Monday, June 18, 2007

Home sick

"Home sick"တဲ့.. အဲဒီခံစားချက်ကြီးကို အိမ်နဲ့အဝေးမှာ ရောက်နေတဲ့ လူတွေသာ

သိကြ.. ခံစားဖူးကြတာပါ..

ညီမက ကိုယ်ရောက်နေတဲ့နေရာ ကိုယ်နေထိုင်နေတဲ့နေရာကို `ငါ့အိမ်၊
ငါနေတဲ့အိမ်´လို့သုံးလေ့ရှိပေမဲ
့... ညီမရဲ့ အတွင်းစိတ်ထဲမှာ အမြဲရှိနေတဲ့ အိမ်ဆိုတာက ရှမ်းပြည်တောင်ပိုင်း
တောင်ကြီးမြို့ တစ်နေရာက ညီမရဲ့ မိသားစုလေး ရှိနေတဲ့ နေရာကု
ိသာ ဆိုလိုတာပါ...

အိမ်လွမ်းခြင်းဆိုတဲ့ ခံစားချက်က
ို ခံစားရတာ ညီမအတွက်တော့ သိပ်မထူးတော့ သလိုပါပဲ..
ညီမပြောခဲ့ဖူးသလို.. ညီမက စိတ်ကအားနေရင် အိမ်ကို တမ်းတနေတဲ့သူလေ..
တခြားအဝေး တစ်နေရာကို ရောက်နေသူတေ
ွတော့ မပြောတတ်ဘူး..
မြန်မာ့ နယ်နမိတ် အတွင်းမှာပဲ ရှိနေသေးတဲ့ ညီမအတွက်ကတော့...
အိမ်ကလူတွေနဲ့... အိမ်မှာနေထိုင
်ရတဲ့ အကြောင်းလေးတွေကို အမြဲသတိရနေတတ်တာပါ..
ညီမစိတ်ကလဲ ထူးဆန်းတယ်.. တောင်ကြီးက လူတစ်ယောက်ယောက်ကို မ
တွေ့ရင် စိတ်ထဲ
ထွေထွေထူးထူး သိပ်မဖြစ်တတ်ပေမဲ့.. ကိုယ့်အသိထဲက လူတစ်ယောက်လောက် တောင်ကြီးကိုပြန်မယ်လို့ ကြားတာနဲ့ ညီမစိတ်က အိမ်ကို လိုက်ပြန်ချင်တဲ့စိတ်က နေမရထိုင်မရ ဖြစ်လာတတ်တာ..
အဲဒီလိုအိမ်ကို လွမ်းရင် ညီမ အမြဲဆိုညည်းနေကြ သီချင်းစားသားလေ
းတစ်ခု ရှိတယ်။ သိလား...
သူငယ်ချင်း တစ်ယောက်ကဆိုပြလို့ စပြီးကြားဖူးထားတာလေးပါ...

ထွဏ်းခမ်ရဲ့ သီချင်းလို့ သိထားပ
ါတယ်.. သိထားတာကြာပြီ ဆိုပေမဲ့
အဲဒီသီချင်းရဲ့ Titleကိုတော့ ခုထိ
သေချာမသိသေးပါဘူး..
စာသားတွေက ဒီလိုပါ....

`ဒီလိုမြို့ပြဘ၀က အဆင့်မြင့်ပါတယ
်... နေထိုင်စားသောက်ဖို့က အားလုံးအဆင်ပြေ... ဒါပေမဲ့လည်း
ကျွန်တော့ရဲ့ သွေးသားကတောင်းဆို.
.
တောင်ပေါ်အမေ့ရဲ့ ထမင်းနဲ့ဟင်းကု
ိ ကျွန်တော်တမ်းတ....´
`ဆောင်းနှင်းများကြား ပွင့်တဲ့ခ
ျယ်ရီ.. တောင်ပေါ်ထင်းရှုး ရနံ့လေးရှုရှိုက်ချင်သေး..
တောင်ပေါ်လမ်းအတိုင်း.. လျှောက်
ပြန်မယ်.. တောတန်းများရဲ့ အရိပ်ကိုမျှော်ကြည့်ရင်း...´

ညီမအတွက်တော့ မဲ့မဲ့(အမေ)ရဲ့ ထမင်းဟင်းမှ မဟုတ
်ဘူး... အားလုံးကို တမ်းတ လွမ်းဆွတ်ပါတယ်... တောင်ပေါ်အစားအစာ... နေရာဒေသ... အို...... အားလုံး... အားလုံးကိုပါပဲ... ခုလဲ Taunggyicherryland blogထဲ ၀င်ဖတ်ရင်း... အိမ်ကိုအရမ်းသတိရမိလို့.. ဒီစာကို ရေးလိုက်မိတာပါ.. ခုလို ကိုယ်ခံစားနေရတာကို ဖေါ်ပြခွင့်ပေးတဲ့ Taunggyicherrylandကိုလည်း အရမ်း ကျေးဇူးတင်ပါတယ်.. အားလုံးအတွက် ကျေးဇူးပါ....

2 comments:

Unknown said...

ဟုတ်ပါတယ် ...ထွဏ်းခမ်ရဲ့သီချင်းပါ
သီချင်းနာမည်က ကျေးလက်တောင်တန်း လို့ထင်ပါတယ်

ရှမ်းလေး said...

သူကလဲဆရာလာလုပ်နေတယ် .သီချင်းပဲ............ဒီမှာအိမ်ကိုလွမ်းနေပါတယ်ဆိုမှ..များ၂ရေးပါအားပေးနေပါတယ်.ဒီထက်ပိုထိရောက်တဲ့စာသားတွေအလွမ်းတွေနဲ့ဆိုပိုငိုလို.ကောင်းတာပေါ့....ဟူတ်ဖူးလား