Sunday, June 17, 2007

မုံတ၀ဂူသို့ တစ်ခေါက် (၃)

ကျောက်တောင်စောင်းလေး ဘေးကနေ ကျွန်တော်ခပ်သွက်သွက်လေး လျောက်လာခဲ့ရင်း သဘာဝရဲ့ အလှတရား တွေကို ကျွန်တော် ငေးလို့ မဆုံးနိုင်ဖြစ်ခဲ့ရပါတယ်။ ကျွန်တော် ဘုန်းကြီးကျောင်းကိုလဲ မြင်နေရပါပြီ။ အားကောင်းကောင်းနဲ့ စီးဆင်းနေတဲ့ ရေတံခွန်ရဲ့ အသံတွေကိုလဲ ကျွန်တော်ကြားနေရပါတယ်။ ရေရဲ့ ရနံ့၊ သစ်ပင်တွေရဲ့ ရနံ့နဲ့ အမောပြေပြောက်ခဲ့ ပါတယ်။


မုံတ၀ဂူရောက်တော့ ကျွန်တော် ထင်ထားတာထက် ပိုသာယာပြီး၊ ပင်းတယဂူလိုမျိုး လုပ်ရင်ဖြစ်နိုင်မယ်လို့ တွေးမိပါတယ်။ ဘုန်းဘုန်းက ကျွန်တော်တို့ ၂ယောက်ကို ခဏနားခိုင်းပြီး၊ ပဲကြီးလှော်နဲ့၊ ရေနွေးကြမ်း တိုက်ပါတယ်။


ဂူနဲ့ ပါတ်သက်တဲ့ အကြောင်းအရာတွေကိုလဲ ဘုန်းဘုန်းက ရှင်းပြပါတယ်။ အခု အားလုံးကို ကျွန်တော် မမှတ်မိတော့ ပေမဲ့၊ အရင်က ဂူထဲမှာ မြပ၀ါ တစ်ထည် ရှိတဲ့ အကြောင်း၊ နောက်တော့ ပျောက်သွားတယ်ဆိုတဲ့ အကြောင်း၊ ပင်းတယဂူ နဲ့ ဆက်စက်နိုင် တယ်ဆိုတဲ့ အကြောင်း စတာ ပြောပြပါတယ်။ ခိုင်လုံတဲ့ သမိုင်းကြောင်းတော့ မရှိသေးဘူးလို့ သိခဲ့ရပါတယ်။ ဂူနဲ့ ပါတ်သတ်ပြီးတော့လဲ ကျွန်တော်သိချင်တာတွေ မေးဖြစ်ခဲ့ ပါတယ်။ ဘုန်းဘုန်းကတော့ သမိုင်းစာအုပ် ထုတ်နိုင်အောင် ကျိုးပမ်းနေတဲ့ အကြောင်းပြောပြ ပါတယ်။ ဂူအတွင်းမှာ တည်ဖို့ ဆင်းထုတော်တွေလဲ ထုလုပ်နေတယ်၊ တချို့လဲ လာလှူနေကြတယ်လို့ ပြောပါတယ်။


ဘုန်းကြီး ကျောင်းကလဲ တောထဲက ကျောင်းဖြစ်ပေမဲ့ သပ်သပ်ရပ်ရပ်လေးနဲ့ ကြည်ညိုဖွယ် ကောင်းပါတယ်။ ကျွန်တော် တို့လဲ ဂူထဲဝင်ဖို့ အင်အားတွေ စုရင်း ဘုန်းဘုန်းတိုက်တဲ့ ရေနွေးကြမ်းနဲ့၊ ပဲလှော် အ၀တီးခဲ့ လိုက်ပါတယ်။ ရေနွေးကြမ်း သောက်နေတုန်း ဘုန်းဘုန်းက စာအုပ်တစ်အုပ် လာပေးပါတယ်။ ကြည့်ကြည့် လိုက်တော့ ဧည့်သည် မှတ်တမ်းစာအုပ်ပါတဲ့။ ကျွန်တော်နဲနဲ လန့်သွားတယ်။ ကိုယ်ကလဲ အဲ့ဒါမျိုး တစ်ခါမှ ရေးဖူးတာ မဟုတ်တော့ ဘာရေးရမှန်း မသိဖြစ်သွားတယ်။ သူများရေးထားတာတွေကို လိုက်ဖက်ပြီး စိတ်ထဲရှိတာ လေးတွေ ရေးပေးလိုက်တယ်။ အဲ့ဒီနောက့် ဘုန်းကြီးကျောင်းအတွက် န၀ကံမ အလှူငွေအဖြစ် ကျွန်တော့် ပိုက်ဆံအိပ်ထဲပါတဲ့ ငွေတွေအားလုံး လှူခဲ့ လိုက်ပါတယ်။ အများကြီးတော့ မပါလာခဲ့ပါဘူး။ တစ်ထောင်တန် (၃၀) မပြည့်တပြည့် ပါသလောက်လေး လှူခဲ့ရတာမို့ အားမလို အားမရတော့ ဖြစ်မိ ပါတယ်။

အမောပြေသွားတဲ့ အခါ ကျွန်တော်တို့ ဂူထဲကို ၀င်ဖို့ ပြင်ကြပါတယ်။ သီးသန့်လာခဲ့တာ မဟုတ်တော့ ကျွန်တော် တို့မှာ ဘာမှ မပါခဲ့ပါဘူး။ အထဲမှာ အလင်းရောင်မရှိတဲ့ အတွက် ဘုန်းဘုန်းဆီကပဲ ဓါတ်မီး ငှားရပါတယ်။ တခါမှ မရောက်ဖူးတော့ ကျွန်တော်တို့ (၂) ယောက်ထဲသွားရမှာတော့ ခပ်လန့်လန့်ပါပဲ။ ဒါပေမဲ့ ဘုန်းဘုန်းက သူလိုက်ပြမယ်လို့ ပြောတဲ့ အခါမှာတော့ ကျွန်တော်တို့ အားတတ်မိတာတော့ အမှန်ပါပဲ။ ဓါတ်မီး (၃)လက်နဲ့ ကျွန်တော်တို့ မုံတ၀ဂူတွင်းခရီး စခဲ့ပါတော့တယ်။ ဘုရားမြေဖြစ်တာကြောင့် ကျွန်တော်တို့ ဖိနပ်ချွတ်ထားခဲ့ လိုက်ပါတယ်။
ဂူအ၀င်လှေခါးဖြစ်ပါတယ်။

ဂူဝရောက်တော့ စေတီတစ်ဆူတွေ့ပါတယ်။ ပင်းတယဂူလိုပါပဲ အ၀ကတော့ ကျယ်ပါတယ်။ ဘုရား ဆင်းထုတော် တွေလဲ တည်ထားတာ တွေ့ခဲ့ရပါတယ်။ ပင်းတယဂူလိုတော့ အများအပြားမရှိသေးပါဘူး။

ဆင်းထုတော်ကြီး (၂) ဆူရဲ့ ညာဘက်လမ်းကနေ ဘုန်းဘုန်းက ဂူထဲ စ၀င်ဖို့ အရှေ့ကနေ ကြွပါတယ်။ အလင်းရောင် မရှိတော့တာမို့ ပါလာတဲ့ ဓါတ်မီးတွေ ထွန်းပြီး၊ ဟိုငေး ဒီငေး ကျွန်တော် အ၀ ကြည့်ရ ပါတော့တယ်။ Camera နဲ့လဲ ရမ်းပြီးရိုက်ရပါတယ်။ အလင်းရောင်မရှိတော့ Flash မီးကိုပဲ အားကိုးပြီး ရိုက်ရ ပါတယ်။ ဂူက အစမှာတော့ အေးအေးဆေးဆေး လမ်းလျှောက်လို့ ရပါတယ်။ ဘာအခက်အခဲမှ မရှိပါဘူး။

မုံတ၀ ဂူလမ်းကြောင်းက ၂ထပ်ဖြစ်ပါတယ်။ အောက်လမ်းကြောင်းက မိုးတွင်းဆို ရေစီးဆင်းပြီး သွားလို့ မရပါ။ အပေါ်ဂူလမ်းကြောင်းကတော့ ကျယ်ဝန်း ရှည်လျားပြီး အဆုံးထိ ရောက်ဖူးသူ သိပ်မရှိသေးဘူးလို့ သိရပါတယ်။ အခုကျွန်တော်တို့ ၀င်သွားတဲ့ လမ်းကြောင်းကတော့ ပင်မဂူလမ်းကြောင်းပါ။ မုံတ၀ဂူဟာ လမ်းကြောင်းတွေ များပြီး ရှုပ်ထွေးနေဆဲ ဖြစ်တဲ့ ဂူပါ။

ဘုန်းဘုန်းရဲ့ ပြောပြချက်အရ တစ်ချို့ လမ်းကြောင်း တွေက သူ့အလိုလို ပိတ်သွားပါတယ်။ အရင် က သွားလို့ ရတဲ့ လမ်းကြောင်းအချို့ ဘယ်လိုမှ ဆက်သွားလို့ မရအောင် တံခါးသဖွယ် အပြည့်ပိတ်သွားတာတွေ ရှိပါတယ်။

ပြောရမယ်ဆိုရင် ရေစီးဆင်းနေတဲ့အတွက် ဂူအရှင်လိုမျိုး ဖြစ်နေပါတယ်။ တကယ်တော့ မုံတ၀ဂူဟာ ရှည်လျှားတဲ့ ထုံးကျောက်ဂူပါ။ အထဲမှာ မီးမဆင်နိုင်သေးတာရယ်၊ လေရအောင် မလုပ်နိုင်သေးတာရယ်၊ ခက်ခဲတဲ့ အတွင်းပိုင်းလမ်းတွေကို မပြုပြင်ထားသေးတဲ့ အတွက် အရောက်အပေါက် နဲနေတာပါ။ တကယ်လို့သာ သွားလာလို့ ရအောင် အဆင့်မြင့် ပြင်ဆင်ပေးမယ်ဆိုရင် ပင်းတယ ဂူလိုမျိုး ရှမ်းပြည် တောင်ပိုင်းရဲ့ လည်စရာ နေရာတစ်ခု ဖြစ်လာမယ်လို့ ကျွန်တော်ထင်ပါတယ်။

ဂူအများစုဟာ လူတွေသွားလာ လာတာနဲ့ အမျှ သဘာဝတရားတွေ ပျောက်ကုန်ပါတယ်။ ညစ်ညမ်းကုန် ပါတယ်။ အခု မုံတ၀ဂူကတော့ သဘာဝတရားတွေ အပြည့်နဲ့ ပကတိအတိုင်း တည်ရှိနေသေးတာမို့ Adventure Trip တွေ ထွက်ချင်သူတွေအတွက် သင့်လျှော်ပါတယ်။ Oxygen, Lighting နဲ့ ကိရိယာ အစုံအလင်ယူပြီး၊ ဂူအဆုံးထိ သွားကြည့်နိုင်မယ်ဆိုရင်တော့ ထူးဆန်းတာတွေ အပြည့်တွေ့ ရမယ်လို့ ကျွန်တော်ထင်ပါတယ်။ နွေရာသီလို ခြောက်သွေ့တဲ့ အချိန်မျိုးမှာ အခွင့်ကြုံရင် အဆုံးမဟုတ်တောင်မှ တော်တော် ဝေးဝေးရောက်တဲ့ အထိ ကျွန်တော် သွားဖြစ်ဦးမယ် ထင်ပါတယ်။ လိုက်မဲ့သူများရင်တော့ ပျော်ပျော်ပါးပါး စွန့်စွန့်စားစား သွားကြည့်ချင် ပါသေးတယ်။

မုံတ၀ဂူ ခရီးစဉ်က မပြီးသေးပါဘူး။ ကျွန်တော်တို့ တွေ အထဲမှာ ဘာတွေ တွေ့ခဲ့လဲ။ ဘာတွေ ဖြစ်ခဲ့သလဲ။ ဘယ်အထိ ရောက်ခဲ့ သလဲ ဆိုတာကိုတော့...

6 comments:

Unknown said...

ferragamo outlet
cartier watches
cheap oakley sunglasses
nike blazer pas cher
oakley sunglasses uk
michael kors handbags sale
oakley sunglasses wholesale
michael kors wholesale
tiffany jewelry
replica watches
reebok trainers
ralph lauren outlet
michael kors factory outlet
ralph lauren uk
prada outlet
ferragamo shoes sale
true religion canada
fitflops outlet sale
mulberry handbags
thomas sabo outlet
michael kors sale
longchamp handbags
jordan shoes 2015
kobe shoes
oakley sunglasses
cheap oakley sunglasses
ralph lauren outlet
chaussure louboutin
true religion outlet
reebok outlet store
cartier sunglasses for men
coach outlet online
longchamp outlet
coach outlet online
burberry outlet
chanyuan0527a

Unknown said...

oklahoma city thunder So,
buffalo bills jerseys post
nike blazer pas cher So,
longchamp le pliage the
nike trainers uk animals
adidas nmd runner to
denver broncos jerseys of
cleveland cavaliers jersey the
chiefs jersey how
versace this

chenmeinv0 said...

ugg outlet
polo ralph lauren uk
nike cortez ultra
polo ralph lauren
ray ban clubmaster sunglasses
oakley vault
oakley sunglasses
ugg clearance
jordan femme pas cher
beats headphones
2017.1.22xukaimin

raybanoutlet001 said...

air max 90
cheap basketball shoes
oakley sunglasses wholesale
browns jerseys
san antonio spurs
christian louboutin shoes
ecco shoes
cheap oakley sunglasses
san diego chargers jerseys
kate spade outlet

te12 said...

qzz0726
cazal sunglasses
ray ban sunglasses
true religion outlet
supra shoes
gentle monster sunglasses
coach outlet online
nike shoes
michael kors outlet
coach outlet online
brequet wathes

Obat Keloid Menahun said...


Thank you for sharing an interesting and very useful article. And let me share an article about health here I believe this is useful. Thank you :)

Obat Alami untuk Menghentikan Menstruasi Berkepanjangan

Cara Mengobati Konjungtivitis (radang mata) secara Alami