Tuesday, June 12, 2007

တောင်ကြီးမြို့ရဲ့ သင်္ကေတေ

မြို့တိုင်းမြို့တိုင်းမှာ Landmark သင်္ကေတတွေ ရှိကြတယ်။ ဒါပေမဲ့ တောင်ကြီးမြို့ရဲ့ Landmark ကဘာလဲ။ ကျွန်တော် မသိဘူးဖြစ်နေတယ်။ Airbagan Site မှာ သူ့ရဲ့ ရုံးစိုက်တဲ့ နေရာတွေက မြို့တွေကို သက်ဆိုင်ရာ Landmark ပုံတွေနဲ့ တွဲပြထားပေမဲ့၊ တောင်ကြီးကြတော့ Blank ဖြစ်နေတယ်။ Webdeveloper တွေ မသိလို့ မထည့်ထားတာလား။ မရှိလို့ မထည့်ထားတာလား ကျွန်တော်မသိဘူး။

သူ့လိုပဲ ကျွန်တော်လဲ စဉ်းစားကြည့်တယ်။ တောင်ကြီးမြို့ရဲ့ Landmark ကဘာလဲ။ အဖြေမရဘူးဖြစ်နေတယ်။ ကူ စဉ်းစားပေးကြပါ။ တောင်ကြီးမြို့ မှာရှိတဲ့ လူတိုင်းလက်ခံတဲ့ နေရာ၊ သင်္ကေတ။ ဘာဖြစ်ပါသလဲ။ International Recognized ဖြစ်နိုင်လောက်တဲ့ Landmark မျိုး။ ရှိရင်လဲ ပြောပါ။ မရှိရင်လဲ ဘာဖြစ်သင့်တယ် ဆိုတဲ့ အကြောင်း ဆွေးနွေးပေးပါ။

အင်းလေကန်ကတော့ ရှမ်းပြည်တောင်ပိုင်းအတွက် Landmark လို့ထင်တယ်။

6 comments:

Thinzar said...

အင်းလေးပုံပြလည်း အဆင်ပြေတာဘဲ။ အင်းလေးသွားချင်ရင်လည်း လေယာဉ်က အဲဒီမှာဘဲ ဆင်းရတဲ့ဟာ... Landmark မဟုတ်ဘဲနဲ့ မီးပုံးပျံပုံထည့်လည်း ရမယ်ထင်တယ်နော်။ အဲလိုကြီး ဘာမှမထည့်ဘဲထားတော့ ဟာတာတာကြီး.. :)

AZYL said...

Landmark အနေနဲ့ ပြောမယ်ဆိုရင်တော့ တောင်ချွန်းကို ပြောလို့ရမယ်ထင်ပါတယ်။ တောင်ကြီးသားစစ်စစ်တွေ စဉ်းစားပေးကြပါဦးဗျာ . . .

Khun said...

"Taunggyi"...one of the most beautiful towns in Myanmar. My idea is to post the whole view of our town taking from the mountain.(ShwePhonePwint Pagoda). The landmark should be the best. You can see the roofs of the building in red colour that you will never see the whole Myanmar. Beautiful!! Better also get the advices from the Photo Specialists.

Color Blind said...

တောင်ချွန်းပဲ...
တောင်ချွန်းအပေါ်ဆုံးထိတက်ပြီး ကမ်းပါးအစွန်းနားမှာ ရပ်လို့ လက်နှစ်ဖက်ကို ဆန့်တန်း လေတွေ တ၀ုန်းဝုန်း ကိုယ့်ဆီတိုးဝင်လာချိန်မှာ တမြို့လုံးက ကိုယ့်ရဲ့ အောက်ဖက် ခပ်ဝေးဝေးမှာ...
အဲဒီလိုမြင်ကွင်း အေးချမ်းလွတ်လပ်တဲ့ဘ၀မျိုးကို ပြန်မရနိုင် မရောက်နိုင်တော့ပေမယ့် တောင်ချွန်းကြီးကို မော့ကြည့်ပြီး အတိတ်က ဖြူစင်တဲ့ ဘ၀လေးကို ပြန်တမ်းတခွင့်ရှိတယ်...

တောင်ချွန်းရဲ့ အရိပ်အောက် ရင်ခွင်အောက်ကနေ လူဖြစ်လာရတဲ့ လူသားတယောက်အနေနဲ့
တောင်ကြီးမှာ အမှတ်အရဆုံးက တောင်ချွန်းပဲ...
အထင်ကရအဖြစ်ဆုံးကလဲ တောင်ချွန်းပဲ...

Unknown said...

မီးပုံးပျံကတောင်ကြီးနဲ့ခွဲမရတဲ့သင်္ကေတပဲ။ တောင်ကြီးနဲ့ပတ်သက်လာရင် အထင်ရှားဆုံးကလည်း မီးပုံးပျံပဲ။ စိန်နားပန်ကိုထည့်ထည့်၊ မီးကျည်ကို ထည့်ထည့် ကောင်းတာပဲ။

Anonymous said...

တောင်ချွန်းလို့ထင်တယ်