင်ပွဲတော်နဲ့ အသစ်အဆန်းဖြစ်တဲ့ ပြင်ဦးလွင်ပွဲ နှစ်ခု ယှဉ်လာပြီးဆိုရင် ဘာတွေ ဖြစ်လာကြမှာပါလဲ.. ကျွန်တော်တော့ မသိပါ..

Competitor ပေါ်လာတာ တစ်ဘက်ကကြည့်ရင်တော့ ကောင်းပါတယ်.. နှစ်ဘက် ယှဉ်ပြိုင်မှုတွေ လုပ်ရတော့မှာပေါ့.. လှေကြီးထိုး ရိုးရိုး သွားနေရင်တော့ လူတွေ စိတ်ဝင်စားတာ လျှော့သွားမယ်လို့ ကျွန်တော်ထင်ပါတယ်.. တောင်ကြီးသားတွေ အားလုံး အိပ်မောကျမနေပဲ ယှဉ်ပြိုင်မှုတွေ လုပ်ဖို့ လိုလာပြီ၊ သစ်ဆန်းမှုတွေ လိုလာပြီလို့ထင်ပါတယ်.. နောက်မှလာတဲ့သူက ဖောက်ထွက်နိုင်ရင် သစ်ဆန်းနိုင်ရင် ရှေ့ကလူကို ကျော်တက်သွားနိုင်တယ်ဆိုတာကို မမေ့ဖို့တော့လိုတယ်လို့ ထင်ပါတယ်..

တစ်ခါတစ်လေ ဘေးကို မကြည့်မိရင် ရင်ဘောင်တန်းလာတဲ့ ပြိုင်ဘက်ကို မမြင်ဘဲ အသင့်မပြင်မိလို့ အကျော်ခံလိုက်ရတာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်.. အဲ့ဒါကြောင့် တောင်ကြီးသားတွေ အနေနဲ့ ဘာလုပ်ဖို့ လိုတယ်ဆိုတာ သိကြဖို့လိုပါတယ်..

တောင်ကြီးတန်ဆောင်တိုင်က နှစ်စဉ် ဆန်းသစ်တီထွင်တာတွေ လုပ်လာတာတော့ရှိပါတယ်.. ဒါပေမဲ့ ရိုးရာဆိုတာကို အရမ်း ကိုင်စွဲကြတယ်လို့ ကျွန်တော် မြင်ပါတယ်.. အပြောင်းအလဲလုပ်မယ် ဆိုရင် သိပ်ပြီး လက်မခံချင်ကြပါဘူး.. ပြောရမယ်ဆိုရင်တော့ မီးပုံးပျံပြိုင်ပွဲကို တက်နိုင်သမျှ လက်နဲ့ပဲ လုပ်ကြရပါတယ်.. ယမ်းပညာဆိုရင်လဲ အားလုံး လက်မှုပစ္စည်းတွေပဲ သုံးကြရပါတယ်.. အဲ့ဒါကိုပဲ အသက်လို့ ခံယူထားကြပါတယ်.. ရှေးအဆင်အလာကို ထိန်းသိမ်း၊ ဆက်ခံရမယ်လို့ ကိုင်စွဲထားကြပါတယ်.. အဲ့ဒါကြောင့် နှစ်ပေါင်း (၅၀) ကျော်လာခဲ့လဲ အရင်ကထက် သိပ်ပြီးသိသိသာသာ ထူးခြားလာတာ မရှိဘူးလို့ ထင်ပါတယ်..

အဲ့ဒီမှာ ကျွန်တော်တစ်ခု ပြောစရာလေးရှိပါတယ်.. ယမ်းပညာနဲ့ ဒုံးပညာတွေမှာ မြန်မာတွေဟာ တရုတ်တို့နဲ့ ခေတ်ပြိုင်ဖြစ်ခဲ့ပါတယ်.. နောက်ပြီး ဘယ်နိုင်ငံထက်မှလဲ အများကြီး နောက်မကျခဲ့ဘူး.. ဒါပေမဲ့ ဆန်းသစ်မှုတွေ လက်မခံခဲ့.. ဖောင်မထွက်ခဲ့.. အဆင့်မမြှင့်တင်နိုင်ခဲ့တဲ့အတွက် တရုတ်ပြည်က ဒုံးပျံတွေ၊ Missiles လွှတ်နိုင်နေချိန်မှာ ကျွန်တော်တို့တွေ လက်လုပ်ဒုံးတွေ ခေတ်မမီတော့တဲ့ ရူးဒုံးတွေ အဆင့်ကနေ မတက်နိုင်သေးပါဘူး.. အခုဆိုရင်လဲ အဲ့ဒီ ဒုံးပြိုင်ပွဲတွေက အဆင့်မမီ၊ Safe မဖြစ် တော့တဲ့အတွက် ကွယ်ပြောက်ကုန်ပါပြီ.. ပအိုဝ်းဒုံးလွှတ် ပြိုင်ပွဲတွေလဲ အသက်အန္တရာယ် စိုးရိမ်စရာ အခြေအနေ ဖြစ်လာလို့ ရပ်နားပစ်လိုက်တယ်လို့ သိရပါတယ်.. နောက်ထက်လဲ အဲ့ဒီလိုမျိုး Safe မဖြစ်လို့ သေဆုံးသွားကြမဲ့ နည်းပညာတွေ ရှိလာဦးမှာပါပဲ..

ဘယ်အရာပဲ ဖြစ်ဖြစ် ၂၁ရာစုမှာ အံမ၀င်တော့ရင် မြောင်းထဲ ရောက်ကုန်ကြမှာ သေချာပါတယ်.. အခုဆိုရင် ယမ်းပညာမှာလဲ Local က ဘယ်လောက် ဆန်းသစ်၊ ဆန်းသစ် တစ်ချို့ ကိုင်ဆွဲထားတဲ့ အဟောင်းတွေကို မပြင်ဆင်၊ အချဲ့ထွင်ဘူးဆိုရင် အပြင်က နည်းပညာတွေကို ဘယ်လိုမှာ လိုက်လို့မီမှာ မဟုတ်ပါဘူး.. တကယ်တန်းဆိုရင် သူများနိုင်ငံမှာ ယမ်းတွေကို Computer Control တွေနဲ့ ကိုယ်ဖြစ်ချင်တဲ့ ပုံစံအတိုင်း လုပ်နိုင်နေချိန်မှာ ကျွန်တော်တို့ ယမ်းတွေကတော့ မျက်မှန်းနဲ့ ယမ်းတုတ်နေကြတုန်းပါ.. သဘာတွေနဲ့ လုပ်နေကြတုန်းပါ.. အဲ့ဒါကြောင့် မဖြစ်သင့်တဲ့ ဘေးဆိုးတွေ ရှိနေဖြစ်နေရတုန်းပါ..

အဲ့ဒီဟာတွေကို ကျွန်တော်တို့ လက်ခံပြီး ဆန်းသစ်သင့်တာ ဆန်းသစ်၊ ပြင်ဆင်သင့်တာ ပြင်ဆင်ပြီး လုပ်ကြမယ်ဆိုရင် အချိန်ကုန် လူပန်းသက်သာပြီး၊ အန္တရာယ်လဲ ကင်းလို့ အဆင့်မြင့်မြင့် နည်းပညာတွေနဲ့ ပိုမိုကောင်းမွန်တဲ့ မီးရှူးမီးပန်း အလှအပတွေကို တွေ့မြင်ခံစားရမယ်လို့ ထင်ပါတယ်..

တောင်ကြီးသားတွေ အနေနဲ့ မီးယမ်းနည်းပညာတွေ အဆင့်မြှင့်ရင်း၊ တစ်ဘက်ကလဲ အသစ်ယှဉ်ပြိုင်လာတဲ့ ပြင်ဦးလွင် တန်ဆောင်တိုင်ပွဲတော်ရဲ့ အရှေ့မှာ အမြဲရှိနေဖို့ လက်ရှိ အားထုတ်နေတာတွေထက် ပိုပြီး ကြိုးပမ်းကြဖို့ လိုလာပြီလို့ ပြောရင်း ပိုမိုကောင်းမွန်ပြည်စုံလာတဲ့၊ အဆင့်အတန်း မြင့်မားလာတဲ့ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကြီး ထာဝရဖြစ်တည် ရှင်သန်နေပါစေလို့ တောင်းဆုပြုလိုက်ပါတယ်..

6 comments:

နိုင်းနိုင်းစနေ said...

တောင်ကြီးတန်ဆောင်တိုင်နဲ့ ပြင်ဦးလွင် တန်ဆောင်တိုင်မှာ
ဖြစ်နိုင်တာကတော့ နောင်နောက် လူတွေက လမ်းပန်းဆက်
သွယ်ရေးဝေးတဲ့ တောင်ကြီးထက် သွားရလွယ်ကူတဲ့ ပြင်ဦးလွင်
ကိုပဲ ပိုသွားကြတော့မှာပဲ... ဒါကြောင့် တောင်ကြီးက မီးပုံပျံတွေ
ပိုဆန်းသစ်သင့်တယ်လို့ ထင်ပါတယ်။ ရှမ်းအိုးစည်နဲ့ မီးပုံပျံရယ်၊
ပအိုဝ့်ခေါင်းပေါင်း နီနီကြီးနဲ့ ရှမ်းသိုင်းတွေ တွဲနေတာကိုပဲ မြင်ချင်ပါတယ်။

ဟို ယမ်းကိစ္စတော့ မသိလို့ ၀င်မပြောတော့ပါဘူးး)
ကျေးဇူးပဲ ရဲမြန်မာရယ်.. လူတွေကို လှုပ်နိုးနိုင်ပါစေ

ပန်းခရေ said...

yemyanmar
This post is nice post for this blog.
I can say that you are very claver.
I was linked your blog.
Best of luck!

Anonymous said...

I accept that we should be creative & inventive to be long-lasting,whereas improving the original technique.But I heard that the competition in Pyin-O0-Lwin allows to use the China-made fire-works. IS THAT TRUE?
If so,don't u think they're spoiling our tradition?
I think Taunggyi folks should strongly restrict those kind of things!!!! We want to welcome the new ideas to update the traditional competition, but not IMITATIONS!!!
I want to say "PLEASE BE AWARE!"
How about ur opinion?

Anonymous said...

Il semble que vous soyez un expert dans ce domaine, vos remarques sont tres interessantes, merci.

- Daniel

te12 said...

qzz0726
burberry outlet
nike pegasus
mac makeup
michael kors outlet
basketball jerseys
toms shoes
longchamp outlet
air jordan release dates
toms shoes
michael kors handbags

yanmaneee said...

goyard
jordan retro
supreme new york
irving shoes
paul george shoes
adidas gazelle sale
off white jordan 1
fitflop sale
yeezy shoes
nike lebron shoes