Saturday, June 16, 2007

ကျွန်မနဲ့ တောင်ကြီးခရီးစဉ်...

Andy ရဲ့ Blog ကနေတဆင့် တောင်ကြီး (သို့မဟုတ်) ချယ်ရီမြေဆိုတဲ့ Link ကို ဖတ်လိုက်ရတော့ ကျွန်မက တောင်ကြီးသူ မဟုတ်ပေမယ့် ကျွန်မ သွားခဲ့ရတဲ့ တောင်ကြီးခရီးစဉ်တွေကို ပြန်စဉ်းစားမိရင်းက ဒီစာလေးကို ရေးမိတာပါ.. ကိုယ်ပိုင် Blog မတည်ဆောက်နိုင်သေးတဲ့အတွက် ချယ်ရီမြေကိုပဲ မေးလ်ပို့ပြီး အကူအညီ တောင်းရ ပါတော့တယ်..

ကျွန်မ ပထမဆုံး တောင် ကြီးကို ရောက်ဖူးတာက ၂၀၀၄ ခုနှစ် ဧပရယ် သင်္ကြန် မတိုင်မီကပါ.. အဲဒီ့ အချိန်တုန်းက တောင်ကြီးမှာ စိန်ပန်းပြာတွေ ပွင့်နေချိန်နဲ့ကြုံပါတယ်.. ရန်ကုန်မှာ တခါမှ မမြင်ဖူးခဲ့တဲ့ စိန်ပန်းပြာကို တောင်ကြီးမှာ မြင်ရတော့ ရန်ကုန်သူ ကျွန်မအတွက် အမြင် ဆန်းသစ် နေမိပါတော့တယ်..

အဲဒီ့တခေါက် သွားတုန်းက သူငယ်ချင်း မိသားစုနဲ့အတူ သွားခဲ့ရတာ ဖြစ်တဲ့အတွက် အဲဒီ့အချိန်က ရောက်ခဲ့ရတဲ့ တောင်ကြီး ခရီးစဉ်ဟာလည်း ဒီနေ့ထိ ဓာတ်ပုံတွေ ပြန်ကြည့်မိရင် တောင်ကြီးကို သူငယ်ချင်းတွေနဲ့ သွားခဲ့ရ ပါလား ဆိုပြီး တမ်းတမ်းတတ ဖြစ်နေဆဲပါပဲ.. တောင်ကြီးမြို့အပြင် အင်းလေး ၊ ပင်းတယ နဲ့ တောင်ကြီးက တန်ခိုးကြီးဘုရား တော်တော်များများကို လည်း ကျွန်မတို့ ရောက်ဖြစ်ခဲ့ကြပါတယ်.. အဲဒီ့ ခရီးစဉ်တုန်းကတော့ ၄ ရက် လောက်ပဲ နေဖြစ်ခဲ့ပါတယ်..

ပထမတခါတုန်းက သူငယ်ချင်းတွေနဲ့ သွားခဲ့ရတဲ့ တောင်ကြီးမြို့လေးကို ကျွန်မ တသက် မမေ့နိုင်တော့သလိုပဲ အခါအခွင့် သင့်တိုင်းလည်း တောင်ကြီးကို ခရီးသွားဖို့ ကျွန်မ အမြဲပဲ စိတ်ကူးယဉ် နေမိပါတော့တယ်.. အဲဒီ့လိုနဲ့ ၂၀၀၆ ခုနှစ် မေလလောက်မှာ ကျွန်မရဲ့ ဆန္ဒပြည့်တယ်ပဲ ဆိုရတော့မှာပေါ့.. ကျွန်မ တောင်ကြီးကို နောက် တခေါက် ထပ်ရောက်ခဲ့ ပြန်ပါတယ်.. ဒီတခါကတော့ ကျွန်မ အမျိုးသားနဲ့ သွားဖြစ်တာပါ.. ကလော၊ တောင်ကြီး၊ ပင်းတယ၊ အင်းလေး ကို ပါ.. အချိန်လည်းရတော့ လည်ရတာလည်း အေးအေးဆေးဆေး ရှိပါတယ်.. နောက်ပိုင်းက အလုပ်ဆိုတာ ကိုလည်း နောက်ဆံ တင်းနေစရာ မလိုဘူးဆိုတော့ ကျွန်မတို့ ၂ ယောက် ကလောမှာ ၂ ညအိပ် ၃ ရက်နဲ့ အင်းလေးမှာ ၁ ညအိပ် ၁ ရက် ပြီးတော့ တောင်ကြီးမှာ ၂ ညအိပ် ၃ ရက် နေပြီးမှ ရန်ကုန်ကို ပြန်ပါတယ်..

ကျွန်မတို့ ဒုတိယ အကြိမ်သွားတုန်းက မွေတော် ကက္ကူဘုရားမှာ ကျွန်မ တတ်နိုင် သလောက်လေး အလှူဒါန ပြုရင်းက မွေတော်ကက္ကူ ဘုရားမှာပဲ ပြုပြင်ဖို့ ကျန်နေသေးတဲ့ ဘုရားတွေ တော်တော်များများ ရှိသေးတယ် ဆိုတာ ဘုရားဂေါပက ကနေ တဆင့် သိလိုက်ရပါတယ်.. ဒါပေမယ့် ကျွန်မတို့ ၂ ယောက်စလုံးက အလုပ်ကိစ္စနဲ့ ခရီးထွက်စရာလည်း ရှိတဲ့အပြင် ဘုရားပြုပြင်ဖို့ အလှူငွေလည်း လုံလုံလောက်လောက် မပါသွားတာနဲ့ပဲ အလုပ်ကိစ္စ ပြီးရင် တောင်ကြီးကို နောက်တခါလာပြီး မွေတော်ကက္ကူဘုရားကို ပြုပြင်ဖို့အတွက် အလှူငွေ လာလှူမယ်လို့ အဲဒီ့ကတည်းက ဆုံးဖြတ်ထားလိုက်မိ ပါတယ်...

တတိယအကြိမ် ရောက်ဖြစ်တာကတော့ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလောက်ပါ.. ၁ ညအိပ်ပြီး ၂ ရက်ပဲ ကြာပါတယ်.. ဒီတကြိမ် တောင်ကြီး သွားရတာကတော့ စောစောက ပြောခဲ့သလိုပါပဲ မွေတော်ကက္ကူဘုရားမှာ စေတီတော် ပြုပြင်ဖို့ ရည်ရွယ်ပြီး အလှူငွေပဲ သွားလှူတာမို့လို့ ၂ ရက်လောက်ပဲနေပြီး ပြန်ခဲ့ရပါတယ်..

အခုချိန်ထိလည်း တကယ်လို့များ ကျွန်မကို တစုံတယောက်က မြန်မာပြည်က ဘယ်နေရာကို လည်ချင်သလဲလို့ မေးလာရင် ကျွန်မ ကလော၊ ပင်းတယ၊ အင်းလေး တောင်ကြီး ဆိုတဲ့ တောင်ကြီး ခရီးစဉ်လို့ပဲ ဖြေမိမှာပါပဲ.. ဟုတ်ပါတယ်.. ရန်ကုန်မှာ မွေး ရန်ကုန်မှာ ကြီးပြင်းခဲ့ရတဲ့ ကျွန်မဟာ တောင်ကြီးကို သွားရရင် အရမ်းပျော် ပါတယ်.. ရှမ်းလူမျိုးတို့ရဲ့ ဖော်ရွေတဲ့ စရိုက်နဲ့အတူ ချစ်စဖွယ်နဲ့ .. ဟုတ်ကဲ့ရှင့်.. ဟုတ်ကဲ့ပါရှင့် လို့ ပြောဆိုတာ လေး ကိုလည်း နားထဲစွဲ နေပါတယ်.. နောက်ပြီး အမြဲတမ်း စိမ်းလန်းနေတဲ့ ပန်းပင်တွေရယ်၊ အေးမြတဲ့ ရာသီဥတုရယ်၊ အိမ်လေးတွေကို သပ်သပ်ရပ်ရပ် ဆောက်ထားပုံလေးတွေရယ်၊ ပူပူနွေးနွေး စားရတဲ့ ရှမ်းစာတွေရယ်က ကျွန်မအတွက် တောင်ကြီးကို ပိုပြီး စွဲမက်စေပါတယ်.. ဒီစာကို ရေးနေရင်းကပဲ နောက်တခါ တောင်ကြီးကို ဘယ်တော့လောက် သွားကြမလဲ ဆိုတာ ခင်ပွန်းသည်ကို လှမ်းမေးရင်း ... နောက်တခါ ခရီးစဉ်ဆိုရင်တော့ တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို သွားရင်ကောင်းမယ်ဆိုပြီး စိတ်ကူးယဉ်နေမိ ပါတော့တယ်။

ရန်ကုန်သူ

Note: သို့ ချယ်ရီမြေရှင့် အစချီသော Mail မှ မ ရန်ကုန်သူ ပေးပို့လာသော ``ကျွန်မနဲ့ တောင်ကြီးခရီးစဉ်...´´ ပါ အကြောင်းအရာများ ဖြစ်ပါသည်။

7 comments:

Andy Myint said...

ဒီလို Post တွေ တင်ပေးတော့ Link ရကျိုးပိုနပ်ပါတယ်။ ကျေးဇူးပါ။

Unknown said...

15922meiqing
hollister uk
mont blanc
ghd
christian louboutin outlet
nike sb
canada goose outlet
mizuno running shoes
nike huarache
adidas original trainers
air max
ray ban outlet
christian louboutin
nike running shoes
instyler max
kevin durant shoes
ugg sale
cheap versace
louboutin
kate spade outlet
fake oakley sunglasses
true religion outlet
soccer shoes
michael kors outlet online
cheap jordans
nike trainers
prada outlet
ugg boots
mulberry handbags
longchamp outlet
hollister kids

Unknown said...

ugg outlet online
winter jackets
fred perry polo shirts
timberland shoes
mlb jerseys
black friday deals
chanel handbags outlet
ray-ban sunglasses
ugg outlet
coach handbags outlet
vans shoes
louis vuitton bags cheap
coach outlet store
cheap ugg boots
michael kors outlet online
minnesota vikings
atlanta falcons
canada goose coats
canada goose outlet
nike running shoes
1112minko

xumeiqing said...

15219meiqing
ugg boots outlet
michael kors outlet
the north face
coach outlet
michael kors outlet
michael kors handbags
ugg outlet store
michael kors handbags
louis vuitton handbags
coach outlet online
fake oakleys
kevin durant shoes
jordan concords
tory burch outlet
cheap jordans
ugg boots
gucci shoes
coach outlet online
adidas originals
coach outlet
hollister kids
ugg outlet
ralph lauren polo
ralph lauren sale
toms
canada goose jackets
ugg slippers
louis vuitton handbags
instyler curling iron
ugg outlet

raybanoutlet001 said...

air max 90
cheap basketball shoes
oakley sunglasses wholesale
browns jerseys
san antonio spurs
christian louboutin shoes
ecco shoes
cheap oakley sunglasses
san diego chargers jerseys
kate spade outlet

Unknown said...

Thank you very much for sharing this very useful information, I am very happy to have found this information that I have been looking for.
visit our site

Unknown said...

This is a great post. I like this topic. This site has lots of advantage. I found many interesting things from this site. It helps me in many ways. Thanks for posting this again.more information content