Friday, June 8, 2007

ပါမိုးနဲ

ဆောင်းရာသီရဲ့  ချမ်းအေးတဲ့ နေ့တစ်နေ့မှာ...ကျွန်တော့် သူငယ်ချင်းတစ်စု မမျှော်လင့်ဘဲ ရောက်လာသည်။
ကျွန်တော် ...."ဟား လူစုံလှချည်လား ၊ ဘယ်သွားမှာလဲ ?"
သူငယ်ချင်း.... "မေးမနေနဲ့ မင်းမရောက်ဖူးသေးတဲ့ နေရာသွားမှာ"
ကျွန်တော်.... "ရှုပ်ရှုပ် ယှက်ယှက် ဆို ငါ မလိုက်ဘူးနော်....."
သူငယ်ချင်း..."လိုက်မှာ သာလိုက်စမ်းပါကွာ" လို့ ပြန်ပြောသည်။
ဒီလိုနဲ့ ကျွန်တော်က သူတို့ လာခေါ်သော ဆိုင်ကယ်ပေါ်တက်ထိုင်လိုက်သည်။..............
အစက သူတို့ ဦးတည်ရာ အရပ် ဘယ်ကိုမှန်း မသိသော်လည်း...တစ်အောင့်လောက်ကြာသော အခါ..ပင်စိမ်းကုန်းသို့ သွားသော ကားလမ်းပေါ်ရောက်လာသည်။ ကျွန်တော်က ဘာစကားမှ မဆိုမိဘဲ..တိတ်တဆိတ် ထိုင်လိုက်လာသည်။ "ငါဒီဘက်ကို မရောက်ဖြစ်တာ တော်တော်ကြာပြီ..." လို့ စိတ်ထဲမှာ တွေးနေမိသည်။...သွားရင်းနဲ့..ကျွန်တော့် မျက်စိကို မယုံနိုင်အောင်ဖြစ်လာသည်။ ကျွန်တော်က သူငယ်ချင်းကို လှမ်းပြောလိုက်သည်။...
ကျွန်တော်..."ဒီနေရာမှာ အရင်တုန်းက တိုက်ကောင်းကောင်းတွေ မရှိပါဘူး "
သူငယ်ချင်း..."ဟုတ်တယ်...ဒီဘက်မှာ တိုးတက်လာတာ မယုံနိုင်စရာဘဲ"
သူငယ်ချင်း..."လမ်းတွေလည်း ကြည့်ပါလား"
သူပြောမှ ကျွန်တော်သတိထားမိသည်။...အရင်တုန်းက ဒီနေရာမှာ လမ်းသိပ်မကောင်ဘူး ...
တဖြည်းဖြည်း သွားရင်းနဲ့ ၁၀ မိနစ်လောက် ကြာသောအခါ..ကျွန်တော် တစ်ခါမှ မရောက်ဖူးသောနေရာကို ရောက်လာသည်။...လမ်းက တဖြည်း ဖြည်း ကြမ်းလာသည်။ ကျွန်တော်သူငယ်ချင်းက ဆိုင်ကယ်ကို သတိနဲ့ ထိန်းမောင်းနေသည်။ကျွန်တော်က အနောက်က ထိုင်လိုက်လာတော့ ငေးချင်တာငေးလို့ရသည်။.....ရုတ်တရက်..ညာဘက် ကို ကြည့်လိုက်တော့...ဘုန်းကြီးကျောင်း တစ်ကျောင်းကို တွေ့လိုက်ရသည်။....နောက် သေချာ ကြည့်လိုက်တော့..."ပါမိုးနဲ ဘုန်းကြီးကျောင်း" တဲ့....
ပါမိုးနဲ ဘုန်းကြီးကျောင်းကို အတန် ကျော်လာသော အခါ ကျွန်တော့် သူငယ်ချင်းများက ဘယ်ဘက် သို့ ကွေ့  လိုက်ပြီး...ဆိုင်ကယ်ကို ရပ်လိုက်သည်။ တိုက်ပုလေးတစ်လုံးနဲ့..နှစ်ထပ်တိုက် တစ်လုံး တွဲဆောက်ထားသော ခြံဝင်းလေး ဖြစ်သည်။...တိုက်ပုလေး အတွင်းသို့ ကျွန်တော် ကြည့်လိုက်တဲ့အ ခါ...
စားပွဲဝိုင်း ၃ ၀ိုင်းကို တွေ့  လိုက်ရသည်။.....ထိုတိုက်ပုလေးထဲ ကို ဘဲ ကျွန်တော်တို့ ၀င် လိုက်သည်။...အထဲ ရောက်သော အခါ..ပအို(၀်) အမျိုးသမီး..၂ ယောက်ကို တွေ့  လိုက်ရသည်။.....ကျွန်တော်သူငယ်ချင်းက ..
"အမိုး..၀က်သားကြော်...၃ပွဲ...နဲ့ ...၂မြူ ပေးလို့ ပြောလိုက်သည်။...ထိုအခါမှ ကျွန်တော် သဘောပေါက်သွားသည်။.....ဒီလိုနဲ့ ကျွန်တော် တို့ အချိန်အတော် ကြာ စကားပြောဖြစ်သည်။ ငြင်းခုန်ကြသည်။.....အိမ်အပြန်လမ်းမှာ တောင်ကြီးမြို့  ရဲ့  ဆောင်းရာသီ ထုံးစံအတိုင်း..မြူ ခိုးများ ရီဝေ လွမ်းခြုံနေသည်။

p.s
တောင်ကြီးမြို့  ရဲ့  အေးချမ်းတဲ့ ရာသီမှာ သူငယ်ချင်းများနဲ့ အတူ..မျှဝေခံစားဖို့ အတွက်...

2 comments:

Sai Linn Thu said...

ငါလည်းလိုက်ချင်လာပြီ....

ကျော်စွာ said...

ပြန်ရောက်ရင် တောင်ကြီး..လာခဲ့ဗျာ.. ရှယ်နေရာတွေလိုက်ပို့ ပေးမယ်.........