Wednesday, June 20, 2007

သော်တာလင်း

ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်တုန်းက တောင်ကြီးမြို့ မှာ သော်တာလင်းဆိုတဲ့ လက်ဖက်ရည်ဆိုင် ရှိခဲ့တယ်။
ညတွေမှာဆို လူငယ်တွေနဲ့ ဝေစည်နေတာပေါ့။
ကျွန်တော်တို့ စတိတ်ကျောင်းသား ဘ၀ကနေ ကောလိပ်ကျောင်းသားဘ၀ အထိညတိုင်း ဘော်ဒါတွေနဲ့ တရုန်းရုန်းပေါ့။
ညညဂစ်တာတီးဖြစ်တဲ့ ညတွေဆိုလည်း အဲ့ဒီကနေစုပြီးသွားကြတယ်။
နောက်ပြီးအဲ့ဒီကနေပဲ သူငယ်ချင်းအသစ်တွေ အများကြီးရခဲ့တယ်။
ဆိုင်ရှင် ကတခါတလေဆိုရင် တအားရွတ်တယ်။ကျွန်တော်တို့ကို။
လေးဖြူဖွင့်ခိုင်းရင် ကုလားသီချင်းဖွင့်လိုဖွင့်။ ထူးအိမ်သင်ဖွင့်ခိုင်းရင် မြန်မာ့ သီချင်းကြီးဖွင့်လိုဖွင့်နဲ့။
ကိုပေါက်လို့ခေါ်တယ်။အမှန်တကယ်က စိတ်ရင်းကောင်းပါတယ်။
သူ့ဆိုင် အနောက်မှာဖွဲအိတ်တွေထားတဲ့ဂိုထောင်ထဲဆိုရင် ကျွန်တော်တို့ ၀င်ဝင်အိပ်ကြတယ်။
သူငယ်ချင်းတွေနဲ့ မဟုတ်တာတွေ သုံးစွဲပြီးတော့လေ။
သူငယ်ချင်းတွေအားလုံးရဲ့ ဘ၀တွေဟာလည်း ငယ်တဲ့ အရွယ်ဆိုတော့ အဖြူထည်တွေချည်းပဲ။
အခုတော့ သူငယ်ချင်းတချို့ ကအဝေးကြီးကိုရောက်၊တချို့ ကလမ်းခုလတ်ကနေကျောင်းပြီးအောင်မတတ်နဲ့၊
ကျွန်တော်ကတော့အခုထိ ဝေးလည်းမဝေး၊နီးလည်းမနီး။ဘာမှလည်းဖြစ်မလာပဲနဲ့
အဲ့ဒီတုန်းကအချိန်နဲ့ သော်တာလင်းကို အဓိပါယ်ရှိရှိလွမ်းဆွတ်တမ်းတနေပါတယ်။
ကိုမျိုး

3 comments: