Tuesday, June 12, 2007

ဆုတောင်းပြည့် ရန်ကင်းစေတီ

ကျွန်တော် သိပ်ပြီးတော့ အပြင်ထွက်လေ့ မရှိပါဘူး။ ရန်ဖန်ရန်ခါ အကြောင်းရှိမှပဲ အိမ်ကနေခွာ တတ်တဲ့သူပါ။ အပြင် ရောက်ရင်လဲ လုပ်စရာရှိတာ လုပ်ပြီး၊ အိမ်တန်းပြန်တာ များပါတယ်။ တခါတလေမှ စိတ်အေး လက်အေး အပြင်ထွက်ပြီး ဟိုး အမြင့်ကြီးကနေ တလောလုံးကို မြင်နိုင်တဲ့ နေရာမျိုးကိုသွား၊ မျက်စိ တစ်ဆုံး ထိုင်ထိုင် ငေးကြည့် တတ်တဲ့ သူမျိုး





အမြင့်ကနေ စီးပြီးကြည့်လို့ မြင်ရတဲ့ မြင်ကွင်းမျိုးကို အရမ်းသဘောကျခဲ့တာ ငယ်ငယ် ကတည်းက ပါပဲ။ တောင်ကြီးမှာကလဲ အဲ့ဒီလို နေရာမျိုးတွေ ခပ်များများဆိုတော့ ကျွန်တော့ အကြိုက်ပဲ။

တစ်နေ့ တောင်ကြီးမြို့ မြောက်ဘက် အစွန်ဆုံး တောင်ကုံးထိပ်က ဆုတောင်းပြည့် ရန်ကင်းစေတီကို စိတ်အေး လက်အေး ထွက်လာခဲ့ပါတယ်။ အချိန်ကလဲ နေ၀င်ချိန်လေးပေါ့။

မိုးသားတွေကလဲ ကောင်းကင်မှာ ဟိုတစ်ကွက် ဒီတစ်ကွက်၊ နေ အလင်းတန်းတွေကလဲ ပူပြင်းမှုမရှိတော့ပဲ ရွှေအိုရောင် ဖျော့ဖျော့။ မိုးငွေ့တွေပါတဲ့ ညနေဆောင်း လေပြေလေးကလဲ တိုက်လို့။ ဘုရားပေါ်မှာတော့ ဘယ်သူမှ ရှိမနေဘူး။ ကျွန်တော်တစ်ယောက်ထဲ လွတ်လပ်အေးချမ်းစွာနဲ့ ဘုရားဝတ်ပြုပြီး၊ ဘုရားရင်ပြင်ပေါ်မှာ ရှိတဲ့ ခုံတန်းလျားလေးမှာ ထိုင်၊ မျက်စိတစ်ဆုံး ဟိုးအဝေးကြီးကို စိန်ပြေနပြေ ထိုင်ကြည့်နေလိုက်တယ်။

အဲ့ဒီကုန်းတော်ကို နာမည်ဘယ်လိုခေါ်လဲ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ အဲ့ဒီကုန်းတော်ပေါ်က နေ တောင်အောက် တော်တော်ဝေးဝေး လှမ်းကြည့်လို့ရတာပဲ ကျွန်တော်သိတယ်။ မကြာခဏလဲ သွားခဲ့ဖူးပါတယ်။

ကျွန်တော် ဦးတည်ချက်မရှိပဲ မြင်ရသမျ တွေကိုကြည့်၊ စိတ်ထဲမှာလဲ ရွက်လွင့်၊ အချိန်ဆိုတာတွေ၊ အလုပ် ဆိုတာတွေ၊ တာဝန်ဝ(တ်)တရားတွေ၊ ရည်မှန်းချက်တွေ ဘာဆိုဘာမှ မရှိအောင် မေ့ပစ်ပြီး၊ အကြာကြီး ထိုင်ဖြစ်ခဲ့တယ်။

နေလုံးကြီး တောင်တွေကြားထဲ ၀င်သွားတာကိုလဲ တွေ့ခဲ့ရတယ်။ သဘာဝတရားတွေက ကျွန်တော်တို့ သတိမထားမိရင် ဘာမှမတွေ့ရဘူး။ အချိန်ပေး စောင့်ကြည့်တော့မှပဲ အော် ငါတို့ ရပ်တည်နေတဲ့ ခြာခြာလည် ဂြိုဟ်ကြီးပေါ်မှာ ဒီလို ပကတိ အလှတွေ ရှိပါလားလို့ သိရတော့တယ်။

တော်တော်ကြာလို့ အလင်းရောင်တွေပြောက်မှ ကျွန်တော် လှည့်ပြန်လာခဲ့ပါတယ်။

မှတ်ချက်။ တောင်ကြီးမြို့မှာ နာမည်ကြီး ဘုရားတွေ တော်တော်များများ ရှိပါတယ်။ စေတီတော် ခပ်များများ ကတော့ တောင်ကြီးမြို့ ရဲ့ တောင်ထိပ်တွေမှာ တည်ရှိတတ်ပါတယ်။ အခု စေတီတော်ကတော့ ဆုတောင်းပြည့် ရန်ကင်းစေတီတော် ဖြစ်ပါတယ်။

ထူးခြားတာက တောင်ကြီးမြို့မှာ စေတီတွေတည်ရှိတဲ့ နေရာတော်တော်များများက တောင်ထိပ်တွေမှာ ဖြစ်တဲ့အတွက် နေရာတော်တော်များများကို အပေါ်စီးကနေ ကြည့်လို့ရတယ်။

ရန်ကင်းစေတီတော်ဟာ တောင်ကြီးမြို့ မြောက်ဘက်အစွန်ဆုံး တောင်ကုံးထိပ်မှာ တည်ရှိပါတယ်။ Google Earth ကနေလဲ မြင်နိုင်ပါတယ်။

5 comments:

Anonymous said...

”ရန်ကင်းစေတီ”ကြောင်း တင်ထားတာတွေ့တော့ အရမ်းကိုပျော်သွားပါတယ်......
”ကျေးဇူးတင်ပါတယ်” လို့ပြောပါရစေနော်.....
အဲဒီနေရာလေးက ကျွန်မဘ၀ရဲ့အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ အမြဲရှိနေမဲ့နေရာလေးမို့ပါ...
သွားချင်တဲ့စိတ်ရှိပေမဲ့ ဘယ်တော့မှမသွားဖြစ်ခဲ့တဲ့နေရာလေး..လေ
ခုလိုအဝေးရောက်နေတဲ့အချိန်မှာ အလွမ်းပြေမြင်ခွင့်ရလိုက်တဲ့အတွက် အရမ်းကိုပျော်ရွှင်ရပါတယ်............

Anonymous said...

”ရန်ကင်းစေတီ” ပုံလေးတွေကို အလွမ်းပြေ၀င်ကြည့်သွားပြန်ပြီနော်............

Anonymous said...

”ရန်ကင်းစေတီ” ပုံလေးတွေကို အလွမ်းပြေ၀င်ကြည့်သွားပြန်ပြီနော်............

Unknown said...

2015-10-09 zhengjx
Coach Outlet Store Online Free Shipping
michael kors outlet
ugg boots sale
nike trainers
ugg boots australia
timberland boots
Coach Factory Outlet Official Coach Handbags Sale
canada goose outlet
Canada Goose Jackets Outlet Online Sale
michael kors outlet
Coach Factory Outlet Handbags 70% OFF
Gucci Outlet Online 80% OFF
michael kors outlet
cheap jordans,jordan shoes,cheap jordan shoes
michael kors outlet stores
Abercrombie And Fitch New York Outlet Store
cheap ugg boots
michael kors handbag
michael kors
Ralph Lauren UK Sale Polo Shirts
ugg boots
Up To 70% Off Air Retro Jordan 8s
coach factory outlet
Cheap Toms Shoes Outlet Sale Clearance
Louis Vuitton Handbags Factory Outlet
Michael Kors Outlet USA Store
Louis Vuitton Handbags Outlet Online
Air Jordan 4 Retro Free Shipping
coach outlet online
michael kors outlet

raybanoutlet001 said...

jacksonville jaguars jersey
air jordan 8
skechers outlet
fitflops sale clearance
kate spade sale
superdry clothing
fitflops
salomon boots
ed hardy clothing
cheap jordan shoes