Tuesday, July 31, 2007

အတိတ်က အမှတ်တရများ

လူတော်တော်များများက တက္ကသိုလ်ဘ၀ကို ပြန်ပြောင်း အောက်မေ့လေ့ ရှိကြပေမယ့် ကျမကတော့ တက္ကသိုလ် ကျောင်းသား ဘ၀ထက် အထက်တန်း ကျောင်းသား ဘ၀ကို အလွမ်း ပိုမိပါတယ်။

ဘယ်ကျောင်းကလဲလို့ မေးရင် ထ (၄)က လို့ အမြဲ ဂုဏ်ယူစွာ ပြောနိုင်အောင်ပဲ တောင်ကြီး အ.ထ.က (၄) က တောင်ကြီးမြို့ ဂုဏ်ဆောင် ကျောင်းတစ်ကျောင်း ဆိုရင် မမှားဘူး ထင်ပါတယ်။

အ.ထ.က (၄) ရဲ့ ကျောင်းတော်ရိပ်ကို ငါးတန်းကျောင်းသူ အဖြစ်နဲ့ စတင် ခိုလှုံခဲ့တယ်။ အလွန်စည်းကမ်းကြီးတဲ့ ကျောင်းအုပ် ဆရာမကြီး ဒေါအေးချစ်ကို အရင်ဆုံး သိခဲ့ရတယ်။ ဆရာမကြီး ကျောင်းတစ်ပါတ် လှည့်ကြည့် လိုက်ရင် ကျောင်းကြီး တစ်ကျောင်းလုံး အပ်ကျသံတောင် မကြားရအောင် တိတ်သွားခဲ့တယ် ဆိုရင် ဘယ်လောက် စည်းကမ်းကြီးတယ် ဆိုတာ မှန်းကြည့်လို့ ရမှာပါ။

တောင်ကြီးမှာ ကျောင်းတက်ရတာနဲ့ တခြားမြို့တွေမှာ ကျောင်းတက်ရတာနဲ့ အဓိက ကွာခြားချက်ကိုတော့ တန်ဆောင်တိုင် ရောက်တိုင်း မေ့နိုင်ကြမှာ မဟုတ်ပါဘူး။ တန်ဆောင်တိုင်နား နီးရင် တောင်ကြီးက ကျောင်းသားတွေကို ဘယ်လိုမှ စာကျက်ခိုင်းလို့ မရတော့လို့ ဆရာမအားလုံး စိတ်ညစ်ကြရတယ်။ အားလုံးရဲ့ စိတ်က ဘုံကထိန်ဆီ ရောက်နေပြီလေ။ အားလုံးက ဒီတစ်နှစ် ဘာအရုပ် ချိုးမယ်။ တစ်ခြားကျောင်းထက် ဘယ်လို သာအောင် လုပ်မယ်ဆိုတာ နေ့မအား ညမအား စဉ်းစားနေကြတယ်။ ဘုံကထိန်က အတန်းထဲက ကျောင်းသားတွေကို ပိုပြီး စည်းလုံးစေခဲ့တယ်။ ဒီလို အတွေ့ အကြုံမျိုးကို တခြား ဘယ်မြို့က ကျောင်းသားမှ ရနိုင်မှာ မဟုတ်ဘူးလို့ ကျမထင်တယ်။

ချယ်ရီဆိုလို့ ကျမ မှတ်မိသလောက် ၆တန်း ၇တန်းလောက်အထိ ကျောင်းထဲမှာ ချယ်ရီပင် အချို့ ရှိခဲ့တယ်။ ချယ်ရီပန်းတွေ ပွင့်ချိန်ရောက်ရင် ဆရာမတွေကော ကျောင်းသားတွေပါ ချယ်ရီပန်းတွေ အလုအယက် ခူးခဲ့ကြဖူးတယ်။ နောက်ပိုင်းတော့ အမှုမဲ့ အမှတ်မဲ့ ဖြစ်သွားခဲ့ပါတယ်။ ကျောင်းဝင်းထဲမှာ ချယ်ရီပင်တွေ ရှိသေးလားဆိုတာ အခုမှ ပြန်စဉ်းစားမိတယ်။

P.S ကျောင်းရဲ့ပုံကို တင်ပေးချင်ပေမယ့် ကျောင်းနဲ့ ဝေးတဲ့ တစ်နေရာမှာ ရောက်နေလို့ မတင်ပေးနိုင်လိုက်ဘူး။

4 comments:

yma said...

ဟုတ်တယ် MaThinZar ရ..

ကျွန်တော်လဲ ကျောင်းသားဘ၀ကို ခဏခဏ ပြန်တွေးမိတာပဲ.. အမှတ်တရတွေ အများဆုံး ရှိခဲ့တဲ့ နေစွဲတွေလေ.. သင်ယူခြင်းတွေ၊ လေ့လာခြင်းတွေနဲ့ ပျော်ဖို့ အရမ်းကောင်းတာပဲ..

ငယ်ငယ်က ကျောင်းသားဘ၀ဆိုတာ အခုနဲ့ တစ်ခြားစီပဲလေ.. ဖြူဖြူစင်စင်၊ သန့်သန့်ရှင်းရှင်းနဲ့.. မိုးတွေရွာရင် ကျောင်းဝတ်စုံလေးကို အရမ်းသတိရတယ်.. ဆုံးရှုံးသွားတဲ့ ပြန်မရနိုင်တာတွေကို လွမ်းတယ်.. ကျောင်းကြီးကို သတိရတယ်.. ကျောင်းဝတ်စုံဝတ်ထားတဲ့ ငယ်ငယ်က သူငယ်ချင်းတွေကို သတိရတယ်.. အားလုံးကို သတိရတယ်.. ပြောရင်းတောင် သတိရလာပြီ.. :)

ပထမဆုံး ပို့စ်အတွက် ၀မ်းမြောက်စွာ ကြိုဆိုပါတယ်ခင်ဗျာ.. နောက်ထက် ရေးမဲ့ ပိုစ့် တွေကို မျှော်နေပါ့မယ်..

Sai Thein Than Tun said...

that reminds me of my childhood too, coz i am also from state 4. ur post kinda make me participate in this blog.
Thanks anyway for the post.
May be i could try posting the school's foto.

khunaung said...

သဉ္စာကို ကျေးဇူးအများကြီးတင်ပါတယ် အထက(၄) ကျောင်းထွက်ဆိုတော့ အတူတူပပြေါ့ သဉ္စာ မှတ်မိသေးလားတော့ မသိဘူး အ.ထ.က(၄)ကို မုဆိုးဖိုကျောင်း အ.ထ.က(၃)ကို မုဆိုးမကျောင်းလို့ နာမည်ပြောင်မှည့်သေးတယ်လေ

များများထပ်ရေးပေးပါအုံး

ခွန်အောင်

raybanoutlet001 said...

lions jerseys
oklahoma city thunder jerseys
ferragamo outlet
new york jets jerseys
nike huarache
clippers jersey for sale
coach outlet store online
true religion outlet
coach outlet online
golden state warriors jerseys