Friday, June 15, 2007

ကြည်နူးဖွယ်အာရုဏ်ဦး

ချမ်းအေးလွန်းတဲ့ တောင်ကြီးမြို့ရဲ့ ဒီဇင်ဘာလရဲ့ နံနက်ခင်း “ ၅း ၃၀ ” နာရီ လောက်မှာ ပုထုဇဉ်လူသားများ ချမ်းအေး လွန်လို့ အိပ်ရာထဲမှာကွေးနေ ခိုက်မှာ ၊ တောင်ကြီးမြို့ ရှိ ပရိယတ္တိစာသင်တိုက် တစ်တိုက်ဖြစ်တဲ့တောင်ကျောင်းကြီး ပရိယတ္တိစာသင်တိုက်မှာ ရဟန်း သံဃာ ၊ ကိုရင်ငယ်လေး များမှာ မအေးချမ်း နိုင်ရှာ ပဲ သင်္ကန်းရုံကာ တောင်ကြီးမြို့ တောင်ဘက် မှ မြောက်ဘက် ထိတိုင် နံနက်တိုင်း ဆွမ်းခံကြွ ကြပါတယ်။ ရဟန်းသံဃာတော်များ ဆွမ်းခံကြွရာလမ်း တစ်လျှောက်မှာ တောင်ကြီးမြို့သူ ၊ မြို့သားများဟာ ဆွမ်းလောင်လှူ ကြသည်မှာ ကြည်နူးဖွယ် ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ နံနက် “ ၆း ၁၅ ” နာရီလောက်မှာ ကတ္တီပါရောင် နေမင်းကြီးက ရွှေဘုန်းပွင့် စေတီတော်ကြီးနောက်မှ တအိအိ တက်လာကာ နံနက်ခင်းသစ်ရဲ့ လင်းရောင်ခြည် ကို တောင်ကြီးမြို့ တစ်မြို့ လုံးကို ဖြန့်ကြဲပေးလိုက်ပါတယ်။
တစ်နေ့သောနံနက်ခင်းမှာ အမေက ကျွန်တော့ကို နံနက် “ ၅း ၃၀ ” နာရီ လောက်မှ “ သားထတော့ ၊ ဆွမ်းထလောင်းလို့ ” ပြောတော့ ကျွန်တော် လည်း အိပ်ချင်မူးတူးနဲ့ ထက မျက်နှာသစ် ၊ သွားတိုက်ပြီး ဆွမ်းလောင်းဖို့ ဆွမ်းခူးပြီးတော့ အိမ်ရှေ့ကို ထွက်လာတော့ ကျွန်တော်တို့ အိမ်နီးနားချင်းများက တစ်လမ်းလုံး တန်းစီပြီး ဆွမ်းအုပ်ကိုယ်စီကိုင် ကာစောင့်နေတော့ ကျွန်တော်တွေ့တော့ ကျွန်တော့ စိတ်ထဲ အလွန်ကြည် နူးပီတိ ဖြစ်ခဲ့ ရတယ်ဗျာ။ အဲ ဒီ လိုနဲ့ နံနက် “ ၅း ၅၀ ” နာရီလောက်မှာ လမ်းထိပ်မှ ကြည်ညိုဖွယ်ရဟန်း သံဃာ တော်များ ၊ ကိုယ်ရင်ငယ် များ ဟာ တန်းစီပြီးတော့ ကြွ လာကြတယ်။ တဖြည်းဖြည်းနဲ့ ကျွန်တော့ နားရောက်လောက် တော့ ကျွန်တော် ဆွမ်းလောင်း တော့ သပိတ် ထဲမှာ ဆွမ်းတော်တော်များများ ပြည့်နေပြီ ဖြစ်တယ် ။ အော ...... တော်တော် သဒ္ဒါတရားထက်တန် တဲ့ တောင်ကြီးများ ပါလားလို့ ကျွန်တော့ စိတ်ထဲထင်လိုက်မိတယ် ဗျာ။ အဲဒီနောက်မှာ ကျွန်တော်လည်းဆွမ်းလောင်း ပြီးသိပ်မကြာပါဘူးဗျာ တောင်ကြီးမြို့ရဲ့ အရှေ့တည့်တည့်မှ ကတ္တီပါရောင်နေလုံး ကြီးကလည်းတအိအိ နဲ့ တက်လာတာ ကြည်နူးစရာကောင်းတဲ့အာရုဏ်ဦး ပါပဲဗျာ။ တောင်ကြီးမြို့ မြို့သူ ၊ မြို့သားများ ရဲ့ ဖြူစင်တဲ့ သဒ္ဒါတရား တွေနဲ့ ကြည်နူးဖွယ် အာရုဏ်ဦး ဟာကျွန်တော့ အတွက် မေ့မရတဲ့ အဖြစ်အပျက်လေးတစ်ခုပဲဖြစ်ပါတယ်ဗျာ ........................ ။