Thursday, June 7, 2007

မုံတ၀ဂူ သို့ တစ်ခေါက် (၂)

ကျွန်တော်တို့ အရှေ့မှာ တွေ့လိုက်ရတာက ဘုန်းဘုန်း တစ်ပါး ပါ။ ဘုန်းဘုန်းကိုပဲ ကပ်ပြီး မုံတ၀ဂူကို ဘယ်လို သွားရလဲ လို့ မေးလျှောက် ကြည့်တော့ သူလဲပဲ မုံတ၀ဂူကို သွားမလို့တဲ့ အဲ့ဒီမှာ သတင်းသုံးတဲ့ ဘုန်းဘုန်း ပါတဲ့။ ကားဆရာတော့မသိ ကျွန်တော်ကတော့ အားတတ် သွားပါတယ်။ အခုဆို ၂ယောက်၊ ၁ပါး ဖြစ်သွားပြီ။ ဘုန်းဘုန်းကပဲ ရှေ့ကကြွပါတယ်။ လမ်းမှာ ဘုန်းဘုန်းနဲ့ စကားတွေပြောရင်း ကျွန်တော်တို့တွေ ဆက်လျှောက် လာခဲ့ ပါတယ်။ ၁၀ မိနစ် လောက်လဲ ကြာပါပြီ။ မုံတ၀ဂူကို မမြင်ရသေး။ ဘုန်းဘုန်းကတော့ ရောက်တော့မယ်လို့ ပြောတယ်။ လမ်းလျောက်နေကြ မဟုတ်လို့ ဒီခရီးလေကိုပင် ခြေထောက်တွေက ညောင်းချင် လာပြီ။ ကိုယ်ကိုယ်ကိုလဲ အားမရဖြစ်မိသည်။ အဆင်းလမ်းမို့လို့ တော်သေးသည်။ အပြန် ဘယ်လိုပြန်ရ ပါ့မလဲ့လို့ ကျွန်တော် ကြိုပြီး ပူပန်နေ မိသေးသည်။ ၁၅မိနစ်ကျော် ပြန်တတ်ရမှာ မလွယ်ကြောပဲ။ နဲနဲမှ ပြေတဲ့နေရာမရှိ၊ အတတ်ကြီးပဲ ဖြစ်မှာမို့ မရောက်တောင် မရောက်သေး ပြန်ဖို့ အရေး တွေးပူနေမိသေးသည်။

နောက်တော့ တောတွေကျော်ပြီး တောင်စောင်းတစ်ခုနားကို ရောက်လာပါတယ်။ အဝေးက အေးသာယာမြို့နဲ့ အေးသာယာ ကောလိပ် (အခု နည်းပညာတက္တသိုလ် တောင်ကြီး) ကိုလဲ မြင်နေရပါတယ်။ အစက ဘယ်တော့ ရောက်မှန်း မသိတော့ သွားရတာအားမရှိ။ အခု ရောက်ခါနီးသလို ခံစားလာရလို့ အားတက် လာပါတယ်။ ရေတံခွန်အသံ ကိုလဲ ကြားနေရ ပြီလေ။ နောက်တော့ ကျောက် တောင်ကြား တစ်ခုကို တွေ့လိုက်ပါတယ်။ အတော်လေး လှပါတယ်။ ဇာတ်လမ်းတွေထဲမှာ မြင်ဖူး သလို မြင်ကွင်းက စိတ်ကြည်နူးစရာ ကောင်းပါတယ်။ လမ်းမကနေ လျောက်လာတာ ၁၅မိနစ် သာသာ လောက်တော့ ရှိပြီ။ အခု ကျွန်တော် ရေတံခွန်ကို လှမ်းမြင်နေရပြီလေ။ မနက်ပိုင်းက မိုးရွာထားတာမို့ ရေတံခွန်က ရေအများကြီးဖြစ်နေသည်။ ရေကတော့ ရွံ့ရောင် ပေါက်နေတာကို တွေ့ခဲ့ရပါတယ်။ ရေသံရယ်၊ ရေအနံ့ရယ်၊ ညနေဆောင်း အေးမြမှု ရယ်ကြောင့် တော်တော်လေး လမ်းလမ်းစန်းစန်း ဖြစ်လာ ပါတယ်။ အမောလဲ ပြေသွားပါတယ်။ ရေတံခွန်နားမှာ ဘုန်းတော် ကြီးကျောင်းကိုလဲ တွေ့နေရပါပြီ။ မကြာမီ ကျွန်တော်တို့ ရဲ့ Destination ရောက်တော့မယ်လေ။ ကျွန်တော် ဘာတွေ ဆက်တွေ့ရမလဲလို့ သိချင်စိတ်တွေလဲ များလာပါတယ်။ ဒီလိုနဲ့ ခြေလှမ်းတွေလဲ ပိုမိုသွက်လာခဲ့ပါတယ်။

2 comments:

Sai Linn Thu said...

အရမ်းအေးချမ်းတယ်ကွာ....ဒီမှာ သဘာဝ ဆိုတာမရှိဘူး..ဒီကလူတွေ သဘာဝ တရားကို နားလည်ပုံ မရဘူး....အားလုံးက ဖန်တီးထားတာတွေချည်းပဲ....စိတ်ပျက်ဖို့ကောင်းတယ်...ဒါမျိုးလေးတွေများများတင်ကွာ...သဘာဝ နဲ့ ဓလေ့ဆိုတာ ချစ်စရာပါဗျာ...အရမ်းလွမ်းတယ် ချစ်သောမြေ ကို....

raybanoutlet001 said...

adidas superstar
christian louboutin outlet
reebok outlet
miami heat jersey
nike huarache
polo ralph lauren
coach outlet
texans jerseys
michael kors outlet
chicago bears jerseys