Sunday, June 10, 2007

အတွေးညနေ

ညနေခင်းတွေကိုအရမ်းနှစ်သက်မိတာ ကလေးဘ၀ကနေအခုချိန်ထိပဲပေါ့။
ဒါပေမယ့်
.့ခြွင်းချက်အနေနဲ့  မြို့  ပြရဲ့  နေ၀င်ချိန်တွေကို တော့ သဘောမကျမိပါ။

အဲဒီတုန်းကတော့ ကလေးတစ်ယောက်ရဲ့  အတွေးပေါ့လေ…….
နေ၀င်တယ်ဆိုတာ အနောက်ဘက်တောင်တန်းတွေဆီကို ၀င်သွားတယ်လို့ ထင်ခဲ့တာ၊
ကမ်းရိုးတန်း ဒေသတွေမှာတော့ နေကပင်လယ်ဆီကိုဝင်သွားမှာ ပေါ့၊
အင်း
..ဒီလိုဆိုရင် မြို့  ပြမှာတော့ နေကတိုက်တွေရဲ့  အနောက်ကို ၀င်သွားမယ်ထင်တယ်..

အခုလို တောင်ပေါ် မြို့  လေးရဲ့  ညနေတွေကိုတော့ အချစ်ဆုံးပေါ့။
တစ်ယောက်တည်းအဝေးကိုငေးရင်း၊ စိတ်ဦးတည့်ရာတွေးရင်း ကုန်ဆုံးခဲ့တဲ့ ညနေတွေလည်း အများကြီးပါပဲ။
တစ်ခါတစ်လေစိတ်ကူးထဲမှာ တိမ်တွေလိုလွင့်မျောရင်း လိပ်ပြာတစ်ကောင်လိုပျံသန်းလို့
မိုးကုတ်စက်ဝိုင်းရဲ့  အစွန်းတစ်ဘက်ကို အလည်သွားခဲ့ဖူးတယ်။
တစ်ခါတစ်လေကျတော့လည်း စိတ်ထဲအလိုလိုရောက်လာတဲ့ သီချင်းတွေကို ညည်းရင်းနဲ့ ပေါ့၊
စိတ်ထဲ ကို အများဆုံးရောက်လာတတ်တာက ကိုအယ်ဖြူ ရေးတဲ့ သီချင်းတွေ
.
နေညိုချိန်ဖျော့တော့တော့အလင်းနဲ့ သူ့သီချင်းတွေက အချိုးညီနေသလိုခံစားရတယ်။
ဒါပေမယ့်
.သူ့သီချင်းတွေထဲက နေ၀င်ချိန်၊ မတည်မြဲမှုနဲ့ ဝေးလွင့်ခြင်းရဲ့  အကြောင်းတွေကပဲ သူ့ဘ၀ကို နေ့တာတိုစေတာလား ..

အဝေးဆီမှာ လွင့်မျောလို့နေတဲ့ တိမ်စိုင်လေးရယ်
မြင်နေဆဲမှာ လွင့်ပျောက်ကွယ်
………………..

တဖြေးဖြေးကွယ် မှုန်ဝါးဆဲ ကြည့်နေစဉ်မှာပဲ
လွင့်ပျောက်ကွယ်
………………….

သြော်……..နေညိုချိန်သီချင်းတစ်ချို့  မဆုံးခင်မှာပဲ အလင်းပျောက်ခဲ့ ပြီလေ။