Monday, June 25, 2007

သတိရမိသည်

အမြင့်မှာနေလို့ပါ

တောင်ကြီးသား ရှမ်းလေးကို သူငယ်ချင်းများက ၀ိုင်းစကြသည်။

မင်းကဘုရားစူးရှမ်းပဲ။အသားက မည်းလိုက်တာလွန်ရော။မင်းက ကိုယ့်ကိုကိုယ်

ရှမ်းလို့ပြောလို့သာယုံရတယ်ဟု ပြောလေသည်။ ထိုအခါ

ကျွန်တော့်ရှဲ့ဇာတ်လိုက်ကျော်က အားကျမခံပြန်ပြောလိုက်တာက

မဲမှာပေါ့ကွ၊ပင်လယ်ရေမျက်နှာပြင်အထက် (၄၇၁၂)ပေမှာနေတာလေကွာ၊

နေနဲ့ပိုနီးတယ်တဲ့လေ။



ရိုးသားဖော်ရွေ တို့ရှမ်းမြေ


တောင်ကြီးသား တစ်ယောက်အနေနဲ့ ကိုယ့်မွေးရပ်မြေ တောင်ကြီးနဲ့ ပါတ်သတ်တဲ့ အမှတ်တရတွေ အများကြီးရှိပါတယ်။ ဘာတွေလဲပြောဆိုရင်တော့ တော်တော်ခက်ပါသည်။ထို့ထက်ပို၍ စာရွက်ပေါ်ရေးချဆိုလျှင် ပိုဆိုးသည်။ကြိုးစားပြီးရေးမယ်လို့ ဆုံးဖြတ်တော့ ကိုယ့်ရပ်ရွာရဲ့ ချစ်ဖွယ်ကောင်းတဲ့ ဓလေ့စရိုက်လေးကို ရေးဖို့ဆုံးဖြတ်မိပါတယ်။

တောင်ကြီးသား ဖြစ်ရတာကို ဂုဏ်ယူသည်။ ဘာကြောင့်လဲလို့ မေးပြန်ရင်လည်း ဖြေရခက်ပြန်သည်။ တောင်ပေါ်သူ၊တောင်ပေါ်သားတွေက ရိုးသားကြတယ်လို့ ကြားတာနှင့်ပင် ပီတိ ဖြစ်ရသည်။ အားလုံးလက်ခံထားသည်မှာ တောင်ပေါ်သူ၊တောင်ပေါ်သားတွေက ရိုးသားဖေါ်ရွေသည်လေ။

အကြောင်းမဲ့တော့ဒီစကားက ပေါ်လာတာ မဖြစ်နိုင်ပါ။မှတ်မှတ်ရရ ကျွန်တော် အလုပ်ကိစ္စနှင့် မန္တလေးကို သွားရသည်။အပြန် ကျွန်တော် ကားကြီးကွင်းကိုရောက်တော့ မန္တလေး-တောင်ကြီး တိုက်ရိုက်လက်မှတ်များက ကုန်နေ၍ မန္တလေး-မိထ္ထီလာ၊မိထ္ထီလာ-တောင်ကြီး နှစ်ဆင့်စီးဖြစ်သည်။ကားတွေကလည်းအချိန်နှင့်ထွက်ရ၍ လူပြည့်ရန်အလုအယက် ခေါ်ကြသည်။ထိုအချိန်က မန္တလေး-မိထ္ထီလာ ကားခက (၅၀၀)ကျပ်။ လူခေါ်တဲ့သူကလည်း (၅၀၀)၊ခဏလေးနေရင် ထွက်တော့မှာ ဟု ပြော၍ တက်ဖြစ်သည်။ ကားထွက်ခါနီးကျတော့စပယ်ယာက ကားခကို(၇၀၀) ကောက်သည်။ကျွန်တော်တို့က ခုနက (၅၀၀) ပြောလို့လိုက်တာလို့၊အခုမှဘာလို့(၇၀၀) ဖြစ်သွားတာလဲလို့မေးတော့ (၇၀၀) ပဲတဲ့၊ လိုက်ချင်လိုက်၊ မလိုက်ချင်နေတဲ့လေ။ ဒါနဲ့ကျွန်တော်တို့က ပိုက်ဆံ (၂၀၀) ပိုပေးရလို့ ဘာမှမဖြစ်ဘူးလို့။ လူလည်ကျတာ မခံနိုင်လို့ဟုပြောပြီး ကားပြောင်းစီးဖြစ်သည်။မိထ္ထီလာရောက်တော့ကားပြောင်းရသည်။ရှမ်းပြည်ရဲ့ အရိပ်ကို မ၀င်ခင်ကတည်းက အေးချမ်းမှုကိုခံစားရလိုက်သည်။ရိုးသားဖော်ရွေတဲ့ ဆက်ဆံရေးကြောင့်လား မပြောတတ်တော့ပါ၊ကျွန်တော့်ဖြစ်ရပ်နှင့်ခပ်ဆင်ဆင်ဖြစ်ရပ်မျိုးလည်း ခင်ဗျားတို့ ကြုံခဲ့ဘူးမယ် ထင်ပါတယ်။ ကျွန်တော်ပဲမကြားလို့လား။ကျွန်တော်တို့ရပ်ရွာကပြန်လာပြီးအလားတူ ကြုံခဲ့ဘူးတဲ့သူများ ရှိနိုင်မလား။ ကျွန်တော့်ရည်ရွယ်ချက်က တောင်ပေါ်သူ၊ တောင်ပေါ်သားတွေရဲ့ဖော်ရွေမှုကို ဖော်ပြလိုသည့် သဘောသာ ရှိပါသည်။

တောင်ပေါ်သူ၊ တောင်ပေါ်သား တို့ရေ...ကိုယ့်ကြောင့် ကိုယ့်ရပ်ရွာ၊ ကိုယ့်ဒေသ အပြော မခံရအောင် နေကြပါနော်........
ိ

4 comments:

Ko Myo said...

အမြင့်မှာနေတဲ့ရှမ်းဆိုတာ ငါ့ကိုစောင်းပြောတာလားကွ။
သေချာပေါက်ရှမ်းသွေးပါပါတယ်ဆို။

ကျော်စွာ said...

ကိုမျိုး..သူက ခင်ဗျားကို မသိဘူးထင်တယ်..သူ့ကိုသူ ပြောတာဖြစ်လိမ့်မယ်...

kyawt said...

ကိုနေလင်း....
carry on!!!!!
တောင်ကြီးအကြောင်းတွေများများရေးပါ
ဘာရေးရေးအားပေးမယ်ဗျို့

ရှမ်းလေး said...

ကဲ.......တောင်ကြီးအကြောင်းပြောရင်ဒို.လဲပါမယ်ဝေး...........ရေးသာရေးကိုနေလင်းရေအားပေးနေတယ်.ဆက်လုပ်ဆက်လုပ်