Saturday, June 16, 2007

ရှမ်းစက္ကူပြုလုပ်ပုံ..

ကျွန်မ တောင်ကြီးကို ဒုတိယအကြိမ်သွားတုန်းက ကလောကနေတဆင့် ပင်းတယကို သွားလည်ပါတယ်.. ပင်းတယမှာ ဘုရားဖူးပြီးတော့ ကျွန်မတို့ ငှားလာတဲ့ ကားသမားက ကျွန်မတို့ကို ရှမ်းစက္ကူလုပ်တဲ့ နေရာလေးကို လိုက်ပြမယ်လို့ ပြောပါတယ်... ကျွန်မတို့လည်း ကားသမား အစ်ကိုကြီးကို ကလောက စပြီး ငှားကတည်းက အစ်ကို သင့်တော်သလိုပဲ လိုက်ပို့ပေးပါ.. သွားလို့ အဆင်ပြေမယ့် နေရာလေးတွေ လိုက်ပို့ပေးပါလို့ ဆိုထား လေတော့ သူက ရှမ်းစက္ကူလုပ်တာ မြင်ဘူးလားတဲ့... ကျွန်မက ရှမ်းစက္ကူဆိုတာ ဘယ်လိုစက္ကူမျိုးလည်း အကိုလို့ မေးတော့ ကားသမား အကိုကြီးရီပါတယ်.. အဲဒါနဲ့ ကျွန်မတို့လည်း ကားသမားရဲ့ စေတနာကြောင့် ရှမ်းစက္ကူ လုပ်တာကို မြင်ခဲ့ရပါတယ်..

ရှမ်းစက္ကူဆိုတာ ရန်ကုန်အခေါ်ဆိုရင် မှိုင်းခံစက္ကူ လိုမျိုးပါ.. စက်ချုပ်သင်တဲ့ အခါမှာလည်း ပိတ်စကို အရင် မချုပ်တတ်ခင်မှာ လက်တွေ့ လုပ်လို့ရအောင် မှိုင်းခံစက္ကူကို သုံးရပါတယ်.. ဒါပေမယ့် အခု ကျွန်မတို့ မြင်ခဲ့ရတဲ့ ရှမ်းစက္ကူက မှိုင်းခံစက္ကူနဲ့ ဆင်ပေမယ့် အသုံးပြုပုံချင်းက ကွာပါတယ်.. ရှမ်းစက္ကူက စက္ကူ စလုပ် ကတည်းက ပန်းပွင့် ပန်းရွက်လေးတွေနဲ့ ပုံဖော်ပြီး စက္ကူဖြစ်သွားရင်တော့ အမျိုးမျိုး ပြုလုပ်ပြီး သုံးတာကို မြင်ခဲ့ရပါတယ.်. ပန်းပွင့် ပန်းရွက်လေးတွေ ကလည်း အဲဒီ့ဆိုင်နား ၀န်းကျင်မှာရှိတဲ့ သဘာဝအတိုင်း ပေါက်နေတဲ့ အပင်လေး တွေက ဆွတ်ယူပြီး လှသလို လုပ်ထားတာမို့လို့ စက္ကူလုပ်တဲ့ သူရဲ့ စိတ်ကူးကောင်းပုံလေးရယ် ဘယ်ကျောင်း ဘယ်တက္ကသိုလ်မှာမှ မသင်ရပဲ လှသလို ပန်းပွင့်လေးတွေနဲ့ ဒီဇိုင်း ဖော်သွားတာဟာလည်း ကျွန်မ တကယ်ကို မချီးကျူးပဲ မနေနိုင်ပါဘူး..

ကျွန်မတို့ ရောက်သွားတဲ့ ဆိုင်လေးမှာတော့ ရှမ်းစက္ကူကို မိန်းမကိုင် ယပ်တောင်လေးတွေ လုပ်ထားတာလည်း တွေ့ခဲ့ရပါတယ်.. ပြီးတော့ စာအုပ်လိုမျိုး ချုပ်ထားတာ တွေလည်းရှိတယ်.. သီတင်းကျွတ် မီးထွန်းရင် သုံးတဲ့ မီးပုံလေးတွေ ချိုးပြီး ချိတ်ထားတာလည်း တွေ့ရပါတယ်.. အမျိုးမျိုး စိတ်ကူး သင့်သလို လုပ်ကြတာမို့လို့ နိုင်ငံခြားသားတွေအတွက် ထူးဆန်းပြီး အမှတ်တရ လက်ဆောင် အဖြစ် ၀ယ်မယ်ဆို ၀ယ်ချင်စရာလေးတွေပါ.. ကျွန်မ အတွက် ကတော့ တကယ်ကို အဖိုးမဖြတ်နိုင်တဲ့ အတွေ့အကြုံလေး တခုပါပဲ။

ဒီအကြောင်းလေးကို ကျွန်မ တောင်ကြီး (သို့မဟုတ်) ချယ်ရီမြေလေးမှာ ပြန်ပြီး ဝေမျှချင်တဲ့ စိတ်လေး ဖြစ်လာတာနဲ့ ဒီစာလေးကို ရေးဖြစ်သွားရတာပါ.. သွားတုန်းက အလည်လိုမျိုး သွားတာဆိုတော့ ဓာတ်ပုံက အများကြီး မရိုက်ဖြစ်ပါဘူး.. အဲဒါကြောင့် ကျွန်မမှတ်မိသလောက် စက္ကူပြုလုပ်ပုံလေးနဲ့ ရှိတဲ့ ဓာတ်ပုံလေးတွေကို တွဲပြီး ပို့ပေးလိုက်ပါတယ်..

တစုံတရာ အမှားပါရင်လည်း နားလည်ခွင့်လွှတ်စေချင်ပါတယ်။

ပုံ(၁) က ပထမ ရေစိမ်ထားတဲ့ပျော့ဖတ်တွေကို ကြေသွားအောင် ထုရပါတယ်..

ပုံ(၂) မှာတော့ ဘေးနားမှာ အင်္ဂတေနဲ့ အကွက်ဖော်ထားတဲ့ အုတ်ကန်ဘောင်လေးထဲကို သစ်သားဘောင် ခတ်ထားတဲ့ မိုလ် ပုံလေးထည့်ပြီး စောစောက ထုထားပြီးသား ပျော့ဖတ်အစလေးတွေကို ရေထဲမှာ ဖြန့်ထား ပါတယ်။ ပြီးရင် စက္ကူပန်းလေးရယ် သစ်ရွက်လေးတွေနဲ့ လိုသလို ပုံဖော်ပြီး ဒီဇိုင်းလုပ်ပါတယ်..

ပုံ (၃) ပျော့ဖတ်သားလည်း ညီပြီ ပန်းပွင့် ဒီဇိုင်းလေးလည်း ပုံစံကျပြီဆိုရင် ရေထဲကနေ ဆယ်ယူပြီး နေပူလှမ်းပါတယ်..
ပုံ(၄) နေပူလှမ်းရာက ခြောက်သွားပြီ ဆိုရင်တော့ ရှမ်းစက္ကူဖြစ်သွားပြီး လိုသလို ပုံဖော်ပြီး သုံးကြပါတယ်..

ရန်ကုန်သူ

Note: မ ရန်ကုန်သူ ပေးပို့လာသော Mail မှ ရှမ်းစက္ကူပြုလုပ်ပုံ.. အဆင့်ဆင့်နှင့် ဓါတ်ပုံများကို မူရင်းအတိုင်း ဖေါ်ပြလိုက် ပါတယ်။

3 comments:

monksarana said...

Hello, I have prepared your article in English, see below -

There is a kind of paper known as “bamboo paper” (ဝါးစက္ကူ, waa set-ku). It is made in the way how Shan paper (ရှမ်းစက္ကူ). Unlike Shan paper which is made of Sterculia tree (စက္ကူလှော်ပင်), bamboo paper is made of bamboo. It is the soft pieces of bamboo bark that are used in its making. Bamboo bark, dried under sun-light, is mixed with dust of wood and boiled for 6 hours, and then rinsed by water several times. That is then separated into lumps each as big as can fit into one's hand. Each lump is hammered by a wooden hammer (on a wooden surface) for ca. 20 minutes. Each lump will become a paper three feet in diameter. The paper is then placed in water and sprinkled by fire-wood - at that moment it is possible to add paper-flowers (paper cut in flower-shape) in order to make little flower-like pictures appear on the paper. After the sprinkling, it has to be dried (/"cleaned from water"). These soft pieces (of paper) are then finally dried under sun for two hours. Thereafter making the bamboo paper is completely finished.
- The soft pieces (lumps), which were first immersed in water, should be hammered.
- In the pic.2 there is a wooden frame inserted inside a little recess made of concrete. Inside there is inserted a little picture of a frame/template (molding), which has been set as a wooden boundary inside the little brick-recess. The little soft pieces (of bamboo bark) that were hammered before, are sprinkled in the water. After that, the little flowers (cut from) paper together with little leaves (also cut from paper) are used to create an art design.
- In the pic.3, when the soft pieces (of bamboo bark) are flattened/levelled (together with the paper-flowers), (the paper) is removed from water and dried under sun-shine.

I would like to use your photos in my newsletter about Myanmar and Buddhism, called "NewPilgrim". Hopefully it is alright for you :-) .
Thank you,
Czech monk Ashin Sarana

Unknown said...

kate spade uk
michael kors outlet
michael kors outlet clearance
coach outlet online
cheap oakley sunglasses
christian louboutin sale
coach outlet
longchamp outlet online
foamposite shoes
michael kors outlet
chanyuan2017.05.27

raybanoutlet001 said...

coach outlet
san francisco 49ers jerseys
chrome hearts
jordan 8
chicago bulls jersey
nike soccer shoes
air jordan uk
cheap nba jerseys
christian louboutin outlet
indianapolis colts jerseys